အညာတမာအလွမ်း

“အညာတမာအလွမ်း “
ဟိုးကလေးဘဝ ငယ်ငယ်တုန်းကပါဗျာ။
“တမာတောမှာပျော်တယ်ဆိုတဲ့ မောင်ရေ မောင်ရေ
အညာမြေကိုမေ့လို့လား
အညာသူလေးကိုမေ့လို့လား ခွဲခွဲခြားခြား ပြောပါမောင်ရေ……………”
ဆိုတဲ့သီချင်းများကြားမိရင်
ဘယ်လွမ်းလို့ လွမ်းရမှန်းမသိ
ခုထိတောင်သတိရနေပါသေးတယ်။


တမာပင်တွေလွှမ်းတဲ့ မန်းမြေက
မာဇူးဆိုတဲ့ တက္ကသိုလ်ကျောင်းသားဘဝမှာ
မိန်းအဝင်ဝကတမာလမ်း
အင်းဝဆောင်နံဘေးက တမာလမ်း
သစ္စာရှေ့က တမာလမ်း
မြတမာရှေ့ကတမာလမ်း
ချစ်သူနဲ့လမ်းလျောက်နေရင်း
“တမာမြေကိုရောက်တဲ့ရှမ်းကလေးကျောင်းမှာခင်ကြတာ
အစဉ်ပါကွယ်ပွင့်လင်းကြတယ်ဟန်ပန်တွေမလုပ်သူူူ”
ဆိုတဲ့သီချင်း ရင်ထဲကို ထိရှ
ခုထိတောင်နားထဲကြားနေပါသေးတယ်။


အသက်အရွယ်ရလာ
ဘဝမှာခံရတာတွေလဲ မျာများလာပြန်တော့
“မောင်တို့အညာမှာ တမာပင်တန်းတွေနဲ့
………………………………………………”
အညာမိတဲ့အညာသား သီချင်းများကြားရင်
အညာအချစ်တွေနဲ့ ပစ်သွားသူကို သတိရ
မနေ့တနေ့ကများ ဖြစ်ခဲ့သယောင်ယောင်
ခုထိတောင်ရင်ထဲမှာ နာနေဆဲပါဘဲ။

မနေ့က
မြေနီနီ လွှမ်းတဲ့ တမာပင်တန်းလေးနားကို
အမှတ်တမဲ့ဖြတ်အလျောက်
ဖျောက်ကနဲကြွေကျလာတဲ့
တမာပန်းဝါဖြူဖြူတွေဆီကရတဲ့
တမာရနံ့လေးတွေခေါ်သွားလို့
ပြန်မရတော့ဘူးလို့ထင်ရတဲ့
အတိတ်ဘဝကိုတောင်
အလည်ခဏ ရောက်သွားပါသေးတယ်။
အော်………………………..
ပြန်ပြန်တွေးမိတော့
လွမ်းလိုက်တာ အေရယ်။
လွမ်းလိုက်တာ အေရယ်။
လွမ်းလိုက်တာ အေရယ်။
လွမ်းလိုက်တာ အေရယ်။
လွမ်းလိုက်တာ အေရယ်။
ကိုပေါက်လက်ဆောင်အတွေးစဉ်ကဗျာ
13-3-2013
18 comments
ခင်ခ
March 15, 2013 at 11:08 am
ဪ အလွမ်းမင်းသားကြီး ကိုကိုပေါက်ပေါ့နော်။
ကျွန်တော်လည်းလွမ်းချင်တယ် ဘာလွမ်းရမှန်းမသိဘူး၊ အလုပ်မဖြစ်လို့ ပိုက်ပိုက်နဲ့ လွဲသွားတာကိုဘဲ လွမ်းနေမိတယ်ဗျာ။ အင်း ပိုက်ပိုက်ရယ် လွမ်းလိုက်တာဗျာ။
ဗုံဗုံ
March 15, 2013 at 12:29 pm
ဟယ် လေးခရဲ့ ငယ်ငယ်က ရည်းစားဟောင်းနာမည်က ပိုက်ပိုက်ပေါ့နော် နာမည်လေးက လှလိုက်တာဟယ် ဦးလေးကြီး လျှိုထားတယ် ပြောမပြဘူး ခုတော့သိပြီ :harr:
ကိုပေါက်(မန္တလေး)
March 15, 2013 at 11:38 am
ကိုခရယ်
ကိုခပိုက်ပိုက်နဲ့လွဲတာပိုလွမ်းပါတယ်။
ပိုက်ပိုက်နဲ့မလွဲရင်ပွဲဖြစ်မှာသေချာပေါက်မုို့ဗျာ။
Myo Thant
March 15, 2013 at 12:20 pm
နံပါတ် ၅
ချိုးကွေ့သွားတဲ့လမ်း
အဲဒီ တမာလမ်းမှာ
နှစ်ဖြာလှမ်းကာ
အသာ နမ်းလိုက်
ထိုအခိုက်ဟာ
မေ့ရက်စရာမှ မဟုတ်တာကွယ် ၊
ဗုံဗုံ
March 15, 2013 at 1:50 pm
အဲ့ဒီယောက်ခမဂျီးဟာလေ တမာလမ်းမှာ ခရမ်းသီးခြောက်တွေ မလှမ်းရပါဘူးလို့ ပြောထားရဲ့သားနဲ့ နှစ်ဖျာကြီးများတောင် လှမ်းထားတယ်တော် ကဲ အခုတော့ စည်ပင်က သိမ်းသွားပြီ မှတ်ကရော :harr: :harr:
Myo Thant
March 15, 2013 at 2:56 pm
သူလုပ်မှပဲ စိတ်ကူးယဉ်မိသမျှ ကုန်ပါရောလားကွယ်
ကိုယ့်ဟာကိုယ် နွားကျောင်းချင်ကျောင်း
ကောင်းကောင်းကိုခေါ်မသွားရ
ပုံ
ယောက္ခမဂျီး
ဗုံဗုံ
March 15, 2013 at 12:38 pm
မျက်နှာမှာ သနားခါးတွေ ဖွေးနေအောင်လိမ်း ပေါက်ပန်းတွေ ခေါင်းမှာပန် ထန်းရေအိုးကို လက်ကကိုင် တမာပင်ခွကြားမှာထိုင်ပြီး ” မျက်လုံးဖွင့်ပြီး အိပ်ကြည့်စမ်းပါ “ဆိုတဲ့သီချင်းကို အော်ဆိုချင်လိုက်တာကွယ်

ဟောဒီ ဖေပေါက်ကလည်း လွမ်းစရာတွေဘဲ ပေးတယ်တော် အလွမ်းပြေစရာရှာပေးပါဆိုနေတဲ့ဟာကို ခုထိတုတ်တုတ်မှ မလှုပ်ဘူး စိတ်ညစ်တယ် ရွာပြန်ပြီး နွားကျောင်းတော့မယ်ကွယ်
ကိုပေါက်(မန္တလေး)
March 15, 2013 at 1:06 pm
ဗေးကလုံ အဲလိုသာ ဆိုလိုကတော့ သူရဲခြောက်တယ်မှတ်ပြီးပြေးကြမှာသေချာပေါက်ဘဲ။
Mr. MarGa
March 15, 2013 at 2:12 pm
တမာ……..တမာ
အညာနဲ့ ခွဲမရတဲ့ တမာ
လေးပေါက်ရေ
တမာရွက်နုလေးတွေကို ငါးပိချက်နဲ့ တို့စားချင်လိုက်တာဗျာာာာာာာာာာာာာာာ
:hee:
ဗုံဗုံ
March 15, 2013 at 2:16 pm
တော်တော် ငတ်ပြတ်နေတဲ့ သဂျားပါတကား :kwi:
ကိုပေါက်(မန္တလေး)
March 15, 2013 at 9:53 pm
ကောင်ဂလေး ကောင်ဂလေး တမားရွက်ကို မတို့နဲ့
တမားရွက်ကို မတို့နဲ့
နောက်ကျောတက်လို့သေလိမ့်မယ်
နောက်ကျောတက်လို့သေလိမ်မယ်
မောင် ပေ
March 15, 2013 at 7:39 pm
နောက်တစ်ခေါက်ကြရင်
ယူအက်ဖ်အယ်လ် မြောက်ဘက် က ဓမ္မာရုံ ဘေးမှာ သွားရိုက်ပါဗျို ့
အချိန်ကတော့ ညနေ ၅နာရီ ပတ်ချာလည်လောက်ပေါ့
အဲဒီမှာ လွမ်းကြမယ့် လူတွေ ၂ယောက်စီ တောခိုနေကြတာကလား
အလင်းဆက်
March 15, 2013 at 9:23 pm
လှလိုက်တာ လေးလေးရေ…
နေဝန်းနီ
March 15, 2013 at 9:25 pm
မာဇူးက မမရေ မာဇူးကမမ xxx ရာဇူးက မမရေ မာဇူးကမမ
ကိုင်ဇာက ရာဇူးလို့ ဆိုသွားလို့ နေဝန်းနီတို့က ကိုယ်တက်နေတဲ့ မာဇူးလို့ ပြောင်းအော်ဆိုတာ …… ကျောင်းသားဘဝ (ဘယ်တော့မှပြန်ရမှာသေချာ လို့ ) လွမ်းလိုက်တာ ….။ ကိုပေါက်ရေ………ကျွန်တော်မန္တလေးမှာကျောင်းတက်နေတုန်းက တွေ့ကြရမှာ ခုတော့ လွမ်းစရာတွေ ဖြစ်ကုန်ပြီနော်
ကိုပေါက်(မန္တလေး)
March 16, 2013 at 9:29 am
သေချာတာတစ်ခုက ကိုနေနဲ့ကျနော်သာ တက္ကသိုလ်ကျောင်းသားဘဝကသာဆုံမိရင်
နှစ်ယောက်လုံးကျောင်းမပြီးမှာသေချာတယ်
padonmar
March 15, 2013 at 11:00 pm
အာအိုင်တီကမမ ရောပါလားအဘနီ။
ကျမ မာဇူးက တမာတန်းမှာ တစ်လလောက် နေခဲ့ဖူးတယ်။
ညဆို တမာပန်းနံ့လေးသင်းနေတာ သိပ်သဘောကျလို့ တမာပင်စိုက်ထားတယ်။
MaMa
March 16, 2013 at 7:07 am
အာအိုင်တီကမမကတော့ ဘိုးဘွားရိပ်သာရောက်နေလို့…..
မလွမ်းတတ်တော့ဘူး။ :harr:
ကိုပေါက်(မန္တလေး)
March 16, 2013 at 9:35 am
ကျနော်ငယ်ငယ် မြစ်ငယ်မြို့က မီးရထားလိုင်းခန်းမှာနေတုန်းက တမာပင်တွေပါတ်လည်ဝိုင်းနေတာ။
မွှေးနေတာဘဲ.
ငယ်ငယ်က ကျနော်နေခဲ့တဲ့တန်းလျားကို ဓါတ်ပုံသွားရိုက်အုံးမယ်ဗျာ။
ကလေးတုံးက တမာသီးမှည့်တွေနဲ့စစ်တိုက်တမ်းကစားကြတာ။
သတိရသွားပြီ။