လုပ်စားလို့ရမယ့်နေရာလေး တစ်ခု
လုပ်စားလို့ရမယ့်နေရာလေး တစ်ခု
လွန်ခဲ့သောသင်္ကြန်တွင်းတစ်ခုမှာလည်ကြပါတ်ကြရင်းနဲ့ လမ်းမှားပြီးဝင်သွားပါတယ်။
အမှန်ကတော့ ဆင်ကျုံးဆိုတဲ့အရပ်နားက မိတ်ဆွေအိမ်ကိုလည်မယ်သူ့ကိုဝင်ခေါ်။
ဖြစ်ချင်တော့ကိုယ်ခေါ်တဲ့လူကပါသွားပြီ။
အဲဒါနဲ့ဘဲ တောင်သမန်အင်းသွားမယ်ဆို ထွက်လာကြပါတယ်။
ကားကတောင်ဘက်ကိုအတွက် အနောက်ဘက်ကွေ့ရမှာကို အရှေ့ဘက်ကွေ့လိုက်ပါတယ်။
အဲတော့သစ်လုံးပုံကြီးတွေကြားထဲရောက်ပြီးလမ်းပျောက်။
နောက်တော့မှဟိုမေးဒီမေးနဲ့တောင်သမန်အင်းဘက်ထွက်တဲ့လမ်းကိုတွေ့ပါတယ်။
အဲဒီမှာ အတော်ကြီးမားတဲ့ အဆောက်အဦပျက်ကြိးနှစ်ခုမှာခြုံနွယ်ပိတ်ပေါင်းတွေ
ဖုံးလွှမ်းနေတာတွေ့ရပါတယ်။
ကျနော်အတော်လေးစိတ်ဝင်စားပါတယ်။
အိမ်ရောက်တော့စာအုပ်ပုံမှာမွှေကြည့်တော့ အမရပူရခေတ်က
ငွေတိုက်နဲ့ မှတ်တမ်းတိုက်ဖြစ်နေပါတယ်။
ရှေးလက်ရာအစစ်ပါဘဲ။
ဒါပေမယ့် မေ့မေ့ပျောက်ပျောက်။
2010ခုနှစ်မှာတော့ အဲဒီဘက်ကို မကြာခဏရောက်ပါတယ်။
ကျနော်လမ်းသလားပြီးလက်ဆော့နေတဲ့အချိန်လဲဖြစ်ပါတယ်။
အဲတော့ ခြုံနွယ်ပိတ်ပေါင်းတွေနဲ့ရှုပ်ပွထနေတဲ့အဆောက်အဦဘေးမှာအမိူက်ပုံ။
လမ်းဘေးမှာရှိတဲ့ငွေတိုက်ထဲဝင်ကြည့်တော့ အညစ်အကြေးတွေစွန့်ပစ်ထားတာမြင်ရ။
ဒါနဲ့ဘဲရသလောက်ဓါတ်ပုံရိုက်ခဲ့ပါတယ်။
တောင်ဘက်ခြမ်းမှာရှိတဲ့ မှတ်တမ်းရုံးကတော့ ကန့်သတ်နယ်မြေဖြစ်တော့ အဝေးကဘဲ
လှမ်းလက်ဆော့ခဲ့ရပါတယ်။
အဲဒါတွေကို တစ်ခါ တင်ပေးဘူးပါတယ်။
ပြီးခဲ့တဲ့ 11-3-2013 နေ့ကတော့ အဲဒါကြီးတွေကို ပြန်သတိရလာပြန်ပါတယ်။
ဒါနဲ့ဘဲ နေပူကျဲကျဲမှာဆိုင်ကယ်လေးနဲ့ထွက်ခဲ့ပါတယ်။
အဝေးကလှမ်းမြင်ရတဲ့အခါစိတ်ထဲမှာထူးခြားတယ်လို့ထင်မိပါတယ်။
အနားရောက်မှကြည့်လိုက်တော့ အပင်တွေကိုခုတ်ပြီးသန့်ရှင်းထားကြတာကိုး။
ဟိုဘက်က မှတ်တမ်းတိုက်ကြည့်တော့လဲ ခြုံတွေရှင်းထားတာမြင်ရ။
ဒါနဲ့ဘဲဓါတ်ပုံရိုက်။
နောက်တော့ မှတ်တမ်းတိုက်ဘက်ကိုသွားပြီးဓါတ်ပုံရိုက်ချင်တယ်လို့
အစောင့်ကောင်လေးကိုပြောတော့ ခေါင်းငြိမ့်ပြတော့ပျော်သွားပါတယ်။
နိုင်ငံခြားသားတွေအလည်လာတဲ့အခါ ဒီအဆောက်အဦတွေကို
ခေါ်ပြပြိးရှေးမြန်မာတွေ ပိသုကာပညာမညံ့ကြောင်းပြရင်ကောင်းမလား။
ဒါမှမဟုတ်ကျနော်တို့ရှေးမြန်မာတွေဖြစ်သလိုမနေခဲ့ပါဘူးဗျာလို့ ပြရင်ကောင်းမလား။
သေချာတာကတော့ ဒီရှေးဟောင်းလက်ရာကို သမိုင်းကြောင်းချီပြီးပြောပြမယ်ဆိုရင်နိုင်ငံခြားသားတွေ
စိတ်ဝင်စားမှာကတော့ သေချာပါတယ်။
ကိုပေါက်လမ်းသလားနေသည်
14-3-2013
25 comments
Myo Thant
March 14, 2013 at 9:56 am
သွားလည်း သွားနိူင်ပါ့ ရိုက်လည်းရိုက်နိူင်ပါ့
အန်းနီးဝေး ကျေးဂျူးကဘာ
မရောက်ဖူးတာမြင်ရလို့ပါ
ဦးဦးပါလေရာ
March 14, 2013 at 10:06 am
အရင်က မြင်ခဲ့ဘူးတယ် ကိုပေါက်ရဲ့
ဘာမှန်း မသိလို့…
တောင်မြို့မှာ ဘာမှန်းမသိတာတွေ အများကြီး။
ရထားလမ်းဘေးက ဆောင်း/နွေ ရာသီဆို ပေါ်လာတတ်တဲ့ ခြေသွားလမ်းလေးအတိုင်းစက်ဘီးစီးဘူးတယ်။
တကယ့်ကို ရှေးဟောင်းနေရာတစ်ခုကိုရောက်သွားသလိုပဲ…။
ကိုပေါက်(မန္တလေး)
March 14, 2013 at 10:08 am
ကိုခိုင်ရေ
အရင်က ဒီနေရာလေးကိုရိုက်တင်ထားတဲ့လင့် ရှာမတွေ့လို့ ဖြစ်နိုင်ရင်ရှာပြီးတင်ပေးစေလိုပါတယ်။
အကူအညီတောင်းတာပါခင်ဗျာ။
kai
March 14, 2013 at 2:23 pm
http://myanmargazette.net/67841/
မှာပါကိုပေါက်ရေ…
ကိုပေါက်(မန္တလေး)
March 14, 2013 at 6:25 pm
ကျေးဇူးပါ ကိုခိုင် ကျနော်ဘယ်လိုမှပြန်ရှာမရလု့ိ ပြောင်းလဲသွားတာလေးကိုတွဲတင်ချင်လို့ပါ.
ကိုပေါက်(မန္တလေး)
March 14, 2013 at 10:12 am
ကိုစွယ်တော်ရွက်က နေရာတွေမှတ်တမ်းတွေကျနော်ကိုပေးထားပါတယ်။
အဲဒါကိုကြည့်ပြီး ဓါတ်ပုံလိုက်ရိုက်ဘို့တွေးထားပါ၏။
အလုပ်ပိတ်ရက် 2ရက်လောက်ရမှ ရိုက်ဖြစ်မှာပါ။
တောင်မြို့ ကို တံခွန်တိုင်ဘက်ကနေစပြီး ပါတ်ပါတ်လည်ရိုက်ရမှာမို့ပါ။
နောက်ဒီနားမှာဘိုးတော်ဘုရားအုတ်ဂူလဲရှိတယ်။
နောက်တစ်ခါသွားရင်ရိုက်မယ်။
အဲဒီနေ့က ခြံတွေပိတ်နေတာရယ်နေပူတာရယ်တစ်ယောက်ထဲသွားတာရယ်ကြောင့်
အထဲမဝင်ခဲ့တာပါ.
ရွှေတိုက်စိုး
March 14, 2013 at 11:10 am
ဟေ ရွှေတိုက် ဆိုပါလား…. ကျွန်တော် တိုက်ပေါ့နော်..လေးပေါက်..
မန်းလေးလာရင် အဲဒီလိုက်ပို… ရွှေတိုက်နဲ. ရွှေတိုက် ဓာတ်ရှင်ရိုက်မယ်….နှစ်ကိုယ်ခွဲပေါ့.. ဟဲဟဲဟဲ…
မောင် ပေ
March 14, 2013 at 7:31 pm
အဲဒီ ဓါတ်ပုံထဲက တိုက်တွေ ထဲ မှာ
တစ်ယောက်ထဲ တစ်ညအိပ်မယ် ဆိုရင်ဖြင့်
ဂျော်နီဝေါကား ဘလက် 1လီတာ တစ်လုံး ပေးမည် ဖြစ်ပါကြောင်း
အဲဒါ အဲဒါ
ကိုပေါက်(မန္တလေး)
March 14, 2013 at 12:16 pm
အတော်ဘဲ မိတိုက် မင်းလာရင် အဲဒီကိုထပ်သွားပြီ အပေါ်ဆုံးထိတက်ရမှာ။
လှေခါးတော့ မရှိဘူး တွယ်တက်ရမှာမောင် ။
ခင်ခ
March 14, 2013 at 12:16 pm
ရှေးဟောင်းသုတေသနဦးစီးဌာနက ကိုပေါက်နဲ့ တွေချင်လို့တဲ့ဗျ။
အကြောင်းက သူတို့ဥထားတာကို ဖွလိုက်လို့တဲ့လေ။
ကိုပေါက်(မန္တလေး)
March 14, 2013 at 12:28 pm
ဟဲဟဲ
ကိုခရေ
ညှိကန်ထားတဲ့ပွဲပါဗျ။
သူတို့ထဲကလူကဘဲသတင်းပေးတာပါ၊
ဓါတ်ပုံရိုက်ကောင်းအောင်ရှင်းပေးထားတယ်ဆိုတဲ့အကြောင်း။
လာမှာတွေက လဲ ရှိပါသေး၏။
ကိုပေါက်(မန္တလေး)
March 14, 2013 at 10:24 pm
မမာရေ လက်တို့ရုံမက ကွန်ချက်ပါပြထားပါတယ်။
ဖေစ်ဘုတ်ကကျနော်ဝေါပေါ်မှာလည်းတင်ထားပါတယ်။
TheWinner
March 14, 2013 at 1:36 pm
အတော်လှတဲ့ လက်ရာတွေပါပဲနော်။ ကင်မရာမင်းရဲ့ ရိုက်ချက်ကြောင့် အလှက ပိုပြီး ပြည့်စုံသွားပါတယ်။
ကိုပေါက်(မန္တလေး)
March 14, 2013 at 2:06 pm
ဟုတ်ပါဘူးဗျ နဂိုရ်ထဲက လှပြီးသားတွေပါဗျာ
ခိုင်ဇာ
March 14, 2013 at 1:44 pm
ငွေတိုက် ထဲမှာ ငွေတို ငွေစ
ရွှေတိုက် ထဲမှာ ရွှေတိုရွှေစ တွေ ကောက်ရခဲ့ဘူးလား။
:kwi:
အဆောက် အဦး ထဲ ဝင်လို့ရော ရလား။
ကိုပေါက်(မန္တလေး)
March 14, 2013 at 2:01 pm
အထဲကိုဝင်လို့တော့ရပါတယ်။
အပေါ်တက်လို့မရဘူးလေ။
အဲဒါနဲ့ ရွှေတိုက်စိုးကို စောင့်နေတာ။
လောလောဆယ်တော့ ခြုံပြီး ဘဲတွေ့ခဲ့ပါတယ်မယ်ခိုင်ဇာ။
သင်္ကြန်မှာရွှေတို်က်စိုးပြန်လာမှ သူနဲ့ကျနော် ဖရဲမကိုခေါ်ပြီးရတနာသိုက်တူးဘို့
အစီအစဉ်ဆွဲထားပါတယ်ခင်ဗျာ။
လောလောဆယ်တော့ ခြုံပြီး ဘဲတွေ့ခဲ့ပါတယ်မယ်ခိုင်ဇာ။
ပါချင်ပါသေးသလား?
ရတနာသိုက်တူးမယ့်အဖွဲ့ထဲကို.
kyeemite
March 14, 2013 at 2:03 pm
ကိုပေါက်ရေ..အဲဒါကြီးတွေက ကျနော်တို့ နေခဲ့တဲ့တပ်ဝန်းထဲမှာ…
ကျနော်လာလည်တုန်း ကတောင်အဲဒီပုံတွေ ရိုက်ခဲ့သေးတယ်…မန္တလေးတဝိုက်ဓါတ်ပုံတွေ
ကိုပေါက်တင်နေကျမို့ ကျနော်မတင်တော့တာပါ…ဟိုသုံးဆင့်နဲ့တိုက်ကြီးကို
ငယ်ငယ်ကတော့ ရဲတိုက်ကြီးလို့ပဲခေါ်ကြတယ်…အဲဒီအလယ်ကောင်မှာ
မြေကွက်လပ်ကျယ်လေးရှိတယ်ဗျ..အဲနေရာမှာငယ်ငယ်က ကရာတေးသင်ခဲ့ဖူးသေးတယ်…
လွမ်းသဗျာ… :hee:
ကိုပေါက်(မန္တလေး)
March 14, 2013 at 6:32 pm
အမှန်က ကျနော်ကိုမိုက်နဲ့ အဲဒီနေရာကို နှစ်ယောက်သွားချင်တာဗျ။
ကျနော်က မြင်ဘူးသူ ။
ကိုမိုက်က ကျင်လည်ခဲ့သူ။
ကိုစွယ်တော်ပါ ပါလာရင်ပွဲပြီးဘဲ။
ဗုံဗုံ
March 14, 2013 at 3:47 pm
လုပ်စားဆိုရင် ဘာလုပ်စားရမှန်းမသိဘူး တူတူပုန်းတမ်းတော့ ကစားချင်တယ် ဂယ်ပြောတာ
ကိုပေါက်(မန္တလေး)
March 14, 2013 at 6:33 pm
ခက်တာအေ့
အစောင့်ထားပြိီး အတွဲတွေလာရင်……………………….
ဝင်ပြီးလေ့လာပါခင်ဗျာလို့ပြောရမှာအေ့
mobile
March 14, 2013 at 5:21 pm
ဘကြီးပေါက်ရေ အခုတင်ပေးတဲ့ ပုံလေးတွေကတော့ အဆန်းပါလားဗျ……
ကြိုက်လို့ ကူးယူထားလိုက်ပါ၏………..
ကိုပေါက်(မန္တလေး)
March 14, 2013 at 6:39 pm
ကိုမိုဗိုင်းရေ ကူးလို့ရပါတယ်။
မန်းလေးလာခဲ့လိုက်ပို့မယ်
MaMa
March 14, 2013 at 5:51 pm
အမြင်ဆန်းတဲ့ အရှုပ်အထွေးတွေ ကြားထဲက ပုံကို ကြိုက်တယ်။ :hee:
ကိုပေါက်(မန္တလေး)
March 14, 2013 at 6:37 pm
မမရေ
အခုရက်က အရွက်ကြွေချိန်ဆိုတော့အံကျဖြစ်သွားတယ်။
ကျနော်လဲအဲဒီပုံလေးကို ကြိုက်၏။
padonmar
March 14, 2013 at 9:39 pm
ဒီလိုနေရာတွေ ပြစားရမှာနော်။
တိုးကမ်ပနီတွေကို လက်တို့ပါ ကိုပေါက်။