၉။ လည်လည်သွားမယ်ဆိုရင် ……………….
၉။ လည်လည်သွားမယ်ဆိုရင် ……………….
” ခြေတစ်လှမ်း အကွာက သူတို့နေရာ”(အပိုင်း ၉)
ကျယ်ခေါင်မြို့ကျဉ်းကျဉ်းလေးဆိုတော့လည်စရာပါတ်စရာနေရာကတော့ ရှားပါးပါတယ်။
နောက်ဒီမြို့လေးက စီးပွားရေးကုန်စည်ဖလှယ်ရာမြို့ဆိုတော့ အားလုံးကအလုပ်ဘဲ
ခေါင်းထဲမှာရှိနေကြပါတယ်။
မြို့အဝင်စ နန်းတော်ပေါက်မှာတော့ အခွန်လွတ် ဈေးဆိုင်ကြီးတွေရှိမယ်။
ကမ္ဘာလှည့်ခရီးသွား (ပြည်မက တရုပ်တွေဘဲလာကြတာများပါတယ်)
ဓါတ်ပုံရိုက်ကြတဲ့ နေရာလဲဖြစ်ပါတယ်။
အဲ့နားလေးမှာကျယ်ခေါင်မြို့ရဲ့အထင်က ရလို့ပြောနိုင်တဲ့ ဘုလုံးကြီးကိုထိပ်မှာတင်ပြီး
မတ်မတ်ရပ်နေတဲ့ ရွှေနဂါးဟိုတယ်ကြီးရှိမယ်။
၂၂ထပ်အမြင့်ရှိပြီးဟိုးအဝေးကနေမြင်နိုင်တဲ့အဆောက်အဦးကြီးဖြစ်ပါတယ်။
မိတ်ဆွေတစ်ယောက်ရဲ့ကူညီစောင်မမူ့နဲ့ အဲဒီဟိုတယ်ကြီးရဲ့ခေါင်မိုးပြင်
ဘုလုံးကြီးအောက်ကနေပြီးဓါတ်တက်ဖမ်းဘူးပါတယ်။
ရွှေနဂါးဟိုတယ်လို့တရုပ်လိုရေးထားတဲ့ စာလုံးကြီးကိုတင်ထားတဲ့သံပြားပေါ်က
နေတက်ရိုက်ခဲ့ကြတာပါ။
နောက်မှသိရတာက အဲဒီစာလုံးကပ်ထားတဲ့နေရာက ၅ပေကျယ်ပြီး၈ပေအမြင့်ရှိတဲ့သံပုံးကြီး
ဆိုတာရယ် သံပြားပါးပါးလေးအောက်မှာဘာမှခံမထားဘူးဆိုတာရယ်သိတော့
မှအဲပေါ်တက်ပြီးဓါတ်ပုံရိုက်မိတာကိုပြန်တွေးမိတော့ ဘာမှမဖြစ်တာခဲ့တာဘဲ
ကံကောင်းတယ်လို့တွေးမိပါတယ်။
နန်းတော်ပေါက်ကနေရွှေလီမြို့ကိုဆက်သွယ်ထားတဲ့လမ်းမကြီးကိုတော့
(Ran Lu) လူသွားလမ်းမကြီးလို့အမည်ပေးထားပါတယ်။
အဲဒီလမ်းမကြီး ဘေးတစ်ဘက်တစ်ချက်မှာ ဘဏ်တွေလျှပ်စစ်ပစ္စည်းလက်ကားအရောင်းဆိုင်တွေ
ဖုန်းအရောင်းဆိုင်တွေတန်းစီလို့ရှိနေပါတယ်။
အဲလမ်းမပေါ်မှဘဲ နာမယ်ကျော် မနောကွင်းဆိုတာရှိပါတယ်။
ဒီမနောကွင်းလေးကတော့ ကျယ်ခေါင်မြို့နေသူများရဲ့ ညအခါလည်ပတ်စရာ
အပန်းဖြေစရာ အားကစားလေ့ကျင့်ရာကွင်းဖြစ်ပါတယ်။
ကျနော်၂၀၁၂ မှာတစ်ခေါက်ရောက်တုံးက မနောကွင်းက ဒီလောက်မစည်ကားသေးပါဘူး။
မနက်ပိုင်းနဲ့ညပိုင်းအားကစားလေ့ကျင့်တဲ့သူတွေရယ် ညနေပိုင်းမှာကလေးတွေ
ကစားစရာ နေရာလောက်သာရှိပေမယ့်.
အခု၂၀၁၅တစ်ခေါက်ပြန်ရောက်ချိန်မှာတော့ ညနေပိုင်းမှာ
စားသောက်ဆိုင်တန်းတွေ
အဝတ်အထည်ရောင်းတဲ့ ဆိုင်တွေ
အစုအဖွဲ့လိုက် သီချင်းတွေဖွင့်ပြီးအားကစားလေ့ကျင့်သူတွေ
မနောကွင်းကို အချိန်ဖြုန်းစရာနေရာလိုသတ်မှတ်ပြီး အပျင်းပြေ လမ်းလျှောက်လို့လာသူတွေ
နဲ့စည်ကားပြီး အပန်းဖြေစရာနေရာတစ်ခုဖြစ်လို့လာပါတယ်။
နောက်ညပိုင်းမှာစည်တဲ့တစ်နေရာကတော့ ၄ လမ်းက ညဈေးတန်းပါဘဲ။
လမ်းနံဘေးနားမှာအကင်ဆိုင်လေးတွေရှိမယ်။
ဖိနပ်၊အကျီ၊နဲ့အဝတ်အထည်ဆိုင်လေးတွေရှိမယ်။
လူအတော်များများက ညပိုင်းဆိုရင် ညဈေးတန်းကိုလျောက်တတ်ကြပါတယ်။
အဲဒီလိုသွားလာနေကြတာမြင်တော့ ကျနော်တို့ ငယ်ငယ်က မန်းလေးမှာ
ညည ဆိုရင် ညဈေးတန်းလျှောက်ခဲ့ကြတာကိုသွားမြင်မိပါတယ်။
နောက်တစ်ချက်ဒီမှာက ညပိုင်းလက်ဖက်ရည်ဆိုင်ထိုင်တဲ့အကျင့်သိပ်မရှိပါဘူး။
စုံတွဲအတော်များများက တော့ တံတားပေါ်မှာ စကားပြောကြ
နောက်ဒီတံတားပေါ်မှာဖုန်းလိုင်းမိတော့ ညပိုင်းအေးအေးဆေးဆေးဖုန်းလာပြော
သူတွေလဲရှိပါတယ်။
အလုပ်အားရက်လိုနေရာမျိုးဆိုရင် ကျယ်ခေါင်မြို့ထဲမှာတော့လည်ပါတ်စရာနေရာ
မရှိသလောက်ပါဘဲ။
အဲတော့ရွှေလီမြစ်ဘက်ကိုသွားတတ်ကြပါတယ်။
ရွှေလီမြို့ထဲကိုဝင်လာရင် မနောကွင်းလို့ ခေါ်တဲ့ပန်းခြံရှိပါတယ်။
အဲဒီပန်းခြံထဲက သစ်ပင်အောက်မှာကျောက်နဲ့လုပ်ထားတဲ့ထိုင်ခုံလေးတွေရှိတဲ့အတွက်
အနားယူရင်း စားစရာလေးတွေချစားလို့ကောင်းတဲ့နေရာဖြစ်ပါတယ်။
အဲဒီအနားလေးမှာ ရေကန်ရယ်ကုန်းကျော်တံတားလေးရယ် ဘုရားကျောင်းလေးရယ်ရှိပါတယ်။
တံတားကိုကျော်လိုက်ရင် ရွှေလီမြစ်ကမ်းဘက်ကိုရောက်သွားပါတယ်။
ရွှေလီမြစ်ထဲကို ရေဆင်းကူးကြတဲ့ နေရာလဲဖြစ်ပါတယ်။
စိန်ပန်းပွင့်ချိန်ဆိုရင်လမ်းတစ်ဖက်တစ်ချက်မှာစိန်ပန်းပွင့် ရဲရဲလေးတွေနဲ့
အတော်လှတဲ့နေရာလေးပါ။
ဒီပန်းခြံက ညနေပိုင်းဆိုရင်ပိုစည်ကားပါတယ်။
ကလေးကစားစရာ ကစားကွင်းနဲ့
စားသောက်ဆိုင်တန်းနဲ့
ကိုယ်တိုင်ဆေးခြယ်လို့ရတဲ့ အရုပ်ဆိုင်လေးတွေနဲ့ ပျော်စရာကောင်းလှပါတယ်။
တထုံးထုံး တထိုင်းထိုင်းနဲ့ဗျောက်ဖောက်လို့ကောင်းတဲ့နေရာလဲဖြစ်ပါတယ်။
အရင်ကအေးဆေးငြိမ်သက်တဲ့နေရာလေးက အခုတော့လူတွေစည်ကားလို့
နေတဲ့ အပန်းဖြေစရာနေရာလေးတစ်ခုဖြစ်ပါတယ်။
တကယ်တော့ကျယ်ခေါင်က အလည်သွားစရာသိပ်မရှိတဲ့မြို့ပေါက်စနလေးဘဲဖြစ်ပါတယ်။
လည်စရာသိပ်မရှိရင်စားစရာကော ဘာရှိလဲလို့ မေးများမေးခဲ့ရင်
…………………………………………………………………………………….
ဆက်လက်ဖော်ပြပါမည်
ကိုပေါက်လမ်းသလားနေသည်
7 comments
တောင်ပေါ်သား
July 28, 2015 at 2:11 pm
ရောက်ဖူးအောင်သွားချင်ပေမယ့် စရိတ်က မနည်းလောက်ဘူးနော့ ၊
ကိုပေါက်(မန္တလေး)
July 28, 2015 at 3:48 pm
သိပ်မကုန်ဘူးဗျ
ရန်ကုန်မူဆယ် ကားခ တစ်သောင်းခွဲ
အသွားအပြန် သုံးသောင်း
ကျယ်ခေါင်ထဲမှာ တည်းခိုခန်းခက နှစ်ယောက်ခန်း တစ်ရက်ယွမ်တစ်ရာ တန်ဆို ကောင်းကောင်းနေလို့ရတယ်
ထမင်းစားတာသောက်တာနဲ့ ဆိုသိပ်မကုန်လောက်ဘူး
အောင် မိုးသူ
July 28, 2015 at 3:50 pm
ကျယ်ခေါင်က တရုတ်ပြည်ဘက်ခြမ်းပေါ့နော် ဟုတ်လား
ကိုပေါက်(မန္တလေး)
July 28, 2015 at 4:02 pm
ဟုတ်ပါတယ် မူဆယ်နဲ့ကျယ်ခေါင် ကျောက်လမ်းမလေးတစ်ခုဘဲခြားပါတယ်
မြစပဲရိုး
July 28, 2015 at 11:04 pm
ဆိုင်လေးတွေ နဲ့ လမ်းတွေ က သပ်သပ်ရပ်ရပ်နော်။ ကောင်းလိုက်တာ။
. ရွှေပြည်ထဲ မှာလဲ အရင်က လေဟာပြင်ဈေးလို ရှိခဲ့တာ။
အခုတော့ မြေလွတ် ရင် ကို အလွတ်မပေး ဘဲ ကိုယ်ပိုင် လုပ်နေကြတော့ မြို့ထဲ လမ်းဘေး ဈေးသည် တွေ လမ်းမတော် က စ တာ ပန်းဆိုးတန်း ထိ မဆုံးသေး။
လမ်းလျှောက်ဖို့ နေရာ ကို မရှိတော့။
Courage
July 31, 2015 at 3:40 am
အပြင်မှာ ရောက်ဖြစ်မရောက်ဖြစ် မသေချာတဲ့နေရာလေးကို စာထဲကနေ လည်လည်ခေါ်သွားတဲ့အတွက် ကျေးဇူးပါ။
ကိုပေါက်(မန္တလေး)
July 31, 2015 at 6:53 am
ကျနော်လဲ မရောက်ဘူးတဲ့နေရာတွေကို အခုလိုခေါ်သွားတဲ့လူရှိတော့ စာထဲကနေရောက်ဘူး သွားသပေါ့