၇။ မပျင်းနိုင်ပေါင် တစ်နေကုန်အလုပ်တွေများ……
၇။ မပျင်းနိုင်ပေါင် တစ်နေကုန်အလုပ်တွေများ……
” ခြေတစ်လှမ်း အကွာက သူတို့နေရာ “(အပိုင်း ၇)
ကျယ်ခေါင်မှာ အလုပ် လုပ်ကြတဲ့သူတွေထဲမှာ အမျုးိသမီး အင်အားစုက ပိုများမယ်ထင်ပါတယ်။
နန်းတော်ပေါက် က နေဝင်လာရင် ပထမဆုံးစတွေ့ရမှာက
အမှတ်တရ ဓါတ်ပုံရိုက်ဘို့အတွက်
စောင့်နေတဲ့ ဓါတ်ပုံဆရာတွေကိုတွေ့ရမှာပါ။
ဓါတ်ပုံရိုက်ပေးသူအများစုက အမျိုးသမီးတွေပါဘဲ။
အဲဒီနားမှာဘဲ “အုန်းငှက်ပျောဗန်း”ကိုရွက်ထားတဲ့အမျုးိသမီးနှစ်ယောက်ရယ်
ကုလားမလိုဝတ်ထားတဲ့ သူတစ်ယောက်ရယ်
ဝူခုန်းနှစ်ယောက်(အဝါတစ်ယောက် အနီတစ်ယောက်)တွေ့ရပါမယ်။
ဝူခုန်းကတော့ ယောက်ျားလေးတွေပါ။
လာလည်တဲ့ဧည့်သည်တွေနဲ့ ဓါတ်ပုံတွဲရိုက်ဘို့စောင့်နေတာပါ။
အဲဒီကနေ နည်းနည်းလေးဆက်သွားလို့ အလံတိုင်လွန်ရင်
တရုတ်ငွေနဲ့မြန်မာငွေလဲဘို့အတွက် ပိုက်ဆံတွေကိုင်ပြီးထိုင်စောင့်နေတဲ့
အမျုးိသမီးတွေကိုတွေ့ရပါမယ်။
ငွေလဲလုပ်ငန်းလုပ်တာကတော့ အမျိုးသမီးတွေဘဲလုပ်ကြတာများပါတယ်။
လူနင်းတဲ့ဆိုက်တွဲတွေ တန်းစီထားတဲ့အပေါ်မှာ ဆိုက်တွဲနင်းတဲ့အမျုးိသမီးတွေ
ဇာပန်းထိုးရင်း ဖုန်းနဲ့ဇာတ်လမ်းတွဲ ကြည့်နေရင်း စီးမယ့်သူကိုစောင့်နေတာကိုတွေ့ရပါမယ်။
ကျယ်ခေါင်မြို့အနှံ့အပြားမှာ ဆိုက်တွဲဒါမှမဟုတ်သုံးဘီးနဲ့ဈေးလှည့်ရောင်းနေတဲ့
အမျုးိသမီးအများစုကိုလည်းတွေ့နိုင်ပါသေးတယ်။
တို့ဟူးနွေး၊ရာသီပေါ်အသီးအနှံ၊ပေါက်စီ စ တဲ့အစားအသောက်တွေပေါ့။
ဆိုင်ကယ်နဲ့လှည့်ရောင်းသူလဲရှိပါတယ်။
ဒီလိုလှည့်ရောင်းတာကတော့ ရှမ်း နဲ့ တရုတ်လူမျိုးတွေများပါတယ်။
ထမင်းဆိုင်တွေ၊စတိုးဆိုင်တွေမှာ ရောင်းကြဝယ်ကြတာလဲအမျုးိသမီးအများစုပါဘဲ။
ထော်လာဂျီမောင်းပြီး မူဆယ်နဲ့ကျယ်ခေါင် ကုန်စည်ပို့ဆောင်ရေးလုပ်နေတဲ့
အမျိုးသမီးတွေလဲရှိပါတယ်။
ကျယ်ခေါ်င်မြို့ရဲ့လူအစည်ဆုံးနေရာဖြစ်တဲ့ ၄လမ်းနားက ဆိုင်ကယ်အရောင်း
အဝယ်လုပ်တဲ့နားမှာဆိုရင်လဲ ဆိုင်ကယ် ကယ်ရီဆင်းဘို့ တာဝန်ခံပြီး
စီစဉ်နေတာကလဲ မိန်းမတွေပါဘဲ။
ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာလဲအမျုးိသမီးတွေ လုပ်တာကိုတွေ့ရပါတယ်။
ကျယ်ခေါင်မြို့တောင်ဘက်က ဈေးထဲမှာ အရောင်းအဝယ်လုပ်နေကြတာကလဲ
အမျုးိသမီးတွေများပါတယ်။
နေ့လည်ပိုင်းမှာဆိုရင် ရာသီပေါ်သီးနှံတွေကိုဆိုင်းထမ်းထဲထည့်ပြီး
ကျယ်ခေါင်မြို့ထဲမှာလှည့်ရောင်းတဲ့ရှမ်းအမျုးိသမီးတွေကိုတွေ့နိုင်ပါတယ်။
ကျယ်ခေါင်မြို့ရဲ့နေရာအနှံ့အပြားမှာ
တံမျက်စည်းတစ်ချောင်း အမိူက်ထည့်စရာပုံးတစ်ပုံး
သုံးဘီးဆိုက်ကားတစီးနဲ့ သန့်ရှင်းရေးလုပ်နေတဲ့အမျိုးသမီးများကိုတွေ့နိုင်ပါတယ်။
ရွှေလီထဲမှာလဲ နေရာအနှံ့အပြားမှာမြင်တွေ့နေရတာပါ။
ကျောက်ဝိုင်းနားမှာ ကားရပ်နားခ ကောက်တဲ့အလုပ်ကို လုပ်နေတာလဲအမျုးိသမီးတွေပါဘဲ။
ကျနော်မြင်တွေ့ရသလောက် တရုပ်ပြည်မှာ အမျုးိသမီးတွေက ယောကျာ်းတွေနဲ့
တန်းတူ အလုပ် လုပ်တာကိုမြင်နေရပါတယ်။
ရွှေလီတံတား အလွန် နယ်စပ်ကုန်သွယ်ရေး ဂိတ်ကိုလွန်လို့ မြို့ထဲဘက်
အဝင်လမ်းဘေးမှာ အသီးအနှံသည်တွေကို တွေ့နိုင်ပါတယ်။
ဖရဲသီး သခွားသီး တွေကို ကားပေါ်တင်ပြီး လမ်းဘေးမှာထိုင်ရောင်းကြတာပါ။
ဖရဲသီးတစ်လုံးကို တရုပ်ငွေ (၈)ယွမ် လို့ ဆိုင်းဘုတ်ကလေးတွေရေးပြီးရောင်းကြတာပါ။
လိမ္မော်သီး တွေဆိုရင်လဲ ကား တစ်စီး လုံးအပြည့်တင်ပြီး ရောင်းတာပါ။
ခွေးရောင်းတဲ့သူ ကလေးကစားစရာရောင်းတဲ့လူ တွေကလဲ ရွှေလီမြို့အဝင်လမ်းနံဘေး
မှာထိုင်ရောင်းကြတာပါ။
အဲလိုရောင်းတဲ့ဈေးသည်တွေကို လာရစ်သူ ပြဿနာရှာသူ မရှိလို့လဲ
အေးအေးငြိမ်းငြိမ်း လုပ်ကိုင်စားသောက်နိုင်တာပါ။
နိုင်ငံတစ်နိုင်ငံမှာ အခြေခံလူတန်းစားတွေ အေးချမ်းစွာ နဲ့ လုပ်ကိုင်စားသောက်နိုင်ခွင့်ရှိဘို့
အထူးလိုအပ်သလို အခြေခံလူတန်းစားဘက်ကလဲ စည်းနဲ့ကမ်းနဲ့နေထိုင်စား
သောက်ဘို့ လိုအပ်ပါတယ်။
အခြေခံလူတန်းစားရှာဖွေစားသောက်ရတာခက်ခဲရင်တိုင်းပြည်အေးချမ်းဘို့ မလွယ်ပါဘူး။
ကျယ်ခေါင်-ရွှေလီဘက်မှာ အမိူက်ကောက်စားတဲ့လူတန်းစားရှိပါတယ်။
စက်ဘီး ဒါမှမဟုတ် ဆိုက်တွဲတစ်စင်းနဲ့ အမိူက်ပုံတကာလည်ပြီးအမိူက်ကောက်
တဲ့သူတွေရှိပါတယ်။
အမိူက်ပုံကိုဖွ သူတို့လိုချင်တာရွေးယူပါတယ်။
ပြီးရင်မြို့ပြင်မှာရှိတဲ့ အဝယ်ဒိုင်မှာသွားသွင်းကြတာပါ။
ကျနော်နေတဲ့ အိမ်ရှေ့မှာ အမိူက်ခြင်း တစ်လုံးချထားပါတယ်။
ကိုယ့်အိမ်ကနေ့စဉ်ထွက်လာတဲ့အမိူက်တွေကို ကျွတ်ကျွတ်အိတ်ထဲနဲု့ထုတ်ပြီးအဲဒီခြင်းထဲထည့်ထားရပါတယ်။
အမိူက်သိမ်းသူက က နေ့စဉ်လာပြီးအချိန်မှန်မှန်သိမ်းသွားပါတယ်။
လကုန်ရင်တော့ အမိူက်သိမ်းခ လာကောက်ပါတယ်။
တစ်လ ယွမ် ၅၀။
တစ်ရက်အမိူက်လာသိမ်းတဲ့သူနဲ့ဆုံပါတယ်။
ဆိုက်တွဲလေးနဲ့လာသိမ်းတာပါ။
ဝတ်စားထား တာသပ်သပ်ရပ်ရပ် ဒေါက်မြင့် ဖိနပ်နဲ့၊
ကျနော်တို့ဆီမှာ အမိူက်သိမ်းတဲ့အလုပ် လုပ်သူဆိုရင် အနိမ့်စားလို့ သတ်မှတ်ကြပါတယ်။
သူတို့ ဒီလို အမိူက်သိမ်းတဲ့အလုပ် ကို လုပ်နေပေမယ့်
သိမ်ငယ်တဲ့အလုပ်လို့ မသတ်မှတ်တာကိုတွေ့ရပါတယ်။
အလုပ်ဟူသမျှ ဂုဏ်ရှိစွ လို့သတ်မှတ်ပြီး လုပ်တယ်ဆိုတာ
သူတို့မျက်နှာမှာပေါ်လွင်နေသလိုပါဘဲ။
ကျနော်တို့ဆီမှာတော့ ဒီလို စကားတွေက စာအုပ်ထဲမှာနဲ့
လူကြားကောင်းအောင်ပြောတဲ့ အဆင့်မှာဘဲရှိနေပါတယ်။
အလုပ်လုပ်သူတွေအများကြီးရှိသလို အလှူခံစားသူ
တောင်းရမ်းစားသောက်သူတွေလဲရှိပါတယ်။
ဒီမှာတော့ မယ်သီလရှင်လေးတွေဆန်ခံထွက်တဲ့ရက်က အဖိတ်ဥပုဒ်မဟုတ်ဘဲ
အဆင်ပြေသလိုထွက်တာကိုမြင်ရပါတယ်။
ကျနော်နေတဲ့ဘက်မှာဆွမ်းခံတဲ့ကိုယ်တော်မတွေ့ပေမယ့် အလှူခံတဲ့သင်္ကန်းဝတ်ကိုတော့မြင်ဘူးပါတယ်.။
သူတောင်းစားကတော့ ကျနော်လေးငါးယောက်တွေ့ဘူးပါတယ်။
ဆေးစွဲနေတယ်လို့သူများပြောလို့ သိရတဲ့ အသက် ၁၅-၁၆နှစ်အရွယ်ကောင်လေးတစ်ယောက်၊
ကလေးတွေသုံးလေးယောက်နဲ့မိန်းမတစ်ယောက်
စိတ်သိပ်မနှံ့တဲ့ အရပ်မြင့်မြင့်တစ်ယောက် ကတော့လမ်းလျောက်တောင်းတာကိုမြင်နေရပြီး
အဖိုးကြီးတစ်ယောက်ရယ်အသက်ခပ်ကြီးကြီးတစ်ယောက်ရယ်ကတော့
တွန်းလှည်းပေါ်ထိုင်ပြီး လိုက်တောင်းပါတယ်။
ထူးခြားတာကတော့ အဲဒီတွန်းလှည်းနဲ့တောင်းတဲ့သူနှစ်ယောက်လုံး
ဆောင်းဘောက်နဲ့သီချင်းတွေဖွင့်ပြီးတောင်းကြတာပါဘဲ။
ကျယ်ခေါင်မြို့ကို အရောင်းအဝယ်မြို့တော်လို့တောင်သတ်မှတ်လို့ရနိုင်ပါတယ်။
ဆိုင်ကယ်အရောင်းအဝယ်ရှိမယ်
ကျောက်အရောင်းအဝယ်ရှိမယ်
အဝတ်အထည်အရောင်းအဝယ်ရှိမယ်
ဒါပေမယ့် ကျယ်ခေါင်မြို့ရဲ့ နေရာအတော်များများက ဂိုဒေါင်တွေဖြစ်နေတာကို
တွေ့ရပါတယ်။
ကျယ်ခေါင်မြို့ ကို လှည့်ကြည့်မယ်ဆိုရင်……….
ဆက်လက်ဖော်ပြပါမည်
ကိုပေါက်လမ်းသလားနေသည်
22-7-2015
6 comments
မြစပဲရိုး
July 22, 2015 at 11:00 pm
မိန်းမဦးရေများလာတာလဲ ပါမှာပါ။ နေရာတိုင်း အလုပ်တိုင်းမှာ ကျား/မ ခွဲ လို့ မရ အောင် ကို ကျား တွေ ရှားလာရင် ဒွတ်ခ။ (ခွက်ဒစ် – မွသဲ) lol:-)))
ကိုပေါက်(မန္တလေး)
July 22, 2015 at 11:10 pm
လေဒီဖတ်စ် ဆိုပြီး မိန်းမတွေကို အလုပ်လုပ် ခိုင်း
ယောက်ျားတွေ က နှပ်နေတာနေမှာ
ကိုပေါက်(မန္တလေး)
July 27, 2015 at 2:05 pm
ပျက်သွားတဲ့ပုံတွေ အသစ်ပြန်တင်ပေးထားပါတယ်
ဝင့်ပြုံးမြင့်
July 27, 2015 at 4:32 pm
.လေးပေါက်စာတွေ ဗဟုသုတ များတယ်။ ကျယ်ခေါင်မှာတောင် သွားနေချင်ပြီ။ ရာသီဥတုလည်း ကောင်းမယ် ထင်တယ်။
ကိုပေါက်(မန္တလေး)
July 27, 2015 at 5:32 pm
ရာသီဥတုကတော့ သစ်ပင်တွေ စိမ်းစိမ်းစိုစိုရှိလို့
အေးချမ်းတယ်ဆိုနိုင်ပါတယ်
မပြုံးရေ
ကျနော်က မြင်သမျှလေးတွေကို ပါးပါးလေးဘဲရေးပြတော့ သိပ်တော့လဲ ဗဟုုသုတများတယ်မဆိုနိုင်ပါဘူး
Ma Ma
July 29, 2015 at 7:23 am
ကျယ်ခေါင်မြင်ကွင်းကို ကိုယ်တိုင်လိုက်ကြည့်ရင်တောင် ဒါလောက်မစုံနိုင်ဘူး။
နေရာဒေသတစ်ခုမှာ အကြာကြီးနေပြီး ဓလေ့ထုံးစံတွေ အလေ့အထတွေကို သိရတာမျိုး သဘောကျတယ်။ 🙂