ပြင်ဦးလွင်မှ အပြန်လမ်း

















“ပြင်ဦးလွင်မှအပြန်လမ်း”
ညနေ နှစ်နာရီကျော်ကျော်လောက်မှာတော့ ပြင်ဦးလွင်ကနေပြန်ဆင်းလာခဲ့ပါတယ်။
အပြန်လမ်းမှာတော့ ဗျုးပွိုင့်ညနေခင်းလေးကို ရချင်မိပါတယ်။
ဆောင်းဝင်စပြုပြီဆိုတာရယ် တစ်ယောက်ထဲရယ်ဆိုတော့ သိပ်မိုးချုပ်လို့တော့မရပါဘူး။
ဒါနဲ့ဘဲလမ်းမှာတွေ့တဲ့ တိမ်ပုတ်ပုတ်လေးရယ်
ရွာထဲအဝင်လမ်းကလေးရယ်။
ချစ်စရာ အဝါအစိမ်းရောနေတဲ့လယ်တောအိမ်လေးကို တော့အမိအရ။
အပြန်လမ်းဆင်းလာရင်းနဲ့တစ်နေရာမှာ တောရိုင်းပန်းဝါဝါလေးတွေ့တော့ မနေနိုင်။
သူ့နံဘေးနားမှာတော့ ကိုင်းတောလေးရယ် တိမ်ပြာပြာရယ်ကလှပ။
နောက်တော့ ဗျုးပွိုင့်မှာဆင်းပြီး ထပ်ရိုက်။
အဲဒိကဆက်အဆင်း ဇီးပင်ကြီးအလွန်မှာတော့ ဟိုးအဝေးက တောင်ခါးပြတ်ကြီးကိုလက်ဆော့၊
အောက်ဆုံးနားအရောက်မှာတော့ ညနေငါးနာရီခွဲကျော်ကျော်ပေမယ့် နေမင်းက ဝင်လုဆဲဆဲ။
အရင်က ခက်ခဲစွာမောင်းခဲ့ရတဲ့ကျော်တောင်လမ်းကျဉ်းလေးရောက်တော့ မြေပြန့်လဲနီးပြီမို့ ဆိုင်ကယ်
လမ်းဘေးထိုးပြီး ဓါတ်ပုံတွေရိုက်ပါတော့တယ်။
ထုံးဘိုအကျော်မှာတော့ နေဝင်ဆည်းဆာအလင်းတန်းလေးကို အရအမိ။
အိမ်ပြန်ရောက်တော့ မှောင်နေပါပြီ ခြောက်နာရီ။
ကိုပေါက်လမ်းသလားနေသည်။
22-11-2012






7 comments
aye.kk
November 28, 2012 at 10:48 am
ကိုပေါက်ရေ
မေမြို ့အဆင်းလမ်းကရှုခင်းတွေက သာသာယာယာနဲ ့မြင်ရတာ
အရမ်းလှတယ်နော် ။ လက်ရာကလည်း ပန်းချီကားချပ်တွေ အလားထင်မှတ်မှားမိရပါတယ် ။
မောင်ပေ
November 28, 2012 at 3:15 pm
ဗျူးပွိုင့် ကတော့ ဘယ်အချိန်သွားကြည့်ကြည့် အမြဲလှနေမယ် ထင်ပါရဲ ့ဗျာ
အလင်းဆက်
November 28, 2012 at 6:35 pm
အဲဒီ တဲ လေးမှာ… နေချင်လိုက်တာ…။
Ma Ei
November 29, 2012 at 9:49 am
အဝါရောင် ပန်းခင်းလေး လှလိုက်တာ…
ပန်းရိုင်းလေးတွေလဲ လှတာဘဲ…
ကိုပေါက်(မန္တလေး)
November 29, 2012 at 9:55 am
မယ်အိရေ
တန်ဆောင်မုန်းလပြည့်နေ့ကတောင် မဒမ်ပေါက်နဲ့ မေမြို့ကိုထပ်ရောက်သေးတယ်။
ဒီတစ်ခါတော့ ကန်တော်ကြီးရယ် မဟာအံ့ထူးကံသာ က တိမ်မြင်ကွင်းရယ် ရလာတယ်လေ
နောက်ရက်တင်ပေးမယ်။
Hnin Hnin
November 29, 2012 at 12:47 pm
ပန်းဝါဝါလေးတွေက လှလိုက်တာ… lovely
ပုံတွေအတွက်လည်း ပုံအတွက်ပေါ့…ဆိုင်ကယ်နဲ့ဆိုတော့ ပိုသတိတော့ ထားပါ လေးပေါက်ရေ…
သူများကား အချိုးအကွေ့တွေ ကြည့်ရတာတော့ အသည်းတအေးအေးပဲ..
ကိုပေါက်(မန္တလေး)
November 29, 2012 at 1:36 pm
ဟုတ်ပါတယ် မယ်နှင်းရေ
မေမြို့လမ်းက အရင်က အန္တရာယ်များတယ်။
အခုကတော့ နှစ်လမ်းသွားဆိုတော့ အေးဆေးပါ။
နောက်ဆိုင်ကယ်နဲ့သွားနေကျဆိုတော့ လမ်းအချိုးအကွေ့ကိုအလွတ်ရနေတာလဲပါမယ်။
အဲဒီပန်းဝါဝါတွေပေ့ါ တစ်တောင်လုံးပွင့်နေတာတွေ့ခဲ့တာ။
ပြည်ချစ်ဘုရား ဘေးက တောင်ကုန်းမှာ
နောင်ခမ်းကြီးတောင်သွားတော့လဲတွေ့ခဲ့ပါ.
မဒမ်ပေါက် ပါလာတော့ ဆိုင်ကယ် ခဏခဏမရပ်ချင်တော့ လက်မဆော့ခဲံ့ရဘူးလေ။
နောင်ခမ်းကြီးတောင်က တော့ ရောက်ဘူးသူနည်းမယ်
မေမြို့သားတွေတော့ သိမယ်
ကျနော်တောင် မေမြို့ရောက်ပေမယ့် အဲဒီတောင်ကို 10နှစ်ကြာမှ တစ်ခါပြန်ရောက်တယ်
တင်ပေးလိုက်ပါအုံးမယ်