“စားချင်စရာ ငါးကျပ်တင် တွေပေါတဲ့ အောင်ပန်းဈေးနေ့” ၁၈




















“စားချင်စရာ ငါးကျပ်တင် တွေပေါတဲ့ အောင်ပန်းဈေးနေ့” ၁၈
၂၀၁၁ မှာအောင်ပန်းကို ပထမဆုံးအကြိမ်ရောက်တဲ့အခါ ဈေးနေ့နဲ့ကြုံပါတယ်။
ဈေးကြီးအဝင်လမ်းတန်းမှာ လမ်းဘေးဝဲယာ က တစ်တန်းအလယ်ခေါင်မှာနှစ်တန်း ကျောခြင်းကပ်
ဆိုင်တွေခင်းရောင်းကြပါတယ်။
အဲဒီတုန်းကတော့ ကျနော်က လူပုံတွေကိုလက်ဆော့ဘို့ စိတ်မဝင်စားတော့မရိုက်ဖြစ်ခဲ့ပါဘူး။
အမှန်ကတော့ မရိုက်ရဲတာလဲ ပါပါတယ်။
ဒုတိယတစ်ခေါက် ကျပြန်တော့ ဈေးနေ့နဲမဆုံ။
အခုတစ်ခေါက်မှာတော့ ဈေးနေ့နဲ့ဆိုပေမယ့် ဆိုင်တွေက အရင်လို လမ်းမတန်းမှာခင်းထားတာမတွေ့။
မေးကြည့်တော့မှလမ်းကြားထဲမှာဘဲဖွင့်ခွင့်ပြုတယ်လို့ သိရပါတယ်။
အဲဒါနဲ့ ဈေးအရှေ့ဘက်လမ်းကြားထဲကိုဝင်ခဲ့ပါတယ်.။
ဈေးတန်းကြီးကလဲ အရှည်ကြီး၊
အဲဒီမှာ တုတ်ကလေးတွေနဲ့သီထားတဲ့ အကင်လေးတွေမြင်လို့မေးကြည့်တော့။
အကောင်ရှည်ရှည်လေးတွေက ငါးရှဉ့်ကျပ်တင်ပါတဲ့။
အပုသေးသေးလေးတွေက တော့ ငါးရံ့ကင်ပါတဲ့။
အကောင်ကြီးကြီးတွေလဲ ပါပါတယ်။
ငါးရှဥ့်ကတော့ငါးရာဘိုးသုံးကင်လို့ပြောပါတယ်။
သူက ကျပ်တင်ရုံဘဲတင်ထားတော့ ပြန်ပြီး ဆီပူထိုးမှ စားလို့ရမယ်ဆိုပါတယ်။
လှမ်းကြည့်လိုက်တော့ ဈေးတန်းကြီးကအရှည်ကြီး၊
အဲတော့ ထုံးစံအတိုင်းလက်ဆော့မိသပေါ့။
ကိုပေါက်လမ်းသလားနေသည်
၂၀၁၂ အောက်တိုဘာ အောင်ပန်း-၁၈
11 comments
myanmarcitizen
November 4, 2012 at 5:21 pm
ဦးဦးဖျားဖျားလေးကြည့်သွားတယ်ဗျို့။ ကိုပေါက် တို့များ ဟိုနေရာရောက်လိုက် ဒီနေရာရောက်လိုက်နဲ့ သဘောကျတယ်ဗျာ။ ကျွန်တော်မှာများ တစ်နှစ်ကြာလို့တစ်ခါခရီးမထွက်နိုင်ရှာဘူး။ ဒီအခန်း ဒီဖင်ထိုင်ခုံမှာပဲ ငုတ်တုပ်မေ့နေရရှာတယ်။
မောင်ပေ
November 4, 2012 at 6:54 pm
ကျပ်တင် တယ်ဆိုတာ ဘာလုပ်ထားတာကို ပြောတာလဲ ဗျို ့
မီးကင်ထားတာလို ့ပြောတာလား
မသိလို ့ပါ
ကိုပေါက်(မန္တလေး)
November 4, 2012 at 9:40 pm
ကျပ်တင်တယ်ဆိုတာ မီးဖိုရဲ့အပေါ်မှာရှိတဲ့ ဝါးနဲ့လုပ်ထားတဲ့စင်ပေါ်မှာတင်ထားတာလေ
နောက်တစ်ခါ မီးနဲ့တိုက်ရိုက်မထိဘဲကင်တာကိုလဲ ကျပ်တင်တယ်ခေါ်ပါ၏
Ma Ei
November 5, 2012 at 10:56 am
ငါးကျပ်တိုက်လေးတွေ ဖဲ့ရွဲ့အသားထွင်ပြီး
ကြက်သွန်ဖြူ၊နီ၊ငရုတ်သီးခွဲကြမ်း၊ဆား၊အချိုမှုန့် နဲ့
ကျွပ်ကျွပ်လေးကြော်ထား စားကောင်းမှကောင်း…
Khaing Zar Win
November 5, 2012 at 11:02 am
ပုံတွေကြည့်ပြီး ဘယ်လိုစားရင်ကောင်းမယ်ဆိုတာ အာရုံတွေရနေရင်း မွအိ ကော်မန့်မြင်တော့ ပိုဆိုးလာပြီ။
ရှမ်းပြည်မှာ နေတုန်းက အဲလိုငါးကျပ်တင်ကို ငရုတ်သီးခြောက်နဲ့ ကျော်ပြီး ရှမ်းထမင်းပူပူလေးနဲ့စားလေ့ရှိပါတယ်။
လွမ်းတာ။ :kwi:
ကိုပေါက်(မန္တလေး)
November 5, 2012 at 11:30 am
ကျနော်လဲ ကျပ်တင်တွေဝယ်ချင်တာဗျ။
မဒမ်က သယ်ရခက်မယ်နော်ဆိုတာရယ် ခရီးကလဲ အလည်ခရီးမဟုတ်တော့ မဝယ်ခဲ့ရဘူး။
နောက်တစ်ခေါက်ဆိုရင်တော့…………………………………..
Hnin Hnin
November 5, 2012 at 11:37 am
အသားငါးတွေထက် အသီးအနှံ စိမ်းစိမ်းသီးလေးတွေကို သွားရေယိုသွားပါသည်…
ပန်းထိမ်မနိုင်/ငို ပန်းတွေကလည်း တောင့်ဖြောင့်ပြီး လှနေတာပဲ(ကြည့်ရတာ
ရေစိုက် ရောင်းပုံမရ)
လှည်းတန်းဈေး ရေပုံးစိုက်ပန်းသည်ထက်ကို ပိုလှနေတာ….
Wow
November 5, 2012 at 11:40 am
ကျပ်တင်ခြောက်တွေက အနံကလေးတွေကတင် တစ်မျိုးမွှေးပြီးစားကောင်းတာ..
ဒါနဲ့ ပအို့တွေကဘာလို့ အမဲတွေဝတ်တာလဲ မသိဘူးနော် :bar:
garuda
November 5, 2012 at 2:03 pm
စားချင်ထှာ
ကိုပေါက်(မန္တလေး)
November 5, 2012 at 2:17 pm
အပေအတေခံအောင်ရယ်
(သူတို့အအေးပိုင်းဒေသက ခဏခဏ အဝတ်လျော်လို့ လဲအဆင်မပြေဘူးလေ)
အနက်ရောင်ဆိုတာ တည်ငြိမ်ရင့်ကျက်တဲ့သဘောဆောင်တာရယ်ပါ။
Novy
November 6, 2012 at 4:09 pm
ကျပ်တင်ခြောက်လေးတွေကိုဖဲ့ ကြက်သွန်ဖြူလေးဓားပြားရိုက်
ဟင်ချိူလေးချက်စားလိုက်ရရင်တော့ ရှယ်ကောင်းပေါ့လေးပေါက်ရေ.