တစ်ရက်ကျနော်မန္တလေးတောင်ခြေက ကျောက်တော်ကြီးဘုရားကို မိတ်ဆွေတစ်ယောက်ကိုလိုက်ပို.ရင်းနဲ.ရောက်ပါတယ်။ ဘုရားအရိပ်ဆိုတာ တကယ်အေးမြတယ်စိတ်ကိုကြည်လင်စေတယ်ဆိုတာ ဘုရားကိုရောက်တိုင်းခံစားရပေမဲ.မှန်တာပြောရင် အမြဲမရောက်နိုင်သလိုအမြဲရောက်ဘို.လည်း မကြိုးစားမိတာတော.အမှန်ပါဘဲ။ ကျနော်နဲ.ကျနော်မိတ်ဆွေနှစ်ယောက်ဘုရားကို ဝင်ကန်.တော. ရင်းအလွန်ကြီးမားသော ကျောက်တစ်လုံးထဲမှထုဆစ်ပူဇော်လို. ရလာတဲ. တန်ဘိုးဖြတ်လို.မရနိုင်တဲ.ရှေးမြန်မာအစွမ်းကို အရမ်းကိုလေးစားမိသလိုနားထဲမှာစည်တီးသလိုကြားနေမိတာကတော. နန်းတော်ရှေးဆရာတင်ရေးစပ်လို.အဆိုတော်ပေါင်းများစွာ အကြိမ်ပေါင်းများစွာ ပြန်ဆိုခဲ.ပြီးပြြီုဖစ်တဲ.” မြန်မာ.ဂုဏ်ရည်” သီချင်းထဲ.က ” ကျောက်တော်ကြီးဘုရားက များအံ.လောက်ပေသည် စမ်းကျတဲ.ရေအလျှင်ရွေကျင်နန်းက ရတနာပုံ မြန်းကြွတဲ. ” ဆိုပြီး ရွှေကျင်ကနေကျောက်တော်ကြီးဘုရားမန္တလေးမြို.ကိုရောက်လာပုံကိုရေးဖွဲ.ထားတာကနေ သီချင်းအချပိုဒ်ရဲ.အဆုံးမှာပါတဲ. “ရာဇဝင်များမှာထင်ရှားမြန်မာဂုဏ်ရည်” ဆိုတဲ.စာသားလေးပါ။ သည်စာလေးကို နားထဲမှာကြားမိရင် သည်လိုကြီးမားတဲ.ခက်ခဲတဲ. ကိစ္စတွေကိုအကောင်အထည်ဖော်ခဲ.နိုင်တဲ.ရှေးမြန်မာကြီးများကိုလေးစားမိသလို မြန်မာဖြစ်ရတာကိုလည်းဂုဏ်ယူမိပါတယ်။ ဆက်ပြီးကိုယ်ကို ကိုယ်လည်းရှက်မိပါတယ်။ သူတို.လိုငါမစွမ်းဆောင်နိုင်ဘူးဆိုတာကိုတွေးမိလို.ပါ။ သည်လိုနဲ.ကျနော်တို.နှစ်ယောက် ဘုရားကိုလက်ယာရစ်ပါတ်လို.ကြီးမားကျယ်ဝန်းတဲ.အေးမြတဲ.ဘုရားပရဝုဏ်ထဲကနေ အရှေ.ဖက်အပေါက်ကတဆင်.အပြင်ကိုထွက်လာပါတယ်။ အပြင်ကိုလည်းရောက်ရော ဘုရားအတွင်းမှာတုန်းက ရထားတဲ.ပီတိတွေကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ပါတယ်။ အပ်ထားတဲ.ဆိုင်ကယ်ကိုရွေးနေတုန်း ကျနော.တင်ပါးကိုနောက်ကနေ တခုခုနဲ.ထိနေသလို ထင်လို.လှည်.ကြည်.လိုက်တော. အရွယ်မရောက်သေးတဲ.8နှစ်သားလောက်သူတောင်းစားပေါက်စလေးက သူ.ထက်အရွယ်မရောက်သေးတဲ.တစ်နှစ်သားကျော်ကျော်လောက်ရှိတဲ.ကလေးလေးကို ခါးထစ်ခွင်ချီရင်းကျနော်ဆီက ပိုက်ဆံတောင်းနေတာပါ။ […]