kyawgyiMay 25, 20101min2201
ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်ကတော့ ကပ်ဆိုက်နေတယ်လို့ ပြောလို့ရမလားတော့ မသိပါဘူး။ တော်တော်လေး ဆိုးဆိုးဝါးဝါးကို ကြုံတွေ့နေရတာကို တွေ့ရပါတယ်။ သင်္ကြန်ကာလ 2010 ဧပြီလ ၁၅ ရက်နေ့တုန်းက X2O မဏ္ဍပ်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပြီး သေတဲ့သူတွေ သေ၊ ဒဏ်ရာရသူက ရ နဲ့ စိတ်မကောင်းစရာ၊ ဝမ်းနည်းစရာ အဖြစ်ကို ကြုံတွေ့ခဲ့ရတာဟာလည်း ဒီမင်္ဂလာတောင်ညွန့်မြို့နယ်မှာပါပဲ။ နောက်အဖြစ်အပျက်တစ်ခုကတော့ မနေ့က 24.5.2010 မှာ မြန်မာနိုင်ငံရဲ့ World Trade Center လို့တောင် အမည်တပ်လို့ရတဲ့ မင်္ဂလာဈေးကြီးဟာ မနက် ၈း၃ဝက စတင်ပြီး မီးလောင်ခဲ့တာ ယနေ့နံနက် ၄း၃ဝ မှ မီးထိန်းသိမ်းနိုင်ခဲ့တယ်လို့ ပြည်တွင်းသတင်းဌာနမှ သိရပါတယ်။ ဒီမီးလောင်မှုကြီးဟာလည်း အပျက်အစီးဆုံးရှုံးမှု အများဆုံးနှင့် အချိန်အကြာမြင့်ဆုံး မီးလောင်မှုကြီး တစ်ခုပဲ […]