“မျှဝေ ပေးဝေ ”     ပြီးခဲ့တဲ့ရက်က မြို့သစ်ဘက်ကို အသွား ခြံ ကျယ် ဝင်းကျယ်ကြီးထဲမှာ အမြီးမပါတဲ့ ဒိုဘာမင်ခွေးတွေကို လွှတ်ထားတာမြင်လိုက်တော့ ငယ်ငယ် တုန်းကဖတ်ဘူးခဲ့တဲ့ မြေခွေးအမြီးပြတ်ပုံပြင်ကိုသွား သတိရလိုက်ပါတယ်။ ဒီပုံပြင်လေးက လဲ မြန်မာ့မူရင်းပုံပြင်တော့ မဟုတ်လောက်ပါဘူး။ မွေးစားထားတဲ့ ပုံပြင်လေး ဖြစ်မယ်ထင်ပါတယ်။ ကြားတော့ လဲကြားဘူးပြီးသားဖြစ်ဘို့များပါတယ်။ တစ်ခါကတောထဲမှာမြေခွေးတစ်ကောင်ကထောင်ချောက်မိပြီး အမြီးပြတ်သွားပါသတဲ့။ အဲဒီမြေခွေး အမြီးပြတ်နေတာမြင်တော့ ကျန်တဲ့မြေခွေးတွေက မေးတဲ့အခါ သူက အမြီးပါနေရင် သားကောင်ချောင်းတဲ့အခါ ရှုပ်လို့အမြီးဖြတ်ထားတယ်လို့ညာပြောပါသတဲ့။ သူပြောတာကို အဟုတ်မှတ်တဲ့ မြေခွေးတွေက သူတို့ အမြီးတွေကို ဖြတ်လိုက်ကြပါသတဲ့။ ဒီပုံပြင်လေးကို သတိရတော့ ပြီးခဲ့တဲ့နှစ်ကမှကွယ်လွန်သွားတဲ့ ဦးလေးမောင် ကို သတိရလိုက်မိပါတယ်။ ဦးလေးမောင်လို့ သာခေါ်ရတယ်အသက်က သိပ် မကြီးသေးဘူးဆိုနိုင်ပါတယ်။ […]