“မန္တလေးက အိမ် တံဆိပ်ကပ်တဲ့အိမ် ဒါပေမယ့်ရှေးရှေးကအိမ်” ကျနော်တို့မန်းလေးမှာ အိမ်တွေကို ညွှန်းရင် အိမ်နံပါတ်ကိုပြောတာထက် ထူးခြားထင်ရှားတဲ့သင်္ကေတလေးတွေနဲ့နံမယ်ပေးလေးရှိကြပါတယ်။ အဲဒီအိမ်လေးတွေရဲ့ထူးခြားတဲ့သင်္ကေတလေးတွေကလဲ အများခေါ်စရာနာမယ်လေးတွေ၊ ဒါမဟုတ်ဘတ်စကားမှတ်တိုင်နာမယ်လေးတွေဖြစ်သွားပါတယ်။ ဥပမာပြောရရင် 78လမ်း တောင်ဘက် မြို့အထွက် အခုကမ္ဘောဇဘဏ်ရှိတဲ့အကွေ့လေးကို “ခင်စောမူကွေ့”လို့ခေါ်ပါတယ်။ အဲဒီနားမှာ ခင်စောမူဆီစက်ရှိလို့ပါ။ နောက်တမ္ပဝတီနားရောက်ရင် ဘိုဆန်ဆန်အိ်မ်လေးရှိတဲ့နေရာလေးကို “ဘိုအိမ်” အစရှိသဖြင့်နာမယ်ပေးကြပါတယ်။ နောက်ထူးခြားတာက အိမ်တွေမှာ အမှတ်တံဆိပ်ကပ်ကြတာပါဘဲ။ (ဒေါင်းတိုက်) ပထမဆုံးတွေ့ရတဲ့ပုံလေးကတော့ 1967ခုနှစ်ကဆောက်ထားတဲ့ “ဒေါင်းတိုက်”လို့အမည်ပေးထားတဲ့အိ်မ်လေးပါ။ 25လမ်းနဲ့83လမ်းဒေါင့်မှာ လှပတဲ့ ဒီဇိုင်းပုံစံဆန်းဆန်းလေးနဲ့အိမ်လေးပါ။ အဲဒီအဆောက်အဦကြိးက အကြီးကြီးခန့်ခန့်ငြားငြား။ ဒီအထဲမှာ မိသားစုတွေအများကြီးနေထိုင်ကြပါတယ်။ အခုထိမပျက်မစီးရှိနေပါတယ်။ (ကာတစ်တိုက်) ဒီကာတစ်တိုက်ကတော့ အသိများပါတယ်။ 26ဘီလမ်းနဲ့83လမ်းဒေါင့်မှာရှိပါတယ်။ ဒီတိုက်က ဆေးရောင်းတဲ့တိုက်ဆိုတော့ ဆေးထောင်းတဲ့ငရုတ်ဆုံလေးကို သူတိုက်ဒေါင့်မှာချိတ်ထားပါတယ်။ အဲဒီခေတ်က မိန်းကလေးရဲ့တင်ပါးကို ဒီဆုံလေးနဲ့တင်စားပြီး “ကာတစ်”ဆိုတဲ့ဗန်းစကားလေးက တွင်ကျယ်ခဲ့ပါတယ်။ ဟိုတစ်လောက […]