“မျှော်လင့်ထား၏ မထား၏ အသင့်ဖြစ်၏ မဖြစ်၏” မနေ့က နယ်ကုန်သည်တစ်ယောက်က သူလွှဲထားတဲ့ကုန်ဘိုးငွေရ မရကို ဖုန်းဆက်မေးပါတယ်။ သူငွေထုတ်ခိုင်းတဲ့ အိမ်မှာ နာရေးရှိနေလို့ မထုတ်ရသေးတဲ့အကြောင်းကို ရှင်းပြရပါတယ်။ ဟော အဲဒီဖုန်းလဲချပြီးရောက် နောက်တစ်ခါ ဖုန်းမြည်လို့နားထောင်လို်က်တော့ မိတ်ဆွေတစ်ယောက်ဆုံးသွားတာကိုလှမ်းသတင်းပေးတဲ့ဖုန်းလေးဖြစ်နေပါတယ်။ “အော် ပျက်ကွက်သွားပြန်ပြီ လူမူ့ရေးတစ်ခု”လို့ တွေးမိပါတယ်။ သူအိပ်ယာထဲက မထနိုင်တော့ဘူးဆိုတာကို ပြီးခဲ့တဲ့ တစ်ပါတ်လောက်က သတင်းကြားရပါတယ်။ ဆေးရုံတက်တာလဲမဟုတ် သူနေမကောင်းတာကလဲကြာပြီဆိုတော့ ကျနော်ကလဲ အလောတကြီးသွားမမေးမိတာပါ။ အခုလိုကိုယ်သတင်းသွားမမေးရသေးခင် ဆုံးသွားပြီဆိုတာကို သိတော့ မဆုံးနိုင်တဲ့နောင်တတွေရပြီး ”်အချိန်ရသေးတယ်ဆိုရင် အချိန်ရွှေ့တတ်တဲ့ အကျင့်ဆိုးကိုပြင်ဘို့သင့်ပြီ” လို့ထုံးစံအတိုင်း ကိုယ့်ကိုကိုယ်သတိပေးမိပြန်တဲ့အခါ “သတိပေးပေါင်းလဲများလှပြီနော်”လို့ ပြန်ပြောတဲ့အသံလေးကိုကြားမိသယောင်ယောင်ဆိုပြန်တော့ တစ်ယောက်ထဲပြုံးမိပါသေးတယ်။ မှတ်မှတ်ရရ ဒီတစ်ပါတ်ထဲမှာတင်နာရေးသုံးခုဆက်နေပါတယ်။ ပထမတစ်ယောက်က ကျနော်တို့အလုပ်က ကောင်မလေးရဲ့အဖေ။ နောက်တစ်ယောက်က ကျနော်တို့ ကုမ္ပဏ […]