မင်္ဂလာဦးည (သို့) သတို့သမီး၏ ရင်ခုန်သံ ဆံမြိတ်ဖြေလျော့ သူ…အိပ်တော့မည်။ လှပသည့် မိန်းမပျို ညဝတ်ရုံ ကပိုကယိုနဲ့ လေသာဆောင် ပြတင်းနား အိမ်ပြန်ချိန် သတို့သားကို ရှက်အားပို မျက်နှာတော်နှင့် မျှော်နေလင့်ပြီ… သူ…မသိလေသလား သူတို့တွေဆွဲထားလို့ နောက်ကျနေတာလား…ဟင် ခင်ကတော့တစ်ကိုယ်တည်း ပိုကဲတဲ့သဒ္ဒါနဲ့ ညခင်းရဲ့အလယ် လမင်းနဲ့ဖလှယ်မိတဲ့အပြုံး နှလုံးသားချင်းဆုံကြဖို့ ကြည်နူးလို့နေခဲ့ပေါ့….. လာပါတော့…နော် ညင်သာစွာခေါ်နေရင်း ကျမရဲ့ချစ်ခြင်းတရားတွေယိုဖိတ် ကြယ်လေးတွေတေးဆိုသိပ်တောင် မောင်နဲ့မှ အိပ်ချင်သူပါ……. မူယာမပါ… မာယာမသုံး… တစ်ညလုံးမောင့်အနားမှာ ချစ်စကားတွေပြောချင်တယ် မောစဉ်မှာမောင့်လေညင်း ပါးပြင်မှာ စစ်ခင်းပါစေ အနမ်းတစ်ရာဝေကြ မောင်ခြွေမှ ကြွေရမယ့်ပန်း မောင်နမ်းမှ လန်းရမယ့်နှုတ်ခမ်းတွေ မောင့်ကိုသာ မျှော်လင့်နေကြ မောင်ချော့သိပ်မှ အိပ်ရတော့မယ်မောင်ရယ်။ ။ တောက ကိုရင်