“ကိုပေါက်လမ်းသလားနေသည် အပိုင်း(17)” (အင်းလေးရေကပြင်ကျယ် လှေကငယ်ငယ် ) အရှေ့ဖက်အရပ်လှေရဲ့ ဘယ်ဘယ်ခြမ်းကိုကြည့်လိုက်ရင် အဝေးမှာ တိမ်နှင်းထု သူ့အောက်မှာတော့ မူံပြပြ ဝိုးတဝါးတောင်တန်းနဲ့ မသဲမကွဲအိမ်ကလေးတွေ အဆုံးမရှိတဲ့ နေရာထဲရောက်နေသလို။ အနောက်ဘက်အရပ် လှေရဲ့ ညာဘက်ခြမ်းကြည့်လိုက်မှ ပြာလွင်စိမ်းမြနေတဲ့ ကောင်ကင်နဲ့မြေပြင်ကိုမြင်ရပါတယ်။ ရေပြင်ထဲမှာတော့ လှေကလေးတစ်စင်း။ လှေဦးမှာ ဆောင့်ကြောင့်ထိုင်ရင်းလှော်ခတ်နေတာကတော့ ရေမကူးတတ်တဲ့ကျနော်အဖို့တော့ ပြုတ်များကြလိုက်ရင်ဆိုတဲ့အတွေးနဲ့ရင်ဖိုစရာ။ ပြာလွင်ရေပြင်ရဲ့အနားသတ်မှာတော့ အိမ်ကလေးတွေနဲ့ထုံးဖွေးဖွေးစေတီ။ အစိမ်းရောင်အပင်အုပ်စုလေးတွေရဲ့အဆုံးမှာ တောင်တန်းစိမ်းမှောင်မှောင် သူ့ရဲ့အဆုံးမှာတော့အဖြူရောင်တိမ်တို်က်နဲ့ ပြာလွင်လွင်ကောင်းကင် မြင်ရတာရင်အေးစရာ။ ရေထဲမှာတော့ ကျနော်တို့လိုဘဲ လွင့်လာတဲ့ ဗေဒါတစ်အုပ် သူ့မှာလဲ ဦးတည်ရာပန်းတိုင်ရှိမယ်ထင်ပါရဲ့။ အရှေ့ဘက်ကိုကြည့်မိပြန်တော့ မူံမိူင်းနေတဲ့အင်းရေပြင် ။ သူ့အဆုံးမှာတော့ နှင်းထုတွေအလိပ်လိပ်တက်နေသလိုမြင်ရတဲ့ ရီဝေတဲ့တိမ်ဆိုင်အုပ်။ အရှေ့ဘက်နဲ့အနောက်ဘက် မူံမိူင်းနဲ့ ကြည်လင် မြင်ကွင်းခြင်းကွာတော့ နှစ်ဖက်လှပန်းချီကားအတိုင်းပါဘဲ။ အဆုံးမဲ့နေသလိုထင်ရတဲ့အင်းအရှေ့ဘက်မြင်ကွင်းမှာတော့ မပီမသဝိုးတဝါးနဲ့ရှိနေတဲ့ ဘုရားဖြူဖြူ။ အရှေ့ဘက်ခြမ်းမှာ လှုပ်လှုပ်ရွရွရှိနေတဲ့အမဲစက်ကလေးတွေက […]