တစ်ရက်တော.မတွေ.တာအတော်ကိုကြာနေတဲ.ငယ်သူငယ်ချင်းတစ်ယောက်ကို 35လမ်းပေါ်မှာ ဆိုင်ကယ်စီးနေရင်းတွေလိုက်ပါတယ်။ သူ.ကိုလှမ်းတွေ.တော.အားရဝမ်းသာနဲ.ခေါ်မယ်လုပ်တော.သူ.နာမယ်အရင်းကိုကျနော်ကမေ.နေပါတယ်။ ဒါပေမဲ.မတတ်နိုင်ဘူးတွေ.ချင်တော.လဲအော်ခေါ်လိုက်ပါတယ်။မှတ်မိတဲ့နာမယ်ပေါ.။ “ပေသန်း”လို.။် သူငယ်ငယ်က ကျောင်းအမြဲနောက်ကျတတ်ပါတယ်။ နောက်ကျရင်ပေးတဲ.အဖြေက သူ.အဖေအတွက်ဆေးသွေးပေးနေရလို.ပါ။ ဘာဆေးလဲလို.မေးရင် ကြံ့ချိုကိုသွေးပေးရတာ သိပ်ဈေးကြီးတယ် လူတိုင်းဝယ်သုံးနိုင်တာမဟုတ်ဘူး။ ကျနော်တို.သိတာကတော. ကြံ့ချိုဆိုတာ အသက်ကြီးတဲ.ဘိုးတော်များအတွက်အားဆေးဆိုရင် သဘောပေါက်။ သူငယ်ချင်းတွေကဒါဆိုရင်မင်းအဖေက မလန်းလို.သောက်ရတာပေါ.လို.စကြနောက်ကြ ရင်းနဲ.သူ.နာမယ်ပြောင်က “ပေသန်း”အတည်ဖြစ်သွားပါတယ်။ ကျနော်ခေါ်တဲ.အသံကြားတော.လှည်.ကြည်.တဲ.ပြီး ငပေါက်လိုပြန်အော်ပြီးဆိုင်ကယ်ကိုရပ်လိုက်ပါတယ်။ နောက်တော.နှစ်ယောက်သားနီးတဲ.လက်ဖက်ရည်ဆိုင်ဝင်ထိုင်လို.ရှေးဟောင်းနှောင်းဖြစ်တွေကိုအားရပါးရစမြုံ့ပြန်လိုက်ကြတာ လူတောင် အနှစ်20လောက်ငယ်သွားသလိုပါဘဲဗျာ။ သူနဲ.လမ်းခွဲလို.ပြန်အလာ အိမ်ရောက်တော.လည်း ငယ်မူပြန်စိတ်လေးက မပျောက်ဘဲ ပြန်တွေးရင်ကိုလူက အလိုလိုပြုံးနေမိပါတယ်။ ကျနော်တို.ငယ်ငယ်က သူငယ်ချင်းတွေက တစ်ယောက်နဲ.တစ်ယောက်နာမည်ပြောင်တွေကို အပြန်အလှန်ပေးကြခေါ်ကြပါတယ်။ အသားမဲမဲကောင်ကို ” ကျီးကန်း “။ နေရာတကာ စပ်စပ်စပ်နဲ.ပါတတ်တဲ.ကောင်ကို ” ငကြွက် ” အမြဲတမ်းမျက်နှာရှစ်ခေါက်ချိုးနဲ.ကောင်ကို ” ထမင်းရှင် “။ဆရာဆရာမနားကပ်ဖားတတ်တဲ.ကောင်ကို ” အနားပြာ “၊ မြန်မာပြည်မြေပုံကိုပုံပျက်အောင်ကားကားကြီးဆွဲတတ်တဲ.ကောင်ကို ” […]