“အောင်ပါစေ အောင်ကျော်ချမ်းအေး ဆိုတဲ့ရွှေမန္တလေး……………..ရေ”   မန်းလေးမှာထူးခြားတာက ဝါတွင်းဆိုရင် သီချင်းဆိုပြီးအလှူခံတဲ့အဖွဲ့တွေထွက်ကြတာပါဘဲ။ ဆွမ်းလောင်းဘို့ အတွက် ဆိုပြီးရည်ရွယ်ပြီးထွက်ကြတာများပါတယ်။ အနီးဖိတ်၊အဝေးဖိတ် နဲ့ ဥပုဒ်နေ့တွေမှာထွက်ကြတာပါ။ ဟိုအရင်ကတော့ အခုခေတ်လို မြန်မာ့အသံမရှိ၊ မြဝတီမရှိ၊ ချယ်နယ်လ်ဆဲဗင်းမရှိ၊ စကိုင်းနက်မရှိ၊ဂြိုလ်တုစလောင်းမရှိ ဆိုတော့ ဒီလို့အဖွဲ့လေးတွေကိုတခုတ်တရ နားထောင်ကြရတာပေါ့။ ကို်ယ်ကြိုက်တဲ့အဖွဲ့ များ လာမယ် ဆိုရင်အိမ်ရှေ့မှာ ရပ်ပါ။ ဘယ်သီချင်းဆိုပါလို့ တောင်းဆိုကြပါတယ်။ လက်ဖက်ရည်တစ်ခွက် တစ်ကျပ်ခေတ် မှာ တောင်မှ သီချင်းနားထောင်ဘို့ အတွက် အလှူ ငွေ ငါးကျပ် တစ်ဆယ် ထည့် ကြတာပါ။ တွန့်တိုစိတ်လဲမရှိ သီချင်း ကိုလ ဲ ဝါ သ နာ ပါ တဲ့ သူဌေးများကတော့ အစိတ် ငါးဆယ် ထည့် သပေါ့။ […]


“ဖြတ် သန်း ခဲ့ သော ပ လက် ဖောင်းများ” (အမှတ်သုံး) “ ပ လက် ဖောင်း အမှတ် -၁၈” အ ရောက် မှာ ကျ နော် ရန် ကုန် ကို သွား ချင် တဲ့ ပိုးထ လာ ပါတယ်။ ခပ် ငယ် ငယ် ဆယ် နှစ် သား က တစ် ခါ ဘဲ ရန် ကုန် ကို ရောက်ဘူး ပါတယ်.။ အဲ ဒီ အချိန် ကျ နော် အပြင် စာကို အတော် လေး ဖတ် တဲ့ အချိန် […]