“ဒီ………..ဒီ………..ဒီ” “မြနဲ့မောင်နဲ့ခုမှတွေ့တာ……………….” “ခွမ်း……………………………..” “ဒီလောက်ထိတောင် ဖြစ်နေရင်မင်းအဲဒီကောင့်ဆီဘဲလိုက်သွားတော့” “ဒုန်း…………………….” တယ်လီဖုန်း မြည်သံလေးတစ်ခုက ဒီလောက်အခြေအနေထိဆိုးဝါးသွားမယ်လို့ ကျမ မထင်ခဲ့မိတာ ကျမအမှားပါဘဲ။ အဲဒီအချိန်လေးမှာအဖြစ်ချင်ဆုံးကိုပြောပါဆိုရင် ဒီဆိုင်ထဲကနေအငွေ့ပျံပြီး အပြင်လေဟာနယ်ထဲကိုရောက်သွားချင်တာပါ။ “ကိုဝေ”လာခေါ်လို့ အဆောင်က ကမန်းကတန်းထွက်လိုက်လာတော့ ကျမမှာပိုက်ဆံအိပ်လဲမပါ။ ဆိုင်ကယ်လဲမပါ။ လက်ထဲကိုင်ထားမိတဲ့ဟန်းဖုန်းတစ်လုံးသာပါလာပါတယ်။ အဲတော့နှစ်ယောက်မှာစားထားတဲ့မုန့်ဘိုးရှင်းဘို့၊ ဗောဓိကုန်းက အဆောင် ကို အရောက်ပြန်ဘို့ ဆိုတာတွေက ခေါင်းထဲပြေးဆောင့်လာပေမယ့် ဖြေရှင်းဘို့အဖြေမရ။ သူငယ်ချင်းတွေလှမ်းခေါ်ရအောင်ကလဲ ဆက်သွယ်စရာဖုန်းက ကြမ်းပြင်ပေါ်မှာ တစစီ ပြန့်ကျဲ။ သေဘဲသေလိုက်ချင်ပါတယ်။ အဲတော့ ကျမလုပ်နိုင်တာကိုဘဲအမြန်ဆုံးအကောင်အထည်ဖော်လိုက်ပါတယ်။ မျက်နှာကိုလက်ဝါးနဲ့အုပ်ပြီးငိုချလိုက်တာပေါ့။ ဒီထက်ပို့ပြီး မတတ်နိုင်တော့ဘူးလေ။ @@@@@@@@@@@@@@@@@@@@ @@@@@@@@@@@@@@@@@@@ “ လာသွားကြစို့……………. “ဆိုပြီးကျမလက်မောင်းကို လူတစ်ယောက်ဆွဲထူလိုက်ပါတယ်။ အရမ်းကိုရှက်နေတဲ့ကျမကလဲ ယောင်တိ ယောင်နနဲ့ သူခေါ်ရာနောက်ကို ပါသွားပါတယ်။ […]