တစ်ရက်က လက်ဖက်ရည်သောက်ကြရင်း အောင်မောင်းရယ် ကျနော်ရယ်ကတစ်ဖက် နောက်ကိုစိန်မောင်တို့ ကိုသောင်းဝေတို့အပါအဝင်လေးယောက်ကတဘက်နဲ့ အငြင်းအခုံလေးတစ်ခုဖြစ်ကြပါတယ်။ စတာကတော့ ကျနော်တို့ အလုပ်အတွက်အင်တာဗျူးထိုင်ကြတဲ့အကြောင်းပြောတာကနေစတာပါ။ သူတို့ကကျနော်နဲ့အောင်မောင်းကို မင်းတို့ company သမားတွေအလုပ်ကိုရှုပ်တယ်ပေါ့ လူတစ်ယောက်အလုပ်ပေးဘို့ကို ဟိုမေးဒီမေး ဟိုစာရွက်တောင်းဒီစာရွက်တောင်းနဲ့ပေါ့။ သူတို့ကတော့ လူတစ်ယောက်မှာ အောင်လက်မှတ်ရှိဘို့မလိုဘူးတို့လုပ်ငန်းအတွေ့အကြုံဆိုတာသင်ယူရင်ဖြစ်ဖြစ်ကြာလာရင်ဘဲဖြစ်ဖြစ်အလွယ်တကူရနိုင်တယ်လို့ပြောတာကိုကျနော်တို့ကလက်မခံတာပါ။ သူတို့က အလုပ်လျှောက်လာလျှောက်တယ်ဆိုရင် အောင်လက်မှတ်တို့ထောက်ခံစာတို့မလိုဘူးပေါ့ ဒါတွေမပါလည်းတတ်ချင်တတ်မှာဘဲ လက်မှတ်ရှိလဲမတတ်တဲ့ကောင်တွေအများကြီးပေါ့။ နောက်အတွေ့အကြုံမရှိသေးရင်လဲ ဘာမှကိစ္စမရှိဘူးနောက်ကြာလာရင်တတ်သွားမှာဘဲလို့အလွယ်ပြောပါတယ်။ အရေးကြီးတာကတော့ ရိုးသားတဲ့လူရဘို့ဘဲလိုတယ်တို့ပြောတာကို ကျနော်နဲ့အောင်မောင်းကလက်မခံတော့ ထုံးစံအတိုင်းငြင်းကြတာပေါ့။ ကျနော်တို့တတွေက ငယ်သူငယ်ချင်းတွေလဲဖြစ်တော့ တစ်ယောက်တစ်ယောက် ပြောမနာဆိုမနာလဲဖြစ်ပြန်တော့ အားမနာတမ်းငြင်းကြတာပါ။ အဲဒီအခါမှာ ကျနော်က ဒီအဖြစ်အပျက်လေးကို သူတို့ကို အရင်ဆုံးပြောပြလိုက်ပါတယ်။ (တစ်ခါကလို့ဘဲပြောလိုက်ပါတော့ မယ် ရုံးကိစ္စလေးရှိတဲ့အတွက် လ.၀.က လို့ခေါ်ကြတဲ့လူဝင်မူ့ကြီးကြပ်ရေးရုံးကိုရောက်သွားပါတယ်။ ကျနော်ဦးစီးမှူးနဲ့တွေ့ဘို့စောင့်နေတုန်းစားပွဲတစ်ခုမှာ အသက်အတော်ကြီးကြီး လူကြီးတစ်ယောက်နဲ့စားပွဲမှာထိုင်နေတဲ့ယူနီဖောင်းဝတ်စာရေးမလေးရယ် ဘေးမှာမတ်တတ်ရပ်နေတဲ့ ယူနီဖောင်းဝတ်ကောင်လေးရယ်သုံးယောက်သားအခြေအတင်ပြေနေတာကို သေချာမကြားရပေမယ့် ပြဿနာ တက်နေတယ်ဆိုတာတော့ ့မြင်တာနဲ့သိနိုင်ပါတယ်။ကျနော်လဲစပ်စုချင်တာနဲ့ရှေ့နည်းနည်းတိုးထိုင်ပြီး […]


ကျနော်ရယ် ကိုအောင်မောင်းရယ်က အခုတလော မနက်တိုင်း မနက်တို်င်း တက်သေးအင်းကန်တော်ကြီးပါတ်လမ်းမှာလမ်းလျှောက်ဖြစ်ကြပါတယ်။ ကျနော်တို့ နှစ်ယောက်က မနက် ငါးနာရီခွဲလောက်ဆိုရင် ကန်ပါတ်လမ်းအဝင်နားမှာရှိတဲ့ရေပေါ်စင်ကြီးနားကိုရောက်ပါတယ်။ အရင်ကတော့ ဒီစင်ကြီးက လာတဲ့ဧည့်သည်တွေနားဘို့လေညင်းခံဘို့လုပ်ထားတာပါ။ တစ်ခါတစ်ရံ စနေနေ့ညတနင်္ဂနွေနေ့ညတွေ မှာဆိုရင် တီးဝိုင်းအဖွဲ့တွေက သီချင်းတွေနဲ့ဧည့်ခံတတ်ပါတယ်။ ဒါပေမယ့် စည်းကမ်းမဲ့တဲ့လူတစ်ချို့ စင်ပေါ်မှာလူထိုင်ဘို့ထားတဲ့ကွပ်ပျစ်တွေကိုတောင် ရိုက်ချိုးကြ စင်ပေါ်မှာ မီးဖိုကြလုပ်တော့ပျက်စီးမှာစိုးတဲ့အတွက်စားသောက်ဆိုင် တစ်ဆိုင်ကို ငှားလိုက်ပါတယ်။ ကျနော်တို့က ပါလာတဲ့ဆိုင်ကယ်ကို အဲဒီစားသောက်ဆိုင်မှာ အစောင့်တာဝန်ယူတဲ့ဝန်ထမ်းကိုပြောလို့ ထားခဲ့တတ်ကြပါတယ်။ ပြီးတော့ စကားတပြောပြောနဲ့ခပ်သွက်သွက်လေးချွေးကလေးစို့အောင် တောင်ဖက်အဖျားက ကရိဝိက်ဖောင်တော်ကြီးနားရောက်အောင်လျှောက်တတ်ကြပါတယ်။ ကရဝိက်အနားရောက်တော့ သူ့ဘေးကပ်ရက်မှာရှိတဲ့ ရွိုင်ရယ်လိပ်ဗျူးဆိုတဲ့စားသောက်ဆိုင်က ဆောက်ပေးထားတဲ့ ရေပေါ်တံတားလေးပေါ်မှာ တစ်ခါတစ်လေကျတော့လဲ မမြလေးဘုရားနားက ကုက္ကိုပင်အောက်မှာ နှစ်ယောက်သား အမောဖြေရင်း ရောက်တတ်ရာရာ လေပေါတတ်ကြပါတယ်။ အခုရက်က တောင်ပြုန်းပွဲရက်ဖြစ်တော့ စစ်ကိုင်းဘက်ကနေ တောင်ပြုန်းပွဲတော်ကို သွားတဲ့ကားတွေကလဲ လူအပြည့် တက်တက်ကြွကြွ […]


ကျနော်တို့ မြန်မာပြည်မှာလည်း အမှန်တကယ်တော့ အများမထိခိုက်အောင်အတွက် အသံချဲ့စက်တွေနဲ့ပါတ်သက်တဲ့ ဥပဒေတွေ ကတော့ အပီအပြင် အသေအချာရှိပြီးသားပါ။ ဒါပေမဲ့ ဥပဒေဆိုတာကို စာအုပ်ထဲမှာထားလိုက်ပြီး မလိုက်နာကြတာများပါတယ်။ နိုင်ငံခြားမှာဆိုရင်တော့ ဘယ်ရလိမ့်မလဲ။ ခက်တာက ကျနော်တို့ဆီမှာက အားလုံးက တစ်ယောက်နဲ့တစ်ယောက်မျက်နှာနာတာရယ် နောက် ဘာဖြစ်ဖြစ်သိပ်အလွန်အကဲကြီးမဟုတ်ဘူးဆိုရင် ခွင့်လွှတ်လိုက်ကြတာရယ် နောက်ရုံးပြင်ကနားသွားရမှာ ကိုစိတ်မဝင်စားတာကြောင့်လဲ ဥပဒေနဲ့လုပ်ရင်ရပေမယ့်လဲ မသိချင်ယောင်ဆောင်နေလိုက်တာများပါတယ်။ ဟိုအရင်က ကျနော်တို့အိမ်ရှိတဲ့ မစိမ်းစိမ်းရဲ့ ရွှေမန်းဆီသို့ သီချင်းထဲမှာပါတဲ့ ” မြို့တောင်ဖျားဆီ မှန်းရည် မဟာမြတ်မုနိကိုယ်တော်”ရှိရာအရပ်က အေးဆေးငြိမ်သက်သော လူနေကျဲပါးသောရပ်ကွက်လေးပေါ့။ ဈေးနဲ့လဲနီးတဲ့အရပ်လေးဖြစ်တော့ အရင်ကထက်စာရင် လူစည်သထက်စည်လာပါတယ်။ အခုတော့ လူဦးရေကများလာ တော့နေစရာလဲ တစထက်တစ ရှားပါးလို့လာပါတယ်။ မြေနေရာရှားပါးတယ်ဆိုတဲ့ နိုင်ငံများကတော့ မိုးပေါ်ကို တက်နိုင်သလောက်တက်လို့ မြင့်သထက်မြင့်အောင် တိုက်တွေဆောက်ကြပါတယ်။ ကျနော်တို့လိုမြေပေါသေးတဲ့ နိုင်ငံများကတော့ ရသလောက်နေရာလေးကို ရသလောက်ဆောက်ပြီး […]


မန္တလေး မှာနေတဲ့ကျနော်အဖို့ အင်မတန်မှကို စိတ်ချမ်းသာစရာအကောင်းဆုံးလို့ပြောနိုင်တာတစ်ခုကတော့ မနက်လေးနာရီလောက်ဆိုရင် အရင်ဆုံးကြားရတာက ကျနော်အိမ်ရဲ့အနောက်ဘက်မှာရှိတဲ့ဘုန်းကြီးကျောင်းက “တုံ တုံ တုံ “ဆိုတဲ့အုန်းမောင်းခေါက်သံလေးပါ။ သိပ်မကြာခင်မှာ ဘုရားကြီးဘက်က “နောင်–ဒိုင်း”သံကြားရပါပြီ။ ခဏလေးနေတာနဲ့မဟာမြတ်မုနိရုပ်ရှင်တော်ကို မျက်နှာသစ်တော်ရေဆက်ကပ်နေချိန်နဲ့အတူကျက်သရေရှိတဲ့နံက်ခင်းကို အင်မတန်မှ သာယာနာပျော်ဘွယ်ကောင်းတဲ့နရည်းရေကင်းသံ လေးက လေထဲကိုလွင့်ပျံလာပြီး မင်္ဂလာရှိလှသောအသံလေးနဲ့နံနက်ခင်းကိုဖွင့်လှစ်လိုက်တာပါဘဲ။ ဒီအသံလေးများကို ကြားရတာနဲ့တင် နံနက်ခင်းလေးက သာယာလို့ စိတ်ကိုအလိုလို ကြည်နူးစေပါတယ်။ နောက် ဝါတွင်းကာလ မှာဆိုရင် ဥပုဒ်နေ့ နံနက်(3)နာရီလောက်ကစလို့ မနက်အရုဏ်တက်ချိန်အမှီ မဟာမြတ်မုနိကိုယ်တော်ကို အရုဏ်ဆွမ်းကပ်ဘို့အတွက် ဆွမ်းဆိုင်းထမ်းတွေ ၊၊သစ်သီးစုံပါဝင်တဲ့ဆိုင်းထမ်းတွေ ၊ရေကြည်တော်တွေကို ဝတ်ဖြူစင်ကြယ်နဲ့လူငယ်များကထမ်းလို့ ၊ လူကြီးတွေကလည်းဝတ်ဖြူစင်ကြယ်တွေနဲ့ မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကိုဖွင့်ဆိုထားတဲ့ တရားများကိုကြူးရင့်လို့ နောက်က ဗုံတောင်ဝိုင်းကလည်း ” ပလုတ်တုတ်တုတ် ပလုတ်တုတ်တုတ် တုတ်တုတ် ……..ဒူ ဟူ ဟူ ….”ဆိုတဲ့ ဗုံတောင်တီးလုံးကိုခေါက်လို့ မဟာမြတ်မုနိဘုရားရှိရာတောင်ဘက်အရပ်ကိုသွားနေကြတဲ့ […]


တစ်ရက်ကျနော့်မိတ်ဆွေအိမ်မှာ သံဃာတော်များဆွမ်းပင့်ကြွေးတာကို ကူညီလုပ်ကိုင်ဘို့အတွက်ရောက်သွားပါတယ်။ သံဃာတော်တွေကို ဆွန်းဘုန်းပေးနေတော်မူကြတဲ့အချိန် လိုအပ်ချက်ရှိရင် ဖြည့်ဆည်းပေးဘို့ ကျနော်အသင့်စောင့်နေပါတယ်။ သံဃာတော်တွေထဲမှာ အသက်တော်ရှစ်ဆယ်ကျော်တဲ့ ဆရာတော်ကြီးတစ်ပါးလည်းပါ ပါတယ်။ ဆရာတော်ကြီးဆွမ်းဘုန်းပေးနေချိန်မှာ ဆီပြန်အသားဟင်းတွေကိုလုံးဝမထိဘဲအသီးအရွက်ကြော်လေးနည်းနည်း အသုတ်လေးနည်းနည်း အသီးအရွက်အတို့အမြုတ်လေးနဲ့ဘဲ ဘုန်းပေးတော်မူတာတွေ့ရပါတယ်။ဒါနဲ့ဘဲ “အရှင်ဘုရား သတ်သတ်လွတ်ဘုန်းပေးတော်မူပါသလားဘုရား”လို့လျှောက်လိုက်တော့ အသာအယာခေါင်းယမ်းပြတော်မူပါတယ်။ နောက် သံဃာတော်များဆွမ်းဘုန်းပေးပြီး အချိုပွဲကပ် တဲ့အချိန်မှာ ဆရာတော်ကြီးက ကျနော်ကို့ သူ့အနားလာဘို့လက်ယပ်ခေါ်ပါတယ်။ ကျနော်အနားရောက်တော့ ဆရာတော်ကြီးက ဒီလို့မိန့်ပါတယ်။ “ဒကာလေး ရေ ဘုန်းဘုန်းက အသက်ကြီးပြီဆိုတော့ တတ်နိုင်သလောက် ဆီပါတဲ့အစားအစာကို ရှောင်ပါတယ်။ အထူးသဖြင့် ဆီပြန်ဟင်းတွေကိုပေါ့၊ခုခေတ်မှာပိုဆိုးတာက ဘာကိုမှ သန့်သန့်လေးမရနိုင်တာကိုတွေ့နေရတယ်။ ဘုန်းဘုန်းတို့ငယ်ငယ်ကဆို နှမ်းဆီဆိုလဲခပ်သက်သက်နဲ့ သန့်သန့်လေး ပဲဆီဆိုလဲ ဆုံဆီမွှေးမွှေးလေး အခုခေတ်မှာတော့ စားအုန်းဆီ ဆိုတာကပေါ်လာပြန်ရော။ ဘုန်းဘုန်းတို့ကအသေးစိတ်တော့မသိပါဘူးကွယ် စားအုန်းဆီလို ဆီမျိုးက လူကို သိပ်ကောင်းကျိုးမပေးဘူးလို့ကြားမိတော့လဲ တတ်နိုင်သမျှရှောင်တာပေါ့ကွယ်။ […]


“မကြုံစကောင်း ကြုံစကောင်း” မကွေးကိုနေ့ချင်းပြန်ခရီးထွက်တဲ့အကြောင်းပြောရင်းနဲ့မှ ဒီလမ်းခရီးမှာ သူ့ကို မဖြတ်ဘဲသွားလို့မရတဲ့ နာမယ်ကျော်” ဒေါင်းနေချောင်း” တစ်ချို့ကလဲ” ဒေါင်းသေချောင်း “လို့ခေါ်တဲ့ သဲချောင်းကြီး နဲ့ ကိုယ်နဲ့ပါတ်သက်ခဲ့တာကို သတိရလို့လာပါတယ်။ ဒီချောင်းနဲ့ ပါတ်သက်တဲ့ အရပ်စကားလေးကတော့ “တောင်ပေါ်မှာမိုးညို့လာရင် ဒေါင်းထပျံတာတောင် ပြေးမလွတ်ဘူး”ဆိုတာလေးပါ။ တကယ်တမ်းတော့ ရေစီးကြမ်းတာ ရေစီးသန်တာရေအရောက်မြန်တာကိုတင်စားပြောတာပါ။ ဒီချောင်းက မိုးတွင်းတောင်ပေါ်ရေဆင်းလာချိန်မှာဆိုရင် အရှိန်အဟုန်ပြင်းပြင်းနဲ့ဆင်းလာပြီး တွေ့သမျှမြင်သမျှကိုရေစီးနဲ့အတူ ခေါ်သွားတတ်ပါသတဲ့ ဒီလိုရေစီးနေတာကိုတော့ ကျနော်လဲ ကြားသာ ကြားဘူးပါတယ် မမြင်ဘူးပါဘူး၊ ဒီသဲချောင်းကြီးက တောင်မြောက်အလျားအရှည်လိုက်ကြီး လဲလျောင်းနေပြီး အရှေ့နဲ့အနောက်ကတော့ ခန့်မှန်းခြေ ပေတစ်ရာ တစ်ရာ့ငါးဆယ်ကျော်ကျော်လောက် ရှိပါမယ်။ရေနံချောင်းက ဒီချောင်းရဲ့အရှေ့ဖက်ကမ်း မကွေးက အနောက်ဖက်ကမ်းမှာရှိတာပါ။ မန်းလေးဖက်ကနေလာမယ်ဆိုရင် ဒီချောင်းကိုဖြတ်မှ မကွေးဘက်ကိုရောက်တာပါ။ ဒီချောင်းက အပေါ်ယံမှာသာရေမရှိပေမဲ့အောက်ခံမြေသားက ရေစပ်စပ်ရှိနေတတ်ပါတယ်။ အဲတော့ လမ်းကြောမသိဘဲ ကားဖြတ်လိုက်ရင် အချိန်မရွေးသဲကျွံသွားနိုင်ပါတယ်။ […]


” မကူစကောင်း ကူစကောင်း “(အပိုင်းသုံး) ကားကလမ်းဘေးကိုထိုးဆင်းသွားတော့အားလုံးလန့်သွားပါတယ်။ကားလဲရပ်ရော ကားပေါ်ကနေအားလုံးအပြေးအလွှားဆင်းလိုက်ကြပါတယ်။ ကားနောက်ဘီးကွဲထွက်သွားတာပါ။ကားက ပုံမှန်လေးဘဲမောင်းလာတာကံကောင်းသွားပါတယ်။ လမ်းကကျောက်လမ်းတော့ ကျောက်လမ်းပါဘဲ။ဒါပေမယ့်မြို့ပေါ်ကလမ်းတွေလိုတော့ မချောဘူးပေါ့။ဗြုတ်ထနေတဲ့လမ်းလိုဖြစ်နေတာရယ် ကားတာယာက အဟောင်းဖြစ်နေတာရယ် တာယာကနဂိုထဲက အနာပါတယ်ရယ်ကြောင့်ပူလွန်းပြီးတာယာကွဲထွက်သွားတာပါ။ အဲဒါနဲ့ စပယ်ယာဘီးကို ထုတ်ပြီး ကားဘီးလဲဘို့ကြိုးစားကြပါတယ်။ ဖြစ်ချင်တော့ ဂျိုက်က မသုံးတာကြာတော့ စပရိန်တွေက ကောင်းကောင်းအလုပ်မလုပ်ပြန်ဘူး။ဒီတော့ ကားကိုဘီးလဲဘို့ လိုအပ်တဲ့ အမြင့်ထိရောက်အောင် မ မပေးနိုင်ဘူးဖြစ်နေပြန်ရော။ ဒါနဲ့အောက်ကနေခုပေးရအောင် ခဲလုံးလိုက်ရှာတော့ လိုချင်တဲ့ခဲလုံးကို မတွေ့ဘူးဖြစ်နေတုန်း ခပ်ဝေးဝေးက ကုန်ကားလိုကားတစ်စီးမောင်းလာတာကိုလှမ်းမြင်ရတော့ တော်တော်လေး ဝမ်းသာသွားပါတယ်။ခဏနေတော့ ကျနော်တို့တောင် လှမ်းမခေါ်ရသေးဘူး အဲဒီကားက ကျနော်တို့နားရောက်တာနဲ့ ကားပေါ်ကလူတွေဆင်းလာပြီး “ဘာဖြစ်တာလဲ “ဆိုပြီး တစ်ယောက်တစ်ပေါက်မေးပါတယ်။ကျနော်တို့က အကျိုးအကြောင်းလဲပြောပြလိုက်ရော သူုတို့ကားပေါ်မှာပါတဲ့ဂျိုက်တွေ သံပိုက်တွေချပြီးတစ်ယောက်တစ်လက်ဝိုင်းကူလိုက်ကြတော့ခဏလေးနဲ့ပြီးသွားပါတယ်။ ကားဘီးလဲတပ်ပြီးပြီဆိုတော့ ဝမ်းသာမလို့လုပ်တုန်းရှိသေးတယ် ကားဘီးကလေတွေလျော့နေတာကို စိတ်ပျက်စရာတွေ့လိုက်ရပြန်တယ်။ အဲဒီမှာကားကလူတွေက သူတို့မှာလေအိုးပါတယ်ဆိုပြီးလေထိုးဘို့ပြင်ကြဆင်ကြရပြန်ပါတယ်။ ကားကဘီးတပ်ပြီးသွားပြီဆိုတော့ […]


ကျနော်လဲ ကားကို အရပ်ခိုင်းပြီး …… ထမင်းဆိုင်ဘယ်ပြောင်းသွားလဲဆိုတာမေးဘို့ ကားပေါ်ကဆင်းလိုက်ပါတယ်။ ဟိုတယ်ဘေးနားမှာကွမ်းယာဆိုင်လေးဖွင့်ထားတာတွေ့လို့မေးမယ်ဆိုပြီးလှမ်းကြည့်လိုက်မှ ကွမ်းယာဆိုင်နောက်မှာကျနော်ရှာနေတဲ့ထမင်းဆိုင်ဆို်င်းဘုတ်ကိုတွေ့လိုက်တော့ အတော်လေးကို ဝမ်းသာသွားပါတယ်။ အဲဒါနဲ့ကျန်တဲ့လူတွေကို လှမ်းခေါ်လိုက်မှ ထမင်းမငတ်တော့ဘူးဆိုတာသိတော့ အားရဝမ်းသာဆင်းလာပါတယ်။ အဲဒီကိုရောက်တော့ 11နာရီပါ။ ကျနော်ခရီးထွက်လို့ထမင်းစားရင် တရုပ်ထမင်းဆိုင်မှာဘဲစားလေ့ရှိပါတယ်။ အရသာအပြောင်းအလဲဖြစ်အောင်ရယ် မှာမှချက်ခြင်းချက်ပေးတယ်ဆိုတော့ ပူပူနွေးနွေးရှိတာရယ်ကြောင့်ပါ။ မြန်မာထမင်းဆိုင်တွေက ဟင်းချက်ပုံကြိုက်တာ မကြိုက်တာရှိမယ် အေးစက်စက်နဲ့ဆိုပြန်ရင်လဲ စားရတာ အဆင်မပြေလို့ပါ။ ထမင်းဆိုင်ထဲကိုလည်းဝင်လိုက်ရော ဆိုင်က ကောင်လေးက ” ဆရာကြီး အဲကွန်းခန်းထဲလာ “ဆိုပြီးသစ်သားပြားတစ်ဝက်မှန်တစ်ဝက် ကာထားတဲ့ အခန်းထဲကိုခေါ်သွားပြီး အဲကွန်းခလုတ်တွေကို ဟိုလှည့်ဒီလှည့်နဲ့ဖွင့်ပေးပါတယ်။ နောက် လေးယောက်ထမင်းစားမယ်ပြောတော့ ကောင်လေးက ဘီယာအရက် မှာအုံးမလားမေးတော့ထမင်းဘဲစားမှာဆိုမှ ကောင်လေးက ရနိုင်တာတွေတန်းစီရွတ်ပြပါတယ်။ ကျနော်တို့က ငါးနဲ့ပါတ်သက်တာမှာမယ်လုပ်တော့ ဒီနေ့ငါးမရဘူးလို့ပြောပါတယ်။ ကားဆရာလေးကတော့ “လေးလေးတို့ကြိုက်တာမှာပါ”လို့ပြောပေမဲ့အားလုံးအစားညီတဲ့ ကြက်သားနဲ့ပတ်သက်တာတွေကိုဘဲမှာလိုက်ပါတယ်။ အဲဒီအချိန်မှာအပြင်ဘက်မှာရှိနေတဲ့ တီဗွီကို ဆိုင်ကကောင်လေးတစ်ယောက်က ရှေးအင်္ဂလိပ်သီချင်းဟောင်းတွေပါတဲ့အခွေကိုပြောင်းဖွင့်လိုက်တာကိုမြင်နေရပါတယ်။ […]


ဇူလိုင်လရဲ့တစ်ရက်မှာ ကျနော်ရယ် ကိုအေးမောင်ရယ် ကိုထွန်းထွန်းရယ်အလုပ်ကိစ္စနဲ့ မကွေးဘက်ကို သွားဘို့ဖြစ်လာပါတယ်။ သွားမှာကတော့နေ့ချင်းပြန်ပါ မကွေးမှာနာရီဝက်လောက်နေ ကြည့်စရာ ကြည့်ပြောစရာပြောပြီးချက်ခြင်းပြန်မှာပါ။ တကယ်တန်းပြောရရင်တော့ လမ်းပေါ်မှာဘဲ တစ်နေကုန်မှာပါ။ ကျနော်က အဝေးပြေးကားစခန်းက ဗင်တစ်စီးကိုငှားဘို့ပြောပေမယ့် ကိုထွန်းက သူ့မိတ်ဆွေတစ်ယောက်ရဲ့ကားကိုငှားဘို့ပြောပါတယ်။ ဆီအကျန် တစ်ရက် ခုနှစ်သောင်း ဓါတ်ဆီကား အိမ်မှာကားအားနေလို့လိုက်တာလို့ပြောပါတယ်။ အဝေးပြေးနေကျကားကိုငှားမယ်ဆိုရင်ဆီကျန်တစ်သိန်းလို့ပြောတော့ သုံးသောင်းတောင် သက်သာတော့ခေါ်လိုက်ပေါ့။ အဲဒါနဲ့ အငှားလိုက်မယ့်ကားကို လိုအပ်တာတွေပြင်ထားဘို့ ပြောပြီး ဇူလိုင်(1)ရက်နေ့မနက် လေးနာရီခွဲလောက်မှာ အိမ်လာခေါ်ဘို့မှာလို်က်ပါတယ်။ ူခရီးထွက်မယ့်နေ့တကယ်ရောက်လာတော့ မနက် (5)နာရီမှရောက်လာပါတယ်။ ဒါနဲ့ဘဲခရီးစထွက်တော့ ကျနော်ကရှေ့ခန်းမှာကားမောင်းတဲ့ကောင်လေးနဲ့ သူတို့နှစ်ယောက်က နောက်ခန်းကလိုက်လို့ ကျွဲဆည်ကန်မှာဖွင့်ထားတဲ့ ” မန်းမြို့တော်လက်ဖက်ရည်”ဆိုင်မှာဝင်လို့မနက်စာဝင်စားကြပါတယ်။ ကားမောင်းတဲ့ကလေးက တော့အသက်(25)လောက်ရှိပါတယ်။ ရည်ရည်မွန်မွန်ကလေးပါ ကွမ်းစားတတ်ဆေးလိပ်သောက်ပေမယ့် အရက်တော့ သောက်ပုံမရပါဘူး။ လက်ဖက်ရည်ဆိုင်မှာထိုင်ကြတော့တစ်ယောက်ကမြီးရှည် တစ်ယောက်ကပေါက်စီမှာတော့မှ ဒီကလေးက ဝက်သားရှောင်တဲ့ကလေးဖြစ်နေတာကိုတွေ့ရတယ်။ ခရီးအတူသွားကြမယ်ဆိုရင် သတိထားရမယ့်အချက်ကတော့ […]


တစ်ခါက ကုန်ပစ္စည်းလက်လီ လက်ကားဖြန့်ချိတဲ့လုပ်ငန်းကြီးမှာပေါ့။ အဲဒီလုပ်ငန်းမှာပိုင်ရှင်က အဝေးမှာနေပါတယ်။ သူ့လူယုံဘဲပြောပြော မန်နေဂျာလို့ဘဲခေါ်ခေါ် ကအုပ်ချုပ်ပါတယ်ပေါ့။ တစ်လနှစ်လနေမှ တစ်ခါလောက် သူဌေးကလာပါတယ်။ အလုပ်နဲ့ပါတ်သက်တဲ့ စာရင်းဇယားတွေကိုတော့ ဖက်စ်နဲ့နေ့စဉ်မှန်မှန်ပို့ပေးရပါတယ်။ သူဌေးကလဲ သူ့လုပ်ငန်းကို လေးလတစ်ကြိမ် အပြင်က စာရင်းစစ်အဖွဲ့နဲ့ခေါ်စစ်ပါတယ်။ သူဌေးက စေ့စပ်တယ်လို့ပြောလို့ရပါတယ်။ ဒါပေမဲ့ သူ့လူယုံက လည်တယ်လို့ဘဲပြောရပါမယ်။ သူတို့လုပ်ငန်းက လက်လီရောလက်ကားရော ရောင်းပါတယ်။ လက်လီဈေးနဲ့လက်ကားဈေးတွေမှာကွာခြားချက်ရှိပါတယ်။ ဒီနေရာမှာ လက်လီရောင်းရတယ်ဆိုရင်လဲ လက်ကားအရောင်းစာရင်းထဲမှာထဲ့လို့ ခြားနားတဲ့ငွေတွေကို သူအိတ်ထဲထည့်ပါတယ်။ နောက် ပရိုမိုးရှင်းလုပ်တယ်ခေါ်တဲ့ အရောင်းမြင့်တင်ရေးလုပ်ပြီဆိုရင်လဲ အများအားဖြင့် ဝယ်တဲ့အရေအတွက်ပေါ် ငွေပမဏ အနည်းအများပေါ်မှာမူတည်ပြီး လက်ဆောင်တို့ ကော်မရှင်တို့ကို အဆင့်သတ်မှတ်ပေးလေ့ရှိပါတယ်။ ဥပမာပြောရရင် (ဆပ်ပြာအမွှေးခဲ 5ဖာဝယ်ရင်ထီးတစ်ချောင်းလက်ဆောင် ဆယ်ဖာဝယ်ရင် ထီးသုံးချောင်းလက်ဆောင်ပေးတယ်ဆိုရင် 5ဖာနှစ်ကြိမ်ရောင်းတာကို ဆယ်ဖာတစ်ကြိမ်ထဲ အရောင်းပြလိုက်ရင် ထီးတစ်ချောင်းအပိုထွက်လာတာမျိုး) (ကျပ်တစ်သိန်းဘိုးဝယ်ရင် 3%လျှော့ပေးမယ်။သုံးသိန်းဆိုရင် 5%လျှော့ပေးမယ်။ဆယ်သိန်းဆိုရင် […]


ဟိုနေ့ကအိမ်မှာ တီဗွီစင်ဘေးနားက ကဒ်ထူပုံးထဲမှာထဲ့ထားတဲ့ ရုပ်ရှင်ခွေတွေ သီချင်းခွေတွေ ခွေပေါင်းစုံကို ပျင်းပျင်းရှိတာနဲ့ မွှေကြည့်နေရင်းက မထူးပါဘူးဆိုပြီး မကြည့်ချင်တော့ တဲ့ခွေတွေကိုသိမ်းဘို့ လုပ်နေပါတယ်။ အဲဒီထဲကနေ ဘာအမှတ်အသားမှ မပါတော့တဲ့ခွေလေးတစ်ခွေကို တွေ့တော့ ဘာခွေလဲဆိုတာသိရအောင် စက်ထဲကိုကောက်ထည့်လိုက်ပါတယ်။ ဖြစ်ချင်တော့ ဘိုထီးအခွေလေးဖြစ်နေတယ်။နားထောင်ကောင်းကောင်းနဲ့ဆက်ဖွင့်ထားလိုက်တာ “ကိုယ်တစ်ယောက်ထဲကြောင့်တော့ မဟုတ်ဘူးဆို”တဲ့ သီချင်းလေးရောက်တော့ ကြိုက်တာနဲ့ သီချင်းဆုံးတော့ နောက်တစ်ခေါက်ပြန်ဖွင့်လို့ နားထောင်မိပါတယ်။ အဲလိုနောက်တစ်ခေါက်နားထောင်မိတဲ့အခါမှာ (ခေါင်မိုးကမလုံတော့ ………………….)ဆိုတဲ့စာသားလေးက နားထဲမှာ ပဲ့တင်ထပ်နေပါတယ်။ ့ပြီးခဲ့တဲ့ လေးငါးရက်လောက်တုန်းက ကိုဝင်းမောင်ဆိုတဲ့ မိတ်ဆွေတစ်ယောက်နဲ့တွေ့ွှတော့ တရုပ်ပြည်နယ်စပ် မှာ စာရင်းကိုင်လုပ်နေတယ်ဆိုတဲ့ သူ့သား လေးအကြောင်းမေးကြည့်တော့ အံ့ဘွယ်သုတ တစ်ခုကိုကြားလိုက်ရပါတယ်။ လုပ်ငန်းတစ်ခုက နယ်မှာနေဘို့အတွက် စာရင်းကိုင်အလိုရှိသည်ဆိုပြီးသတင်းစာထဲမှာလျှောက်လွှာခေါ်တာကိုတွေ့တဲ့အခါ ကိုဝင်းမောင်သားကလဲ LCCI Level (3)အောင်ပြီးသားဆိုတော့ ဝင်လျှောက်တာသူ့ကို အလုပ်ခန့်လိုက်ပါတယ်။ သူကိုခန့်လိုက်တဲ့အလုပ်ကတော့ မိတ်ဆွေတစ်စုက ရှယ်ယာတွေထည့်လို့ […]


တစ်ရက် အိမ်မှာအလုပ်အားရက် စာဖတ်မလို့လုပ်နေတုန်း အိမ်ရှေ့တံခါးဝက ” ငပေါက်”ရေလို့အော်သံကြားလိုက်ရပါတယ်။ ကျနော်ကလဲ “လကမ္ဘာ ရေ ဝင်ခဲ့”လိုထိုင်ရာက မထဘဲလှမ်းအော်လိုက်ပါတယ်။အခုချိန်မှာကျနော့်ကို ငပေါက်လိုခေါ်နိုင်တာ ငယ်သူငယ်ချင်းတွေဘဲရှိပါတယ်။ “လကမ္ဘာ”ဆိုတာက ကျနော်နဲ့အထက်တန်းကျောင်းကနေ တက္ကသိုလ်ရောက်တဲ့ထိ တွဲခဲ့တဲ့ သူငယ်ချင်းမပါ။ သူ့မျက်နှာက ခပ်ဝိုင်းဝိုင်း အသားက ဝါညက်ညက် ဒါပေမဲ့ ကျောက်ပေါက်မာ မဆိုစလောက်ကလေးရှိပါတယ်။ အဲဒါကျောင်းတုန်းက သူ့ကိုကြိုက်နေတဲ့ကောင်တစ်ကောင်က ပေးတဲ့ရီးစားစာထဲမှာ ” လဝန်းလေးနဲ့တူတဲ့ ချစ်သူ”လို့တင်စားလို့ရေးလိုက်ပါတယ်။ ဒီစာကိုဖတ်ရတဲ့ အမာညိုက ကျနော်တို့ကိုပြန်ဖောက်သည်ချပါတယ်။ဒီတော့နာမယ်ပြောင်ပေးဘို့ အမြဲကြိုးစားနေတဲ့ ကျနော်တို့က လရဲ့မျက်နှာပြင်က ချိုင့်လေးတွေရှိတယ်လို့ စာထဲမှာသင်ရတော့ သူ့ ကို “လကမ္ဘာ”လို့တင်စားပြီး ခေါ်လိုက်ကြတာပါ။ သူကကျနော့်ရှေ့ကခုံမှာထိုင်ပြီးတာနဲ့ “ငပေါက်ရေ နင့်တူအတွက် ရင်ပူလွန်းလို့ပြေးလာတာဟေ့ “လို့ပြောလိုက်ပါတယ်။ ဒါနဲ့ကျနော်ကလည်း ရေအိုးထဲက ရေတစ်ခွက်ခပ်တိုက်ပြီး ” ကဲစိတ်အေးအေးထားပြီးအစအဆုံးပြောတော့”ဆိုမှဇာတ်စုံခင်းပါတော့တယ်။ “ငပေါက်ရေ ပြောရမှာခက်လဲခက် […]


2000ခုနှစ်မှာ ကောင်းသွားတာတစ်ခုကတော့ အိမ်တိုင်းလောက်မှာ ဗွီစီဒီ ကာရာအိုကေစက်တွေရှိတယ်။ လူတော်တော်များများကလဲ ရေချိုးခန်းအဆိုတော်ဘဝကနေပြီး မိုက်ကိုင်လို့အော်နို်င်တဲ့ဘဝတွေကိုရောက်လာတယ်။ တနည်းပြောရင်ဝါသနာရှင်ရော အဆိုတော်ဖြစ်ဘို့အားသန်သူရောအတွက်လေ့ကျင့်စရာကွင်းလေးတွေက အဆင်သင့်ဖြစ်လာပါတယ်။ အဆိုတော်တွေထုတ်လုပ်သူတွေအတွက် တော့မကောင်းဘူးလို့ပြောနိုင်တာက တရုပ်ဘက်က စီဒီခွေအသစ်အချပ်တွေက ဈေးပေါပေါ ဘုံးဘောလအောဝင်လာတယ်။ ကွန်ပြူတာရှိရင် သီချင်းတွေကို အလွယ်တကူကူးဘို့ကလဲမခက်တော့ဘူး။ အဲတော့ ခိုးကူးခွေဘဲခေါ်ခေါ် ကော်ပီခွေဘဲခေါ်ခေါ် ဒါလေးတွေက ကျပ်250-300ကျပ်လောက်နဲ့ ပေါပေါများများရနိုင်တော့ ဘာဘဲပြောပြောလူတိုင်းဝယ်နိုင်တယ် ဝယ်ကြတယ် ဖွင့်ကြတယ်။ ဒီတော့ အဆိုတော်အသစ်ကလေးတွေက လူမြန်မြန်ပိုသိလာပါတယ်။ အခွေသစ်ထွက်တယ်ဆိုရင်ကောင်းကောင်း မကောင်းကောင်း300ဘိုးလောက်တော့ဖြုန်းလို်က်ပါတယ်။ မကြိုက်ဘူးဆိုမှ တစ်ခါထဲဖွင့်ပြီးချောင်ထိုးထားလိုက်တာပေါ့။ အစင်းပါလို့ထစ်ထစ် ဖွင့်မရလဲ ပြသနာမဟုတ်ဘူး လာထားနောက်တစ်ခွေ 300 အဆင်ကိုပြေလို့ပါ။ ဒါကတော့နားထောင်သူဖက်ကပါ။ ထုတ်လုပ်သူဘက်ကတော့ သူတို့ 1500-2000ကျပ်နဲ့ရောင်းတဲ့ခွေအစစ်က မရောင်းရဘူးဖြစ်တော့ခွက်ခွက်လန်ပေါ့။ ဒီဘက်နှစ်ထဲမှာ မြန်မာသံစဉ်နဲ့ပါတ်သက်ရင် သန်းထွန်းလေးသမီးပိုးအိစံ ကသူ့အဖေသီချင်းတွေကိုပြန်ဆိုတာကစလို်က်တာပေါက်သွားပါတယ်။ နောက်သူကလဲ သီချင်းပေါင်းစုံကိုပြန်ဆိုတာလဲလူလက်ခံပါတယ်။ စီးတီးဖ်အမ်ကပေးတဲ့မြန်မာသံစဉ်အဆိုလူအကြိုက်ဆုံးဆုကိုရတာလဲခဏခဏပါဘဲ။ စန်းလို့ပြောရမှပါဘဲ။ […]