အဲဒီအလုပ်ကိုကျနော်ရောက်ကတည်းက မန်းလေးမှာသိပ်နေရတယ်မရှိပါဘူး။ မန်းလေးမှာနေရ ပြန်တော့လည်းမနက်မိုးလင်းကညပြန်တဲ့အထိ မုန့်ဖိုလုပ်ထားတဲ့ခြံထဲမှာဘဲနေရတယ်ဆိုတော့ အပြင်လောကနဲ့တော်တော်လေးအဆက်ပြတ်ပါတယ်။ ခရီးထွက်တဲ့နေ့မျုးိမှာမှ သွားရင်းလာရင်းကိုယ်မကြားဘူးတဲ့အသံလေးကြားတယ်ဆိုမှ ” ဒါဘယ်သူလေးလဲ “လို့မေးယူရပါတယ်။ ဝါသနာပါသူဆိုတော့လဲ သီချင်းသံကြားတာနဲ့နားစွင့်တာကတော့အကျင့်ပါနေပါတယ်။ သွားလေရာမှာအမျျားဆုံးကြားရတဲ့အသံလေး(နေရောင်ခြည်ကိုကန့်လန့်ကာဖွင့်……………………..) အသံချိုချိုလေးနဲ့မေးကြည့်တော့ (အေးချမ်းမေ)တဲ့။ သူ့နာမယ်အကြီးဆုံးသီချင်းတော့(တစ်စစီကျိုးပဲ့နေတယ်)ပါတဲ့။ ခုတော့သူလဲဘယ်ရောက်နေပြီမသိ။ သူနဲ့ပါတ်သက်လို့ကြားမိတာတော့ တစ်ကိုယ်တော်စတိတ်ရှိုးတစ်ခုမှာ တကယ်မဆိုဘဲကက်ဆက်ဖွင့်ဆိုတယ်လို့နာမယ်ထွက်ဘူးပါတယ်။ နောက်နာမယ်ကြီးတာကတော့(အဖြူနဲ့အမဲ့)ဆိုတဲ့သီချင်းလေးကြားရတဲ့ စားသောက်ဆိုင်အဆိုတော်ဘဝကနေ အောင်မြင်သောဘဝကို တက်လှမ်းလာတဲ့(လေးလေးဝါး)ပါ။ အသံအားကောင်းကောင်းနဲ့ဆိုတတ်သူလေးဖြစ်ပြီးအားလုံးရင်ထဲကိုဖောက်သွားအောင်ဆိုထားတဲ့သီချင်းလေးကတော့ လေဒီဒိုင်ယာနာသေဆုံးသွားတဲ့အခါဆိုထားတဲ့(လေထဲကဖယောင်းတိုင်)ပါ။ နောက်အောင်မြင်နေတုန်း အမေရိကကိုထွက်သွားတဲ့ မြန်မာပြည်သိန်းတန်ရဲ့သမီး ပိုးဒါလီသိန်းတန် သူကလဲ သူ့အဖေအောင်မြင်တဲ့သီချင်းတွေကို ပြန်ဆိုတာလဲ အတော်လေးကိုကောင်းပါတယ်။ သူ့အသံနဲု့လိုက်ဖက်ပါတယ်။လူတွေကလဲလက်ခံကြပါတယ်။ သူ့ညီမလေး ဖြိုးဒါလီသိန်းတန်က တော့ သူ့လောက်မအောင်မြင်ဘူးပြောနိုင်ပါတယ်။ ထူးဆန်းတာက (ကြာပါတယ်ကွာ မြန်မြန်လာ ဟူး ဟူး………….ပြီးပါပြီ အိုကြာတယ်ကွာ)လို့အတွဲညီညီဆိုခဲ့ဘူးတဲ့ ဖေဖေမြန်မာပြည်သိန်းတန်ရဲ့ချစ်ဇနီး မေမေဖြစ်သူ အေပရယ်ချစ်ခင်(ခ)ဇာခြည်လင်းရဲ့လှပတဲ့သီချင်းရော လူရောပျောက်သွားတာပါဘဲ။ တစ်ရက် ခရီးသွားနေတုန်း (တိမ်ပြာပြာနေ့တစ်နေ့ ဆန်းဒေးမှာကွယ် မင်္ဂလာဆောင်ပွဲလေးကျင်းပနေတယ်……………တို့) […]