ရွှေဝါရောင်ပန်းပိတောက်မင်း————နှစ်သစ်လက်ဆောင် (9-4-2012)နေ့ မနက်လမ်းလျှောက်ထွက်တော့ ကင်မရာပါမသွား။ မွှေးပါတယ်လို့လိုက်ရှာတော့ ပိတောက်တွေဝေလို့။ မန်းလေးကန်တော်ကြီး အနောက်ထိပ်က ကဖေးချိုချိုရှေ့က ပိတောက်ပင်မှာ အပွင့်တွေဝေလို့။ ဒါနဲ့လမ်းအမြန်လျှောက် အိမ်ပြန် ဆိုင်ကယ်ယူ ဓါတ်ပုံရိုက် ရွာထဲတင်။ ဒိတစ်ခါတော့အနီးကပ်ပုံတွေများပါ၏။ နှစ်သစ်မှာပျော်ရွှင်ကြပါစေ……………………..   ကိုပေါက်လက်ဆောင် (9-4-2012)  


နွေဦးအစ.နံနက်ခင်းလေးများ………………….တစ် (25-30-2012)နေ့မနက်လမ်းလျှောက်အထွက် ရေနည်းနေတဲ့ကန်တော်ကြီးကို တွေ့ရပါတယ်။ အဲဒါနဲ့ ကန်အောက်ခြေထိဆင်းပြီးကရိဝိက်ကို ဆော်ထည့်လိုက်တာပေါ့။ ကန်ပေါင်ပေါ်တက်ပြီးလမ်းပြန်လျှောက်လာတော့ ပန်းရောင်အသွေးနဲ့လှနေတဲ့ ကုလားကုက္ကိုပွင့်တွေကိုလှပစွာမြင်ရတော့ ထုံးစအတိုင်းလက်ဆော့ပေါ့။ နောက်ဆက်လျှောက်လာရင်းလုံးဝန်းနေတဲ့သဏ္ဍာန်နဲ့နေမင်းကို တွေ့ရပြန်ပါတယ်။ ကိုစိန်သော့ပြောဘူးတာတော့ နေမင်းရဲ့ အဝန်းညီတာက မတ်လကုန်အထိဘဲလို့ပြောတော့ မှတ်မှတ်ရရလက်ဆော့ မိပါတယ်။ ကဲမနက်ခင်းလေးကို ခံစားကြည့်လိုက်ကြရအောင်ဗျာ။   ကိုပေါက်လမ်းသလားရင်းလက်ဆော့ တော့ ရလာတဲ့အတွေးပါးပါး (25-3-2012)          


“ကျနော်ဘယ်နားကလမ်းလျှောက်ရမ လဲဗျာ”   ပြီးခဲ့တဲ့ရက်က နယ်က သူငယ်ချင်းတစ်ယောက်မန်းလေးရောက်လာပါတယ်။ သူက မုံရွာဘက်က လာတော့ 22စီလမ်းဘက်က သိရိမန္တာကား ဝင်းကြီးမှာ ကားဂိတ်ဆုံးပါတယ်။ ကျနော်ဆီဘယ်လိုလာရမလဲမေးတော့ လာခေါ်ရမလားမေးပေမယ့် မရောက်တာကြာလို့ လမ်းလျှောက်ချင်တယ်လို့ပြောပါတယ်။ နောက်သူက သယ်စရာ ခရီးဆောင်အိတ်တစ်လုံးဘဲပါလာတော့လာမကြိုနဲ့ဆိုပြောပါတယ်။. အဲဒါနဲ့သူနဲ့ကျနော်ဆုံရအောင် လမ်း30 80-81 ကြားကလက်ဖက်ရည်ဆိုင်မှာချိန်းလိုက်ပါတယ်။ သူအလွန်ဆုံးကြာ နာရီဝက်ပေါ့။ ကျနော်လဲသူနဲ့ဖုန်းပြောပြီး အတော်လေးကြာတာတော့ လက်ဖက်ရည်ဆိုင်ကနေသွားစောင့်နေလို်က်ပါတယ်။ မလာမလာ နဲ့စောင့်နေလိုက်တာ လမ်းများမှားသွားလားလို့တောင် ပူမိပါတယ်။ သူဖုန်းဆက်ပြီး တစ်နာရီကျော်ကျော်လောက်ကြာမှ မောကြီးပန်းကြီးနဲ့ရောက်လာပါတယ်။ ဘာလို့ဒီလောက်ကြာလဲဆိုတာကို မေးတော့ “လမ်းလျှောက်စရာနေရာမရှိလို့ပါတဲ့” လမ်းမပေါ်တက်လျှောက်တော့လဲ ကားတွေဆိုင်ကယ်ပြည့်ညှပ်နေတော့ မလျှောက်ရဲဘူးတဲ့ဗျာ။ သူကျနော်ကို မေးတဲ့မေးခွန်းက   “ကျနော်ဘယ်နားကလမ်းလျှောက်ရ မလဲဗျာ”တဲ့။ နောက်နေ့ ကျနော်အပြင်ထွက်ရင် ဟိုနားဒီနား တို့တို့တိတိနဲ့ လက်ဆော့ခဲ့ပါတယ်။ ဒီပုံတွေကိုပြန်ကြည့်လိုက်မှ သူမေးခွန်းကိုဘယ်လိုဖြေရမှန်းမသိဖြစ်သွားပါတယ်။. ကျနော်တို့ကသွားလေရာရာ […]