၃။ ခိုးပေါက် ” ခြေတစ်လှမ်း အကွာက သူတို့နေရာ “(အပိုင်း ၃) တရုပ်ပြည်နဲ့မြန်မာပြည် နယ်နိမိတ်ကို သံတိုင်တွေနဲ့ခြားထားပါတယ်။ သံတိုင်တွေက လူတစ်ရပ်ကျော်ကျော်မြင့်ပြီးအဖျားမှာသံချွန်တွေတပ်ထားပါတယ်။ အရာရာကိုကျော်လွှားနိုင်တဲ့ဉာဏ်အပြည့်ရှိတဲ့ ကျနော်တို့လူမျုးိတွေက သံတိုင်ကို ကျယ်အောင်ချဲ့ထားပြီး လူတစ်ယောက်စာဝင်လို့ရအောင်လုပ်ထားပါတယ်။ ခိုးပေါက်လို့ခေါ်ပါတယ်။ ဒီလိုခိုးပေါက်လေးတွေက လေးဘက်လေးတန်မှာ ရှိပါတယ်။ တောင်ဘက်မှာတော့ ဆင်ဖြူပေါက်နားလေးမှာ ရှိပါတယ်။ မြောက်ဘက်ဆိုရင်တော့ မန်ဝိန်းပေါက်အလွန် မြန်မာရိုးရာအနှိပ်ခန်း တွေနားမှာ ရှိပြန်ပါတယ်။ ခိုးဝင်ခိုးထွက်သူကိုဖမ်းဘို့ ရဲကားတွေက အမြဲကင်းလှည့်နေပါတယ်။ အဲလို ပါတ်ပါတ်လည်ကာထားတဲ့နေရာအတော်များများမှာ နယ်ခြားမျဉ်း မဖြတ်ကျော်ရဆိုတာကို ဆိုင်းဘုတ်အဝါကြီးတွေနဲ့ သတိပေးစာရေးထားပါတယ်။ ခိုးထွက်တာမိသွားရင် ဒဏ်ငွေယွမ် ၂၀ဝ ကနေ ၅၀ဝထိ ရိုက်တတ်ပါတယ်။ သူတို့ဥပဒေအရတော့ တစ်နှစ်အောက်ချုပ်နှောင်ထားခွင့်ရှိတယ်လို့ဆိုပါတယ်။ စာအုပ်အနီမရှိသူ တွေကတော့ မူဆယ်ဘက်ကနေ ကျယ်ခေါင်ဘက်ကိုအလုပ်လာလုပ်ရင် ကျပ်တစ်ထောင်အကုန်မခံနိုင်တော့ ခိုးပေါက်ကိုဘဲအားကိုးကြရပါတယ်။ ကျယ်ခေါင်မြိုထဲကို […]