“အသီးမှာ…………….သို့.တမ်းချင်း ”   ဒီအချိန်ကတော့ အသီးမှာသရက်လို့ အတင်စားခံထားရတဲ့ သရက်သီးတွေပေါ်ချိန်ပါဘဲ။ ပြီးခဲ့တဲ့လေးငါးရက်လောက်က ပေါ်ဦးပေါ်ဖျားဆိုပြီး သရက်သီးတွေဝယ်လာခဲ့ပါတယ်။ စိန်တစ်လုံး သရက်သီးတွေပါ။ ဈေးကတော့ တစ်လုံး ၃၅ဝ အလုံးကလဲ လှမှလှ။ အဲဒီနေ့ညနေစာ ထမင်းစားတော့ သရက်သီးနဲ့စားမယ်ဆိုပြီး ဟင်းတောင်ထပ်မချက်။ တကယ်စားကြည့်တဲ့အခါ စားနေကျ  စိန်တစ်လုံးအရသာမျိုး ရမလာပါဘူး။ အချဉ်ဓါတ် နည်းနည်း ကဲနေပါတယ်။ အသီးအနေအထား ပုံစံကလဲ စိန်တစ်လုံးအစစ်။ ဝယ်လာတဲ့ဆိုင်ကလဲ အမြဲဝယ်နေကြဖောက်သည်။ သရက်သီးရဲ့အသားကလဲ   စိန်တစ်လုံးအသားလိုနူးနူးညံ့ညံ့။ ဒါပေမယ့်လည်း စားရတာ အရသာမရှိတာတော့အမှန်။ အဲတော့ ဒီတစ်ခါပိတ်ရက်ရောက်ရင် မနှစ်ကလို စိန်တစ်လုံးထွက်တဲ့ခြံမှာသွား ဝယ်မယ်လို့ စိတ်ထဲမှာတေးထားလိုက်ပါတယ်။ %%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%     အမှတ်ရစရာလေး စမြုံ့ပြန်ရရင်မနှစ်က သရက်သီးတုံးခါနီးအချိန်ရောက်မှ စိန်တစ်လုံး သရက်သီးစားချင်စိတ်ပေါက်လာပါတယ်။ အဲဒါနဲ့ စိန်တစ်လုံးသရက်တွေပေါတဲ့ ပေါ်တော်မူဘက်မှတော့ […]


မရွှေအုရဲ့ကျားရဲတွင်းသို့အဝင်   တစ်ရက်တော့မတွေ့တာကြာတဲ့ မိတ်ဆွေတစ်ယောက်က “အိမ်ပြန်ရောက်နေပြီရွာကို ဘယ်နေ့လာမလဲ”ဆိုပြီး တော့ ဖုန်းဆက်လာပါတယ်။ သူနေတဲ့ရွာကိုတော့ ကျနော်လဲတစ်ခါမှမရောက်ဘူးသေးပါဘူး။ သခင်မတောင်နားမှာလို့သိရပါတယ်။ သခင်မတောင်ကို မရောက်တာ အနှစ် ၂ဝနီးပါးဆိုတော့ ဘယ်လိုသွားရမယ်ဆိုတာခပ်မေ့မေ့။ အဲတော့ သွားလဲ သွားချင်နေတာနဲ့အကိုက်ဖြစ်သွားပါတယ်။ ဒါနဲ့ဘဲ အလုပ်ပိတ်ရက်မှာ ရုံးက ကလေးတွေနဲ့သွားမယ်လို့ စဉ်ထားလို်က်ပါတယ်။ သူတို့ရွာကိုဘယ်လိုလာရလဲလှမ်းမေးပေါ့။ “ကြာနီကန်ကျော်ရင် သခင်မတောင်ရောက်ရော သခင်မတောင်ဘေးကလမ်း အတိုင်းလာခဲ့၊ ပထမဆုံးတွေ့တဲ့လမ်းနှစ်မွှာရောက်ရင် တောင်ဘက်ကိုချိုးခဲ့ “အင်ကျယ်ရွာ “ကိုရောက်လာမယ်။ ရွာထဲဝင်ပြီဆိုတာနဲ့ ကျနော်နာမယ်ကို မေးလိုက်ရင်ရတယ်” @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@ အလုပ်ပိတ်ရက်ရောက်တော့ မနက် ၈နာရီခွဲလောက်လူစုပြီးထွက်ခဲ့ကြပါတယ်။ မန်းလေးတောင်အနောက်ဘက်လမ်းကနေ မတ္တရာသွားတဲ့လမ်းတိုင်းလာခဲ့တာပေါ့။ ရွှေကျင်ဂိတ်အလွန် လမ်းအရှေ့ဘက်ခြမ်းမှာ နေကြာပန်းခင်းကြီးကိုတွေ့ပါတော့တယ်။ အဲဒီကနေဆက်လာလိုက်တာ ၈မိုင်ကျော်ကျော်လောက်သွားအပြီး ကြာနီကန်လမ်းခွဲကိုရောက်ပါတယ်။ ကြာနီကန်အဝင်ရောက်တော့  သူ့ဆီကိုလာနေပြိဆိုတဲ့အကြောင်းဖုန်းဆက်လိုက်ပါတယ်။ လမ်းခွဲရောက်တာနဲ့ အရှေ့ဘက်ကိုချိုးလိုက်တော့ မကြာခင်လေးမှာတင် ကြာနီကန်သုဿာန်ကိုရောက်ပါတယ်။ သုဿာန်လဲလွန်ရေ […]


                          “မြနန်းစံကျော်ရွှေနန်းတော်နံဘေးက  ဘုတ်တလုတ်ကန်”   ပြီးခဲ့တဲ့ရက်ကမန်းလေးနန်တွင်းထဲက  မြနန်းစံကျော်ရွှေနန်းတော်ကို ရောက်ခဲ့ပါတယ်။ ဓါတ်ပုံတွေလှည့်ပါတ်ရိုက်ရင်း နန်းတော်ကြီးရဲ့မြောက်ဘက်မှာရှိတဲ့ “ ဘုတ်တလုတ်ကန်“ကိုသတိရလာပါတယ်။ အဲဒါနဲ့နန်းတော်ကြီးအနောက်ပေါက်ကဆင်း မြောက်ဘက်လမ်းလေးအတုိုင်းလျောက်လာခဲ့ပါတယ်.။ သစ်ပင်တွေက အုပ်အုပ်ဆိုင်းဆိုင်းဆိုတော့ လမ်းကလေးပေါ်မှာဆောင်းညနေခင်းနေရောင်က ပျောက်တိပျောက်ကျား။ နောက်ဒီနေရာလေးမှာ စီတန်းပြီးပေါက်နေတဲ့ နှစ်ရှည်ပင်ကြီးတွေကြောင့်စိမ့်အေးနေပါတယ်။ ကျောက်တွေနဲ့ဆောက်ထားတဲ့ ဂမူလေးတွေကို မြင်တော့ နားထဲမှာ “ ဘုတ်တလုတ်ကန်“သီချင်းက အလိုလိုကြားလာမိပါတယ်။ သီချင်းစာသားလေးကတော့ ဒီအတိုင်းပါဘဲ။   “ ဘုတ်တလုတ်ကန်“ ရွှေပင်ရွှေဘုန်း နေတနူန်းအသေရေမဆုံးတယ် ရှေးရှေးတုန်းခေတ်ကရယ် မန်းမြိုလယ်နတ်နန်းသဖွယ် ထင်ယောင်မြင်သေး ဘုရင့်သွေးပျော်ကြတယ်။ ဝဲယာနဲ့ကျောက်တောင်ငယ်ဘုတ်တလုတ်ခေါ် နတ်နန်းသဖွယ်။ မြင်စမ်းချင်တယ် တံတားငယ်များရယ်အသွယ်သွယ်ကျောက်လှိုဏ်ခေါင်းလေးတွေပေါတယ် ကြည်နူးစေဘွယ်။ […]


            “ချင်းတွင်းမြစ်အနောက်ဘက်ကမ်းက ရွှေတောင်ဦးစေတီ”       နေ့လည်(2)နာရီထိုးလောက်မှာ သမ္ဗုဒ္ဓေကနေကျနော်တို့ထွက်လာလိုက်တာ နာရီဝက်လောက်ဘဲမောင်းလိုက်ရပါတယ် မုံရွာမြို့ထဲကိုရောက်သွားပါတယ်။ နာရီစင်ကြီးကိုလွန်လာပြီးတော့ အသိတစ်ယောက်အိမ်ကိုခဏဝင်ကြပါတယ်။ သူတို့အိမ်ရောက်တော့ ကော်ဖီတွေ ရွှေဘိုဝင်းဝင်းကိတ်မုန့်တွေ ဂျင်းသုတ်တွေချကျွေးပါတယ်။ အားနာပါးနာနဲ့စားလိုက်ကြတာ ဘာမှမကျန်တော့ပါဘူး။ ဒါနဲ့ဘဲသူတို့ကိုပါခေါ်လို့ ခရီးဆက်ကြပါတယ်။ မုံရွာမြို့အနောက်ဘက်ထွက်ချင်းတွင်းတံတားကိုဖြတ် ယာကြီး ကလေးလမ်းမအတိုင်းလာခဲ့ကြပါတယ်။ လမ်းခရီးကတော့ သစ်ပင်တွေအုံ့ဆိုင်းပြီးသာယာပါတယ်။ နောက်လမ်းခွဲတစ်ခုအရောက် မြောက်ဘက်ကိုချိုးထွက်လာလို့မကြာခင်မှာဘဲ အဝင်မုဒ်ဦးကြီးကိုမြင်ရပါတော့တယ်။ လမ်းခရီးကလဲသာသာယာယာ။ ဘုရားဆီသွားတဲ့အဝင်လမ်းမှတော့ ဘုရားဖူးကားတွေများမှများပါဘဲ။ စားသောက်ဆိုင်တန်းလေးအလွန်မှာတော့ ကားရပ်လို့ဘုရားပေါ်တက်ကြပါတယ်။ ဘုရားအတက်မှာ ဓါတ်လှေကားရှိပေမယ့် လူမစောင့်ချင်တော့ စောင်းတန်းကနေဘဲလမ်းလျောက်လို့တက်ကြပါတယ်။ ဘုရားပေါ်မှာလဲ ဘုရားဖူးများနဲ့စည်ကားပါတယ်။ နေ့လည်ဆိုတော့ အရှေဖက်က နေရိပ်ပေမယ့် အနောက်ဘက်ကတော့နေပူပါတယ်။ လူတွေအောက်ဖက်ဆင်းသွားတာတွေ့လို့ကြည့်လိုက်တော့ အနောက်ဖက်မှာ တံတားလေးတစ်ခုနဲ့ ဘုရားတစ်ဆူ။ နေအတော်လေးပူတာနဲ့မသွားဖြစ်။ တောင်ပေါ်ကနေလှပတဲ့မြင်ကွင်းတွေကို ဓါတ်ပုံရိုက်။ […]


      ကိုပေါက်လက်ဆော့ာခံခဲ့ရတဲ့ အောင်ပန်းဈေးနေ့ 20     မဒမ်ပေါက်နဲ့ဈေးထဲလျောက်သွား။ ပေါ်ဦးပေါ်စ လိမ္မော်သီးတို့ မန်းလေးမှာမမြင်ဘူးတဲ့ ဒူးရင်းဩဇာသီးတွေကိုဝယ်လို့ဝတော့ တည်းခိုခန်းကိုပြန်ခဲ့ကြပါတယ်။ သူဈေးဝယ်လို့ဝပြေမယ့် ကျနော်ကတော့ လက်ဆော့လို့မဝ။ အဲတော့ ဈေးထဲကိုတစ်ခေါက်ပြန်ထွက်လို့လာဖြစ်ပါတယ်။ ဒီတစ်ခါတော့ ဈေးမကြီးရဲ့ အရှေ့ဘက်နဲ့တောင်ဘက်လမ်းကြားတွေထဲ ကဆိုင်လေးတွေဘက်ကိုရောက်သွားပါတယ်။ ကျနော်နောက်တစ်ခေါက်ထပ်ရောက်ချိန်မှာတော့ ဈေးကွဲစတောင်ပြုနေပါပြီ။ ကားတစ်စင်းနားမှာလူတွေဝိုင်းအုံနေလို့ကြည့်လိုက်တော့ သနပ်ခါးခဲရောင်းတဲ့ကားလေးဖြစ်နေပါတယ်။ ဈေးတန်းပြင်မှာတော့ ငှက်ပျောသီးရောင်းနေတဲ့ အတန်းကိုရောက်သွားပါတယ်။ သူတို့ကို ဓါတ်ပုံရိုက်တော့ ရှက်လို့ကွယ်နေသူရှိသလိုုပြုံးပြုံးကြီးနဲ့နေပြသူလဲရှိပါတယ်။ ဓါတ်ပုံရိုက်ပြီးတဲ့အခါသူတို့ပုံလေးတွေကိုပြန်ပြတော့တဟေးဟေးနဲ့သဘောတွေကျဆိုတော့ကျနော်တောင်ပျော်လာပါတယ်။ လမ်းဘေးမှခင်းပြီးရောင်းနေတဲ့ ဘုရားပန်းသည်လေးတွေ။ ပဲမျုးိစုံလက်ဘက်ခြောက်ရောင်းသူတွေအစုံပါဘဲ။ ဈေးဝယ်ပြီးပြန်ကြဘို့လူစုသူတွေကစု။ ရွာကထော်လာဂျီပေါါ်မှာနေရာ ယူသူကယူ။ ဒီလိုအေးချမ်းတဲ့ နေရာလေးမှာကျနော်နေခွင့်ရှိတာကတော့ ရက်ပိုင်းလေးပါဘဲ။ ဘာဘဲပြောပြော ခဏလဲ ခဏအလျောက်စိတ်ချမ်းသာခဲံ့ရတဲ့နေ့ရက်များပါဘဲ။   ကိုပေါက်လမ်းသလားနေသည် အောင်ပန်းအောက်တိုဘာ-20    


              “အသွားမတူ အပြန်လည်းမတူခဲ့တဲ့ တူညီသောခရီးတစ်ခု”(အပိုင်းနှစ်) (ရှမ်းတောင်ရဲ့မြို့တော် တောင်ကြီးမြို့သို့)   ဒီတစ်ခေါက်ကတော့ စလာကတည်းက တောင်ကြီးမှာတစ်ညဘဲအိပ်မယ်လို့ရည်ရွယ်ထားခဲ့ကြပါတယ်။ မလာမဖြစ်လို့သာလာခဲ့ကြရတယ် မန်းလေးမှာလုပ်စရာတွေကအများကြီးကိုး။ ရောက်တဲ့နေ့မှာဘဲတွေ့စရာရှိတဲ့လူတွေလိုက်တွေ့ရပါတယ်။ နောက်နေ့တွေ့စရာရှိတဲ့ရုံးကိစ္စတွေကို ကြိုတင်လို့ချိတ်။ အကွက်ကိုစေ့နေအောင်လုပ်ရပါတယ်။ ကျနော်တို့ လုပ်ရမယ့်အလုပ်ကိစ္စက မနက်ပိုင်းတင်ပြီးမယ်ဆိုတာသိလိုက်ရပါတယ်။ အဲဒီမှာကျနော်ဆရာက ကားစင်းလုံးငှားပြီး ပြန်ရအောင်လို့ပြောပါတော့တယ်။ ဟုတ်တော့လဲဟုတ်ပါတယ် အိပ်စ်ပရက်ကားက ည ရှစ်နာရီမှာပြန်ထွက်မှာပါ။ မန်းလေးပြန်ရောက်ရင်မနက်လေးနာရီ။ လာကြိုဘို့လှမ်းခေါ်ရင်လဲ အိမ်ကလူအိပ်ရေးပျက်။ အငှားကားက လေးငါးခြောက်ထောင်ဆိုတော့ မတန်ရင်ကာ။ ဒီမှာကလဲ  လည်စရာလဲမရှိ လုပ်စရာလဲမရှိ မိုးကလဲ တစ်ဖွဲဖွဲ။ တည်းခိုးခန်းကလည်း နေ့လည်ဆယ့်နှစ်နာရီမှာမထွက်ရင် တစ်ရက်စာထပ်ပေးရမယ်။ ညကားစီးမယ်ဆိုရင်လဲ မိုးတရွှဲရွှဲ မှောင်မဲမဲမှာအဆင်းလမ်းကပြန်ရမယ်။ နောက်ကားပေါ်က အိပ်ရတာအဆင်မပြေ။ ဒါနဲ့ဘဲကားစုံစမ်းရပါတယ်။ မိတ်ဆွေတစ်ယောက်နဲ့လက်ဖက်ရည်ဆိုင်ထိုင်ရင်းကားအကြောင်းပြောတော့သူက ဖုန်းဆက်ပြီး သူ့မိတ်ဆွေကိုလှမ်းမေးပေးပါတယ်။ […]


“မန္တလေးက မြီးရှည်(ကိုလတ်ကြီးအတွက် သတိတရ)”     ဒီရီစရာလေးကပြောတော့ပြောဘူးပါတယ်။ ကျနော်တို့အိမ်ကို ဧည့်သည်လာတော့ သူတို့ကိုမနက်စာမုန့်လို်က်ကြွေးပါတယ်။ သူတို့ပြန်လာတော့ ဧည့်သည်ကို ဘာတွေကျွေးခဲ့လဲလို့ မေးရော။ သူတို့ထဲက ခပ်သွက်သွက် ကလေးတစ်ယောက်က “ဝက်သားနဲ့သုပ်တဲ့မုန့်တီစားခဲ့တယ်……အရမ်းကောင်းတယ်”လို့ဖြေပါတယ်။ သူပြောတာ အစက သဘောမပေါက်။ ပေါက်လဲပေါက်ရော တစ်အိမ်လုံးရီလိုက်ကြရတာ ဝက်ဝက်ကွဲ။ မျက်ရည်များတောင်ထွက်အောင်ရီကြရတာပေါ့။ သူစားခဲ့တာ “မြီးရှည်”ပါ။ မသိတော့မုန့်တီကိုဝက်သားနဲ့သုတ်တယ်လိုထင်သွားတာကိုး။ ထင်လဲထင်စရာ ပုံစံခြင်းကတူတာကိုး။ မြီးရှည်ထဲ ထည့်စားတဲ့မုန့်ဖတ်က မုန့်တီနန်းလတ်နဲ့အရွယ်အစားဆင်ပါတယ်။ ဒါပေမယ့် မတူပါဘူး။ မြီးရှည်မုန့်ဖတ်က နည်းနည်းလေးအလုံးပိုသေးပါတယ်။   မြီးရှည်မှာပါဝင်တဲ့ပစ္စည်းတွေကတော 1.မုန့်ဖတ် 2.ကော် 3.ပဲငပိ 4.တိုရ(ခ)ပဲပင်ပေါက် 5.ကြက်သွန်ဖြူထောင်းအရည်နဲ့တရုပ်နံနံ 6.ဂျုံလုံးအကျွတ်ကြော် 7.ဝက်ဆီဖတ်ကြော် 8.ငရုတ်သီးနဲ့ဆီသတ်ထားတဲ့ ငရုတ်ဆီ 9.ကြက်သွန်ဖြူနဲ့ဆီသတ်ထားတဲ့ဆီဝါ 10.ကြက်သားအသား(သို့မဟုတ်)ဝက်သားအသားနှင့်ဝက်အဆီအခေါက်ပြုတ်ထားတာ 11.မုန်ညှင်းချဉ်(သို့မဟုတ်)မုန်လာဥချဉ် တွေပါဝင်ပြီးတော့ ဝက်သားပြုတ်ရည်ကို ဟင်းချိုအဖြစ်ချပေးပါတယ်။ မြီးရှည်ဆရာများရဲ့ အပြောကတော့ […]


1ကျောက်စရစ်ခဲတောင်                 “လွတ်လပ်ကျယ်ပြန့်သောနေရာဆီသို့………………”   မူဆယ်မြို့ကနေ မန်းလေးဘက်ကိုပြန်အထွက်လမ်းမကြီးကနေ တောင်ဘက်ကိုလာတဲ့အခါ လမ်းခွဲလေးတစ်ခုတွေ့ပါတယ်။ အနောက်ဘက်တည့်တည့်ဆက်သွားရင် မန်းလေးဘက်။ အရှေ့ဘက်ကိုသွားမယ်ဆိုရင် မြို့သစ်တည်မယ်ဆိုတဲ့နေရာ။ နောင်ဆိုရင်ကားကြီးတွေ ဒီဘက်က သွားရမယ်လို့သတင်းတွေထွက်လာတယ်ဆိုတော့ အဲဒီဘက်က ဆယ်ဂဏန်းမြေကွက်က ရာကြီးဂဏန်းတွေဖြစ်ကုန်ပါတယ်။ အဲဒီဘက်က တရုပ်နယ်စပ်နဲ့မြန်မာနယ်စပ်ပြန်ဆုံတဲ့နေရာလို့ပြောတော့ သွားကြည့်ချင်ပါတယ်။ ဒီလမ်းတွေကိုလဲ တရုတ်ဘက်ကတာဝန်ယူပြီးဖောက်ပေးတယ်ပြောပါတယ်။ လမ်းတွေက ညီညာပြီး အတော်လေးသပ်ရပ်။ တစ်ဘက်ကတောင် တစ်ဘက်က မြေပြန့်လွင်ပြင်။ လွင်ပြင်ဘက်ခြမ်းမှာတော့ ရသလောက်နေရာတွေမှာ စါပးပင်တွေစိုက်ထားတာကိုတွေ့ရ။ အဝေးမှာအထပ်ထပ်နဲ့တောင်ကြီးတွေ။ လှမ်းကြည့်ရင်  ကျောက်တောင်တခြမ်းပဲ့တွေအဖြစ်မြင်ရပါတယ်။ ဒီကျောက်တောင်တွေကနေအိမ်ဆောက် လမ်းခင်းဘို့ ကျောက်စရစ်ထုတ်တေ့ာ တောင်ကတုံးတွေဖြစ်သွား။ ဒီလမ်းရဲ့ထူးခြားချက်ကတော့ သူတို့ဖောက်တဲ့လမ်းကြောင်းမှာပိတ်နေတဲ့တောင်တွေကို ထက်ဝက်ပိုင်းပြီး လမ်းဖောက်လိုက်တာပါတဲ့။ အကွေ့အကောက်တွေများပေမယ့် လမ်းတွေကညီညာဖြောင့်ဖြူးပါတယ်။ နေအပူရှိန်ရှိပေမယ့် တောင်တန်းတွေကြားကလာတဲ့အေးမြတဲ့လေကြောင့်အပူဒဏ်တွေ လျော့ပါးတာကတော့အမှန်ပါဘဲ။ […]


1 ဒီလမ်းမကျယ်ကြီးကနေကွေ့ဝင်သွားရပါတယ် အဲဒါဆင်ခြေဖုံးရပ်ကွက်တွေကို သွားတဲ့လမ်းမပါ။ 2 လယ်ကွင်းတွေကြားထဲကမြင်ရတဲ့ စက်ရုံအလုပ်ရုံတွေ(ကားပေါ်က ရိုက်တော့ နည်းနည်းဝါးတယ်) 3 ကျနော်တို့ဆီကနဲ့တူတဲ့ ဆင်ခြေဖုံးရပ်ကွက်လေးပါ(ဒါလဲကားပေါ်ကရိုက်တာလေ)   4 အမြင်ဆန်းတဲ့စေတီတော် (ဦးနုစေတီလို့ခေါ်သလို ကျေးလက်စေတီလို့လည်းခေါ်ပါသတဲ့) 5 ရိုက်ချက်ဆန်းဆန်းလေး (ကိုယ်တတ်တာဟုတ်ပါဘူး သူများလုပ်ထားတာ အဆင်သင့်ဝင်စားတာပါ) 6 အရှေ့ဘက်မှဖူးမျှော်ခြင်း   6သစ်ပင်စောင်းစောင်းလေးက ကိုပေါက်အကြိုက်ပါဘဲ 7 ထုူူးဆန်းသောကံ့ကော်ပင် တစ်ခြမ်းထဲဘဲအပွင့်တွေပွင့်နေတာ 8အနီးကပ် ကံ့ကော် ဘုရားလှူဖို့ ခူးသွားနော် 9 ဘုရားပေါါ်မှာမွေးထားတဲ့ဒေါင်း   10 ကိုပေါက်လက်ဆော့လို့ ထွက်ပြေးရတဲ့ဒေါင်း 11 စိန်ပန်းနီလွင် စေတီတော်ဝါရွှင် 12 မအို့တအို ကျောင်းကလေး 13 အဝင်ဝက နာမတော်(ကျနော်ကတော့ မဖတ်တတ်ဘူး သိသူက ဘာသာပြန်ပေးကြပါ) 13 အသစ်ဆောက်နေတဲ့ …………………………………. […]


      6 မှောင်ရီဝေဝိုးတဝါးအလှ   “တောင်ပေါ်ကရေကန်(သူတို့ကန်နဲ့ကျနော်တို့ကန်)”     ကျနော်တို့အုပ်စုကလေးကပြည်တော်ပြန်ဘုရားကနေဆင်းလာတဲ့အချိန် တောင်ကြားထဲမှာရေကန်ရှိတယ်လို့ ကလေးတစ်ယောက်ကပြောလာပါတယ်။ အဲဒါနဲ့ထင်းရူးတောလေးအလွန်မှာ ရေကန်လေးလှမ်းတွေ့တော့ကားခဏရပ်လို့ဓါတ်ပုံရိုက်ပါတယ်။ ရိုက်ရင်းနဲ့အားမရတော့ မထူးဘူးဆိုပြီ အားလုံးအောက်အထိဆင်းလိုက်ကြပါတယ်။ အောက်ရောက်တော့ရေကန်နံဘေးမှာ အပန်းဖြေစာ ဆိုင်ကလေးတွေရှိပါတယ်။ တဲလေးတွေဆောက်ထားတာပါ။ ကန်ထဲမှာအပျော်စီးစရာ ဘဲရုပ်ခြေနင်းလှေကလေးတွေလဲရှိပါတယ်။ ကန်ကလေးကသိပ်မနက်သလို သိပ်လဲမကျယ်ပါဘူး။ ဘေးနှစ်ဖက်မှာက တောင်ကမ္ဘားယံတွေကခြံရံလို့ထားတဲ့ တောင်ကျချောင်းလေးဘဲဖြစ်ပုံရပါတယ်။ ရေကတော့ ကြံရည်ရောင် စိမ်းဖန့်ဖန့်။ လိပ်ကလေးတွေလဲရှိငါးစာကျွေးလိုက်ရင်အပြေးအလွှားလာစားတဲ့ငါးကလေးတွေလဲရှိ။ ချစ်စရာဘဲကလေးတွေက ရေကူးလို့။ ကန်ဘောင်တစ်ဘက်ကတော့ သမံသလင်းခင်းထားပါတယ်။ အကြာကြီးလဲမနေချင်နေကလဲအတော်လေးပူတော့ ခဏလေးဘဲနေ ဓါတ်ပုံရိုက်ပြီးပြန်ခဲ့ကြပါတယ်။ တောင်ပေါ်ကဆင်းလာတော့ နေ့မွန်းတည့်။ အဲဒါနဲ့ဘဲ ကျနော်တို့ ထမင်းဝင်စားမယ်လို့ဆုံးဖြတ်လိုက်ပါတယ်။   ထမင်းဆိုင်ရောက်တော့ ထမင်းစားနေရင်းက တစ်နေ့ညကသွားခဲ့တဲ့ ရွှေလီမြို့ထဲကရေကန်ကြီးကို ပြန်သတိရမိပါတယ်။ သူတို့အခေါ်တော့ (စွေဟူး- sui hu)လို့ခေါ်ကြပါတယ်။ မြန်မာလိုပြန်ရင်တော့ရေကန်ကြီးလို့ပြောပါတယ်။ […]


  “လွယ်တိန်ခမ်းတောင်ပေါ်က”     ကျယ်ခေါင်ထဲမှာနေလို့ တစ်ပါတ်ပြည့်တဲ့ရက်နဲ့ ချိန်ပြီး မူဆယ်ဘက်ကိုသွားဘို့စီစဉ်ထားပါတယ်။ လိုက်ပို့မယ်သူက ဘယ်သွားချင်လဲလို့မေးတော့ မတ်ရပ်ကိုယ်တော်ကြီးရှိတဲ့ဆီကိုသွားချင်တယ်ပေါ့။ အဲဒါနဲ့ မနက်ရှစ်နာရီလောက် နန်းတော်ဂိတ်ကထွက်။ လူဝင်မူ့ကြီးကြပ်ရေးဂိတ်ပေါက်မှာတန်းစီ။ နောက်တစ်ပါတ်အတွက်ကဒ်အသစ်လုပ်။ ပြီးတာနဲ့ ဗိုက်ဖြည့်ဘို့ အရုဏ်ဦးလ က်ဖက်ရည်ဆိုင်ကို ချီတက်။ ပြီးတာနဲ့ရပ်တော်မူကိုယ်တော်ရှိရာလွယ်တိန်ခမ်းတောင်ကို သွားကြပါတယ်။ တောင်ပေါ်အတက်လမ်းဂိတ်တံခါးမှာတော့ ဖလားလေးတစ်လုံး။ စေတနာရှိသလောက်လှူပေါ့။ ကားကလေး က စိမ်းစိုတဲ့သစ်ပင်တွေအုပ်ဆိုင်းနေတဲ့လမ်းကလေးအတိုင်းပြေးလွှား။ တောင်တက်လမ်းက မြင့်ပေ့မယ် မမတ်စောက်ပါဘူး။ မြေလမ်းလေးတစ်ခုရောက်တော့ အတက်လမ်းနဲ့အဆင်းလမ်းခွဲလေးကိုမြင်ရပါတယ်။ တောင်ကမ်းပါးယံကို ကွေ့ပါတ်တက်ရင်း ရပ်တော်မူကိုယ်တော်ကြီးရှိရာကိုရောက်ပါတယ်။ ဘွဲ့တော်က တော့ “မဟာသန္တိသုခရပ်တော်မူ” ရပ်တော်မူကိုယ်တော်အောက်မှာ ဂူဘုရား။ အတွင်းတော်ထဲမှာတော့ ဆင်းတုတော်တစ်ဆူကိုးကွယ်ထားပါတယ်။ ဘုရားကတော့ ဆောက်လက်စ ဆိုတော့ အပေါ်ဆင့်အတက်လမ်းကို ပိတ်ထားပါတယ်။ ရှေ့မှာတော့ ဆောင်လက်စ ဇရပ်ကြီးတစ်ဆောင်။ ဘုရားရဲ့ ဘယ်ဘက်ခြမ်းကနေလှမ်းကြည့်ရင် အဆင့်ဆင့်အထပ်ထပ်တောင်တန်းတွေ.။ […]