“ပဲခူးအစ ဟင်္သာက ဆိုတဲ့နေရာလေး” စိန်သာလျောင်းဘုရားကထွက်ပြီးဘယ်သွားမလဲမေးတော့ လုလင်က ကျနော်တို့ကိုလမ်းပြပေးတဲ့ ဆိုင်ကယ်ဆရာကို တစ်နေကုန်အတွက်လမ်းပြပေးဘို့အကူအညီတောင်းလိုက်ပါသတဲ့။ နေ့လည်စာထမင်းကျွေး ငွေငါးထောင်အသားတင်ပေးပေါ့။ ဒါနဲ့ဘဲသူက ဆိုင်ကယ်ကိုရှေ့ကဦးဆောင်ပြီးမောင်း ကျနော်တို့ကနောက်ကလိုက်ရင်း “ဟင်္သာကုန်း” ကိုရောက်သွားပါတယ်။ အဲဒီရောက်တဲ့အခါ သူယူလာတဲ့ဆိုင်ကယ်ကို ပြန်ထားပြီးကျနော်တို့ကားနဲ့လိုက်ခဲ့ဘို့ခေါ်လိုက်ပါတယ်။ ဒါနဲ့ဘဲသူက ကျနော်တို့ကိုဟင်္သာကုန်းအရောက်လိုက်ပို့ပေးပါတယ်။ ဘုရားရောက်တော့ နေအတော်လေးပူနေပါပြီ။ ဘုရားအခြေမှာကားရပ်ဘိနပ်တွေကားထဲထားပြီး ကုန်းတော်ဘက်ကိုအမြန်ပြေးရပါတယ်။ လမ်းမက ပူကျက်နေတာကြောင့်ပါ။ ပိတ်ရက်ဆိုတော့လူစည်ကား။ ဘုရားကုန်းတော်အရောက်ပန်းဝယ်ဘို့ခေါ်နေတဲ့ ဈေးသည်တွေကိုတိုးဝှေ့လို့တက်ရပါတယ်။ အပေါ်ရောက်ခါနီးမှာ နတ်ဒိုးသံတွေကြားတော့ မရိုးမရွ။ ကချင်လို့ဟုတ်ပါဘူး နတ်ကန္နားကို တစ်ခါမှ မှတ်တမ်းမတင်ဘူးလို့ပါ။ အဲဒါနဲ့ မဒမ်ပေါက်တို့ကို ကုန်းတော်ပေါ်လွှတ်ပြီးကျနော်က တော့ အောက်တစ်ဆင့်က ဓမ္မာရုံထဲက နတ်ကနားကနေတဲ့ဆီကိုပြေးပါတယ်။ ပြီးမှ ဘုရားကုန်းတော်ပေါ်တက်ပါတယ်။ အဲဒီရောက်တဲ့အခါမှာတော့ “ဟံသာဝတီပဲခူးအစ ဟင်္သာကုန်းက” ဆိုတဲ့စာတန်းကိုမြင်ရပါတယ်။ စေတီပုံစံတော့ထူးခြားပါတယ်။ ဘုရားကိုတစ်ပါတ် […]