“ပဲခူးအစ ဟင်္သာက ဆိုတဲ့နေရာလေး”
“ပဲခူးအစ ဟင်္သာက ဆိုတဲ့နေရာလေး”
စိန်သာလျောင်းဘုရားကထွက်ပြီးဘယ်သွားမလဲမေးတော့ လုလင်က ကျနော်တို့ကိုလမ်းပြပေးတဲ့
ဆိုင်ကယ်ဆရာကို တစ်နေကုန်အတွက်လမ်းပြပေးဘို့အကူအညီတောင်းလိုက်ပါသတဲ့။
နေ့လည်စာထမင်းကျွေး ငွေငါးထောင်အသားတင်ပေးပေါ့။
ဒါနဲ့ဘဲသူက ဆိုင်ကယ်ကိုရှေ့ကဦးဆောင်ပြီးမောင်း ကျနော်တို့ကနောက်ကလိုက်ရင်း “ဟင်္သာကုန်း”
ကိုရောက်သွားပါတယ်။
အဲဒီရောက်တဲ့အခါ သူယူလာတဲ့ဆိုင်ကယ်ကို ပြန်ထားပြီးကျနော်တို့ကားနဲ့လိုက်ခဲ့ဘို့ခေါ်လိုက်ပါတယ်။
ဒါနဲ့ဘဲသူက ကျနော်တို့ကိုဟင်္သာကုန်းအရောက်လိုက်ပို့ပေးပါတယ်။
ဘုရားရောက်တော့ နေအတော်လေးပူနေပါပြီ။
ဘုရားအခြေမှာကားရပ်ဘိနပ်တွေကားထဲထားပြီး ကုန်းတော်ဘက်ကိုအမြန်ပြေးရပါတယ်။
လမ်းမက ပူကျက်နေတာကြောင့်ပါ။
ပိတ်ရက်ဆိုတော့လူစည်ကား။
ဘုရားကုန်းတော်အရောက်ပန်းဝယ်ဘို့ခေါ်နေတဲ့ ဈေးသည်တွေကိုတိုးဝှေ့လို့တက်ရပါတယ်။
အပေါ်ရောက်ခါနီးမှာ နတ်ဒိုးသံတွေကြားတော့ မရိုးမရွ။
ကချင်လို့ဟုတ်ပါဘူး နတ်ကန္နားကို တစ်ခါမှ မှတ်တမ်းမတင်ဘူးလို့ပါ။
အဲဒါနဲ့ မဒမ်ပေါက်တို့ကို ကုန်းတော်ပေါ်လွှတ်ပြီးကျနော်က တော့ အောက်တစ်ဆင့်က
ဓမ္မာရုံထဲက နတ်ကနားကနေတဲ့ဆီကိုပြေးပါတယ်။
ပြီးမှ ဘုရားကုန်းတော်ပေါ်တက်ပါတယ်။
အဲဒီရောက်တဲ့အခါမှာတော့ “ဟံသာဝတီပဲခူးအစ ဟင်္သာကုန်းက” ဆိုတဲ့စာတန်းကိုမြင်ရပါတယ်။
စေတီပုံစံတော့ထူးခြားပါတယ်။
ဘုရားကိုတစ်ပါတ် ပါတ်ကြည့်တော့ အဝေးမှာရွှေမော်ဓေါ စေတီကိုလှမ်းမြင်ရပါတယ်။
အဲဒီကနေမှ တစ်ဆင့် သမိုင်းဝင်ရွှေဂူလေးဘုရားကိုသွားကြပါတယ်။
အဲဒီမှာ ရှိတဲ့စမ်းချောင်းလေးမှာ ရေကစားနေတဲ့သူတွေကိုမြင်ရပါတယ်။
ဒီဘုရားမှာ ထူးခြားတာကတော့ ပုုစွန်ချဉ် ငါးဖယ်ချဉ် ဆိုင်တွေရယ်
ငှက်ကြော်ငုံးကြော်ဆိုင်တွေအပြင်ထူးထူးခြားခြားမြင်ရတာကတော့
ကောက်ညျင်းထုပ်သည်တွေပါ။
ကောက်ညှင်းထုပ်သေးသေးလေး တစ်ခု 20ကတော့စားချင်စဖွယ်။
ဒါပေမယ့် ထမင်းမစားရသေးတော့ မနားဘဲခရီးဆက်ခဲ့ပါတယ်။
ဘယ်မှာထမင်းစားရင်ကောင်းမလဲလို့ လမ်းပြကိုမေးလိုက်တော့
…………………………………………
ကိုပေါက်လမ်းသလားနေသည်
30-1-2013
19 comments
ခင်ခ
February 5, 2013 at 9:10 am
ပဲခူးပြယုဒ် ဟင်္သာအဖိုပေါ် ဟင်္သာအမ ထပ်ကာရပ်နေပုံ ဟင်္သာကုန်းမှာရှိတာကိုတော့ မရိုက်ခဲ့ဘူးလားဗျ။
ကိုပေါက်(မန္တလေး)
February 5, 2013 at 12:05 pm
ကိုခရေ
အဲဒီနေရာလေးကို မတွေ့လို့မရိုက်ခဲ့ရဘူးဗျ။
အမှန်တိုင်းပြောရရင် နတ်ကန္နားကို အာရုံကျနေလို့။
မဟာရာဇာ အံစာတုံး
February 5, 2013 at 9:54 am
အဲ ….
ဟိုပုံ ကြည့်မိမှ … ဒဒိရတွားဒယ် …
ကျုပ် နတ်ပွဲ မကြည့်ဖြစ်တာ နှစ်ချီနေပြီပဲ ….။
ကလေးဘဝ ရွာမှာနေတုန်းကတော့ နှစ်တိုင်းလိုပဲ နတ်ပွဲ ကြည့်ခဲ့ရတယ် …
စောစော ဘုရားများ ဖူးတွားဘာဒယ်
ဖေပေါက်ဂျီးရေ ….။
Ma Ei
February 5, 2013 at 9:57 am
ကိုးတန်းနှစ်မှာ ကျောင်းလေ့လာရေးအဖွဲ့နဲ့ရောက်ခဲ့စဉ်က
စမ်းချောင်းရေ ကြည်ကြည် ထဲမှာဆော့ကစားခဲ့ကြတာ
အမှတ်ရမိသွားခဲ့ပါတယ်…
ကိုပေါက်(မန္တလေး)
February 5, 2013 at 12:07 pm
အဲဒီနေက လူများလို့လားတော့ မသိ
ရေတွေက နည်းနည်းလေးနောက်နေသလိုပါဘဲ။
surmi
February 5, 2013 at 10:45 am
အစ်ကိုရေ …….ဟင်္သာကုန်းဘုရားကအတော်ပြောင်းလဲသွားတာပဲဗျ ။
ဓတ်ပုံတွေကြည် ့ပြီးဘပဲခူးဝန်းကျင်နဲ ့ အဲဒီဟင်္သာကုန်းရပ်ကွက်က
ရှေးဟောင်းပစ္စည်း သိုက်သမားတွေအကြောင်းတောင်သတိရသွားတယ်ဗျာ ။
တချိန်က ပဲခူးတဝိုက်ဟာ ရှေးဟောင်းပစ္စည်း ရောင်းဝယ်စုဆောင်းတဲ့
နေရာတစ်ခု ဖြစ်ခဲ ့သေးတာပေါ ့
ကျနော်ရေးဖြစ်ခဲ ့ရင် ဓတ်ပုံ တစ်ပုံလောက်ယူသုံးပါရစေဗျ
ကိုပေါက်(မန္တလေး)
February 5, 2013 at 2:18 pm
နယ်တကာလှည့်နေတဲ့
အိုဆရာ ဆာမိ
အလိုရှိရာယူသုံးတော်မူပါဗျု့ိ
မောင်ပေ
February 5, 2013 at 12:35 pm
အရင် ရန်ကုန်-မန်းတလေး လမ်းဟောင်းတုန်းက
ရန်ကုန်ကလာရင် ပဲခူးမှာ ထမင်းစားဖို ့နားပေးတဲ့ ထမင်းဆိုင်ကြီးဗျာ
အဲ့ဆိုင်တော်တော်လက်ရာကောင်းတာကလား
ကိုပေါက်(မန္တလေး)
February 5, 2013 at 2:19 pm
ပြောပြောကစောပါတော့မေပေါင်ရယ်
သိရင်ဝင်စားမှာပေါ့
ဆူး
February 5, 2013 at 4:06 pm
စမ်းချောင်းထဲမှာ ရေဆော့ခဲ့သေးလား..
ရေဆော့ချင်လို့ ပုံကြည့်ပြီး သဘောကျတယ်။
ကိုပေါက်(မန္တလေး)
February 5, 2013 at 4:35 pm
စမ်းချောင်းထဲ မဆော့ခဲ့ရဘူးဗျ။
နေပူထဲကလာတော့ အပူရှပ်မှာစိုးလို့။
Mobile
February 5, 2013 at 8:40 pm
အားပေးသွားပါ၏ဗျာ။
ချောင်းထဲကရေတွေက မသန့်လောက်ဖူးထင်တယ်နော်။
ဒါပေမယ့် အပျိုတွေရေချိုးတာတော့ သွားချောင်းချင်သားဗျ။(ဝါသနာ)
နတ်ကန္နားပွဲမှာ အူးမာဂ ကိုမတွေ့ခဲ့ဘူးလားဗျ။ သူလဲနတ်ဆိုတော့။
ကိုပေါက်(မန္တလေး)
February 5, 2013 at 10:33 pm
နတ်ကနားက ဦးမာဃကိုလက်မခံဘူး
မိုက်ကယ်ဂျော်နီအောင်ပု
February 5, 2013 at 8:54 pm
တိုင်းရေးပျီရေးကောင်းရင်
ပဲခူးဘုရားပရဝုဏ်ထဲမှာ ရှေးခေတ် ယိုးဒယားရှမ်းဘုရင်တွေ ဝှက်ထားခဲ့တဲ့
ရတနာစုတစ်ခုရှိတာကို သွားတူးရမယ်
ကျုပ်ငယ်ငယ်က သိခဲ့ရဘူးတယ်
ပိုစ့်တစ်ပုတ်တောင်ရေးထားဘူးသေးတယ်
လွန်သွားပြီဖြစ်တဲ့ ကျုပ်ဘကြီးကိုယ်တိုင် အဲ့သည်ဆေးစီရင်တာ ကျုပ်ကိုယ်တိုင်တွေ့ရှိမှတ်သားဘူးပါ၏။
ဘာစီမံထားသလဲတော့မသိဘူး
ကျုပ်ကတော့ ဒိုက်နမိုက်နဲ့ခွဲမှာ
surmi
February 5, 2013 at 11:35 pm
ဘကြီးပု …
ပဲခူးအကြောင်း နှစ်ယောက်ပေါင်းရေးရအောင် …
ဘယ်လိုလဲ ….???
ကိုပေါက်(မန္တလေး)
February 5, 2013 at 10:38 pm
မောင်ပု တိုင်းရေပြည်ရေးကောင်းရင် ဘယ်သွားဖျက်လို့ရမလဲ။
မကောင်းမှဖျက်ရတာလေ။
အဲဒေါ့ မင်းသွားရင် ကျုပ်ကိုလဲခေါ်အုံးနော်
Mလုလင်
February 6, 2013 at 2:16 am
မြန်အောင် မှာ လဲ အဲလို တဲ့ . . . . . သတင်း တွေ ကြားတာပဲ . . ခွိခွိ
MaMa
February 6, 2013 at 7:41 am
ပဲခူးကတော့ မကြာခဏ ရောက်နေလို့လား မသိဘူး။
မှတ်တမ်းတင်ရမယ်လို့ မထင်မိဘူး။
ဒါပေမယ့် ကိုပေါက်တင်တဲ့ပုံတွေ ကြည့်ရတော့ မရောက်ဖူးတဲ့နေရာ ရောက်သွားရသလိုပဲ။
ကိုပေါက်(မန္တလေး)
February 6, 2013 at 5:25 pm
မမတို့က သွားနေမြင်နေကျ ဖြစ်တော့ မထူးဆန်းဘူးဖြစ်နေတာမှာလေ။
ကျနော်ကတော့ ခရီးကြုံကြိုက်လို့ရောက်တော့ ထူးဆန်းနေတာပေါ့ မမရေ