တစ်နေ.သူငယ်ချင်းတွေနဲ.လက်ဖက်ရည်ဆိုင်ထိုင်နေတုန်းမှာ company ယူနီဖောင်းဝတ်ထားတဲ.ကောင်လေးတစ်ယောက်က ကျွန်တော်ကိုလာနှုတ်ဆက်ပါတယ်။ သူကိုချက်ချင်းပြန်မှတ်မိလိုက်တာကတော. အဲဒီကောင်လေးဟာ ခဏခဏ အလုပ်ပြောင်းလုပ်တတ်တဲ.ကောင်လေးဖြစ်နေလို.ထူးခြားနေလို.ချက်ခြင်းပြန်မှတ်မိလိုက်တာပါ။ လွန်ခဲ.သော 8နှစ်လောက်က ကျွန်တော်သူငယ်ချင်းတစ်ယောက်ရဲ.လုပ်ငန်းကို အကြံပေးအဖြစ်ကျွန်တော်ဆောင်ရွက်နေတုန်းက အဲဒီမှာ အရောင်းသမားအဖြစ် စတွေ.ခဲ.တဲ.ကောင်လေးပါ။ သူ.နဲတော်တော်လေးကြာလို. တစ်ခါတွေ.ရင် ယူနီဖောင်းတမျိုး အလုပ်တစ်မျိုးနဲ.ဆိုရလောက်အောင်ကို အလုပ်ပြောင်းတတ်တဲ.ကောင်လေးပါ။ သူနဲ.တွေ.ခဲ.တဲ. ၈နှစ်အတွင်းမှာ သူအလုပ်ပြောင်းလုပ်တဲ.နေရာက၁ဝခုတောင်မကတော.ဘူးထင်ပါတယ်။ ဒါနဲ.အိမ်ပြန်ရောက်လို. ကုလားထိုင်မှာ ထိုင်ပြီးစာဖတ်နေတုန်းဘေးအိမ်က ဖွင်.ထားတဲ.သီချင်းက ပထမဆုံး ပလေးဘွိုင်သန်းနိုင်ဆိုပြီး နောက်တော. rocker ကြီး ညီထွတ် ပြန်ဆိုထားတဲ. ” ဂျစ်ပစီ မိုးတိမ်”ဆိုတဲ.သီချင်းလေးပါ။ ” ဂျစ်ပစီ”ဆိုတာကလည်း တနေရာထဲမှာ အတည်တကျမနေဘဲ ရေကြည်ရာမျက်နရာကိုလျှောက်ပြောင်းနေတဲ. လူစားမျိုးပါ။ ဒီသီချင်လေးထဲက” ဂျစ်ပစီ”ဆိုတဲ.စာသားလေးရယ် နေ.လည်ကတွေ.လိုက်တဲ.ကောင်လေးရယ်ဆက်စပ်လို. အခုပြောမဲ. အကြောင်းလေးတွေက ခေါင်းထဲကိုရောက်လာပါတယ်။ လွန်ခဲ.တဲ.10နှစ်လောက် က ကျွန်တော်.ဆီမှာ ခေတ်စားလာတဲ. စာအုပ်ကလေးက ” […]