တစ်နေ.ဆီက ကိုအောင်မောင်းနဲ.ကျွန်တော်ဆုံခဲ.ပါတယ်။ နှစ်ယောက်သားပျင်းတာနဲ. မန္တလေးကန်တော်ကြီးရဲ. အနောက်ဖက်က နေပြီး ရွှေကြက်ယက်နဲ.စစ်ကိုင်းတံတားသစ် ဘက်ကိုဖောက်ထားတဲ. ကန်ပါတ်လမ်းဘက်ကိုရောက်ဖြစ်ခဲ.ကြပါတယ်။ သည်လမ်းကလေးက အနောက်ဘက်ကိုကြည်.လိုက်ရင် စစ်ကိုင်းတောင် တကြောလုံးက ဘုရားစေတီတွေကို မြင်ကွင်းကျယ်နဲ.မြင်နေရပြီး အနားသတ်ကတောင်တန်း အလယ်ကြားက မြစ်မင်းဧရာ အဆုံးမှာလယ်ကွင်းပြင် အရှေ.ဘက်ကတော. သစ်ပင်ရိပ်တွေနဲ. သိပ်ကိုသာယာပါတယ်။ ကျွန်တော်တို.နှစ်ယောက်က လမ်းဘေးနားက လူရှင်းတဲ. အကြော်ဆိုင်လေးမှာထိုင်ဖြစ်ကြပါတယ်။ ကိုအောင်မောင်းမှာအရောင်းအဝယ်နဲ.ဆက်စပ်ပါတ်သက်နေတဲ.ဇာတ်လမ်းလေးတွေရှိတတ်ပါတယ်။ ဒီဇာတ်လမ်းလေးက သူပြောပြတာဆိုတော. သူပြောတာနားထောင်နေတယ်လို.ဘဲမှတ်လိုက်ပါနော်။ တစ်ရက်ကျွန်တော်နဲ.တိုင်ပင်စရာရှိလို.တွေ.ရအောင်ဆိုပြီးဖုန်းဆက်လာပါတယ်။ ကျွန်တော်ကလည်း မင်းအားတဲ.အချိန်ညပိုင်းအိမ်ကိုလာ.ဘို.ခေါ်လိုက်ပါတယ်။ သူရောက်လာတော. အိမ်မှာ မပြောချင်ဘူးဆိုတာနဲ. တက်သေးအင်းကန်တော်ကြီးဘေးက အုတ်ခုံလေးပေါ်မှာ နှစ်ယောက်သားထိုင်ဖြစ်ပါတယ်။ သူက သူဘယ်လိုဖြေရှင်းရမယ်ဆိုတဲ.ပုစ္ဆာလေးကိုယူလာတာပါ။ ူတောင်ကြီးက သူ.ကုန်သည်ဆီမှာ သိန်းရာဂဏန်းလောက်မြုတ်နေပါသတဲ.။ ဆုံးတော.လဲ မဆုံးနိုင်တဲ. ခိုင်မာတဲ.ကုန်သည် နာမည်ကောင်းရှိတဲ.ကုန်သည်လဲဖြစ်ပါသတဲ.။ ခက်တာက မောင်နိုင်က သူများဖောက်သည်လုရောင်းထားတာ။ စရောင်းစက ငွေအကြောင်းမပြောဘဲ အကြွေးတွေများများပေးပြီး အရယူထားတာ။ […]