အာဂMarch 13, 20121min1438
လိုင်းကားများအပေါ်တွင် ၁၅-၃- ၂၀၁၂ ရက်နေ့မှစတင်၍ I pay ကတ်စံနစ်ကို စတင်အသုံးပြုတော့မည်ဖြစ်ကြောင်း ၁၂-၃-၂၀၁၂ ရက်တွင် ( Kispa Nadi Express Limited )မှ သိရသည်။ ဆက်လက်၍ အဆိုပါလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ´ငွေကိုကိုင်ပြီး ကားစီးစရာမလိုဘူး။ ဒီကတ်ရှိရင် ကိုယ်စီးမယ့်ခရိးစဉ်အတွက် ကျသင့်တဲ့ငွေကို ကတ်ထဲကနေ နှုတ်ယူသွားမှာဖြစ်တယ်။ အခုဆိုရင် ဒီစနစ်ကို သုံးဖို့အတွက် ယာဉ်နောက်တွေကို သင်တန်းတွေပေးနေပြီ။ ကတ်ကိုသုံးရင်လည်း တစ်စက္ကန့်လောက်ပဲကြာတော့ အချိန်တွေလည်းမကြန့်ကြာဘူး။ ဒီလိုလုပ်နိုင်ဖို့အတွက် စီစဉ်နေတာကတော့ကြာပါပြီ။ အခု ၁၅ ရက်ဆိုရင်တော့ အကောင်အထည်ဖော်ဆောင်ရွက်သွားမှာပါ။ ဒီလိုလုပ်လိုက်ရင် ခရီးသည်တွေလည်းပိုပြီးအဆင်ပြေသွားမယ်ထင်ပါတယ်။ ဒါမှ ကိုယ်က ၂၀ဝ ကျပ်ပေးရတဲ့ခရီးကို သွားမယ်ဆိုရင် စက်ကကတ်ထဲကနေ ၂၀ဝ ပဲဖြတ်သွားမှာပါ။ အခုလိုလုပ်ပေးတာအားလုံးအတွက် အဆင်ပြေသွားအောင်ပါ´ဟု ပြောကြားသည်။ အဆိုပါ […]