ထင်းရှူးမြို့တော်မှ ပန်းကလေးများ… …ရှမ်းပြည် တောင်ပိုင်း အလည်သွားမယ် (12)… မအိတို့သွားခဲ့တဲ့ တောင်ကြီး၊အင်းလေး၊ကလော မိသားစု အပန်းဖြေ ခရီးစဉ်လေးကို အကျဉ်းချုံး ပြန်လည်တင်ပြရရင်… Day 1…4/5/12. ညနေ ၅ နာရီ ရန်ကုန် အဝေးပြေးဂိတ်မှ သစ္စာဦး ရန်ကုန်တောင်ကြီး အိတ်စပရက် စီးခဲ့ပါတယ်… ရွှေညောင်လမ်းဆုံမှ ညောင်ရွှေ Remember Inn သို့ ကားလာကြိုပေးရန်၊ တောင်ကြီး တစ်ရက်လည် ၊ ပင်းတယ ကလောတစ်ရက်လည် ရန် ညောင်ရွှေ Remember Inn မှကားကြိုတင်စီစဉ်ထားခဲ့ပြီးဖြစ်ပါသည်။ Day 2…5/5/12. မနက် ၅ နာရီခွဲ ရွှေညောင်လမ်းဆုံမှာ ဆင်းပြီး၊ လာကြိုသောကားနှင့်၊ ညောင်ရွှေ Remember Inn သို့ Check […]