lu ta loneMay 4, 20101min1245
ကလေးစိတ်အကြောင်းကို စရေးဖြစ်တာကတော့ တနေ့က အစ်မတစ်ယောက်နဲ့ Gtalk မှာ စကားပြောနေတုန်း ကျွန်တော်က သူ့ကို ဆရာဝန်တွေမှာ ကလေးစိတ်ရှိဖို့ လိုအပ်တယ်လို့ ပြောလိုက်တယ်။ သူက အံ့ဩပြီး ကလေးစိတ်ဝင်နေရင် သူငယ်ပြန်မှာပေါ့ ဆိုပြီး ကျွန်တော့်ကို ပြောတယ်။ ကျွန်တော်က အဲဒါကို ပြောတာမဟုတ်ဘူး။ ကလေးတစ်ယောက်ရဲ့ စူးစမ်းတတ်တဲ့ စိတ်ဓာတ်ကို အသက်ကြီးသွားလည်း လက်မလွှတ်လိုက်ဖို့ လိုတယ်ဆိုတာကို ပြောတာလို့ ပြန်ပြောလိုက်တယ်။ အဲဒီ ကလေးစိတ်နဲ့ ပတ်သက်ပြီး စာရေးချင်တာနဲ့ အခု ဆောင်းပါးကို ရေးလိုက်တာပါ။ ကလေးစိတ်ဆိုတာ ဘာကို ပြောတာလဲ။ ကျွန်တော်တို့ လူရယ်လိုု့ ဖြစ်လာပြီး အသက် ၂ နှစ် အရွယ်ဝန်းကျင်လောက်ကို ပြန်စဉ်းစားကြည့်လိုက်ပါ။ ကျွန်တော်တို့ ဘာကိုမှ မသိဘူး။ မသိတဲ့အတွက်လည်း အရာရာကို သိချင်တယ်။ […]