mgsaiDecember 4, 20151min2244
ကျောင်းကို တော့အထူးတလည် မိတ်မဆက်ပေးတော့ပါဘူး။ ဇတ်လမ်းဆက်ကြစို့ ကျွန်တော်တို့ ကျောင်းတွေမှာ ခေတ် ဆိုတာရှိတယ်။ ကြုံဖူးကြလား၊ အရုပ်ခေတ်တို့၊ ပုံကဒ်ခေတ်တို့၊ ဘောလုံးခေတ်တို့ တစ်ခါတစ်လေ အီစွတ်ကြိုး ခေတ်ဆိုတာတောင်ရှိပါတယ်။ ခေတ်တစ်ခေတ်ကို သတိထားမိသလောက် တစ်လ၊ အလွန်ဆုံးကြာ နှစ်လပဲခင်ဗျ။ ပြီးရင်တော့ အဲဒီခေတ်ကုန်သွားပြီး နောက်ခေတ်တစ်ခေတ်ကူးပြောင်းပါတယ်။ ကျောင်းဖွင့်ခါစ မိုးတွင်းတို့လို အချိန်တွေမှာ သေချာကစားလို့မရဘူး။ ဘောလုံးကန်လို့မရဘူး၊ မိန်းခလေးတွေဆိုလဲ ကြိုးခုန်တာတို့ ဘာတို့မရဘူး။ အဲဒီတော့ မှတ်မိသလောက် အဲဒီအချိန်ဆို ပုံကဒ်ခေတ်ပါ။ ကျွန်တော်တို့ ငယ်ငယ်က ကိုရီးယားကားဆိုတာ စပြီးခေတ်စားလာတော့ ကိုရီးယားကားထဲက မင်းသားမင်းသမီးပုံတွေ၊ ပါဝါရိန်းဂျားကလဲ ခေတ်တော်တော်စားတော့ ပါဝါရိန်းဂျားပုံတွေ၊ ကာတွန်းကားထဲက ပုံတွေကို ကတ်ထူပြားမှာ ထုတ်ပြီး၊ ပုံ ၈ဝ ပါတဲ့ကတ်ပြားတစ်ပြားကို ၅ဝ နဲ့ ရပ်ကွက်ထဲက ဆိုင်တွေမှာရောင်းပါတယ်။ အဲဒါတွေကို ဝယ်ပြီးတဲ့ ကတ်ကြေးနဲ့ဖြတ်၊ပုံတောင်မှ အသေး၊ အကြီးကပိုတန်ဖိုးရှိပါတယ်။ တန်ဖိုးအရှိဆုံးကတော့ ပုံကဒ်အကြီးရဲ့ နောက်မှာ သီချင်းစာသားတွေရေးထားတဲ့ပုံကဒ်ပါ။ ကျောင်း ကော်ရက်ဒါ တွေမှာ မြေဖြူကို ရေဆွတ်ပြီး လေးထောင့်ကွက်လေးဆွဲ၊ ပြီးရင်ပုံတွေထပ်ပြီးတော့ ဖိနပ်နဲ့ ပုံထုတ်တမ်းဆော့ကြပါတယ်။ […]