erosApril 19, 20111min1772
အပိုဒ်၁။ အသက် ၁၈နှစ်အောက် ပုဂ္ဂိုလ်တိုင်း ကလေးများဖြစ်ကြသည်။ အပိုဒ်၂။ အခွင့်အရေးအားလုံးကို ကလေးတိုင်းခြွင်းချက်မရှိ ခံစားခွင့်ရှိသည်။ အပိုဒ် ၃။ ကလေးများနှင့်ဆိုင်သော အဖွဲ့အစည်းများအားလုံးသည် ကလေးတဦးချင်းစီအတွက် အကောင်းဆုံးအကျိုးကို မျှော်ကိုးဆောင်ရွက်ရပါမည်။ အပိုဒ် ၄။ နိုင်ငံအစိုးရများအနေဖြင့် ကလေးများ အခွင့်အရေးခံစားခွင့် ရရှိစေရန် အကောင်အထည်ဖော်ရာတွင် လျော်ကန်သည့် ဥပဒေရေးရာ ကိစ္စများ၊ စီမံခံခွဲရေးနှင့် အခြားဆောင်ရွက်ဖွယ်ရာကိစ္စများကို ပြုလုပ်ရပါမည်။ အပိုဒ် ၅။ မိသားစုများက ၎င်းတို့၏ သားသမီးများကို လမ်းညွှန်သွန်သင် ပြသခြင်းအား နိုင်ငံအစိုးရများက လက်ခံရပါမည်။ အပိုဒ် ၆။ ကလေးတိုင်း အသက်ရှင် ရပ်တည်ခွင့်ရှိသည်။ ကလေးများ အသက်ရှင်ရပ်တည်နေနိုင်ပြီး ကျန်းမာဖွံ့ဖြိုးမှုရှိစေရန် နိုင်ငံအစိုးရများ၊ မိဘများနှင့် အုပ်ထိန်းသူများက စီမံဆောင်ရွက်ပေါ်ရပါမည်။ အပိုဒ် ၇။ ကလေးတိုင်း တရားဝင်မှတ်ပုံတင်အမည်နှင့် နိုင်ငံသားခံယူပိုင်ခွင့်ရှိပါသည်။ […]


erosApril 19, 20111min1512
အပိုဒ် ၂၁။ ကလေးများကို မွေးစားသည့်အခါ ၎င်းတို့အကျိုးကို ပထမဆုံး ထည့်သွင်းစဉ်းစားရမည်ဖြစ်ပါသည်။ အပိုဒ် ၂၂။ ခိုလှုံသူဒုက္ခသည်အဖြစ် နိုင်ငံအတွင်းသို့ ဝင်ရောက်လာသော ကလေးများသည် ထိုနိုင်ငံတွင် ဖွားမြင်သော ကလေးများရရှိသည့် အခွင့်အရေးများနည်းတူ တန်းတူခံစားခွင့် ရှိစေရပါမည်။ အပိုဒ် ၂၃။ မစွမ်းမသန်ဖြစ်နေသော ကလေးများသည် အထူးပြုစုစောင့်ရှောက်မှု ခံယူနိုင်ခွင့်နှင့် လိုအပ်သောအထောက်အပံ့ရရှိခွင့် ရှိရပါမည်။ သို့မှသာ လွတ်လပ်မှု အပြည့်အဝဖြင့်နေနိုင်သောဘဝသို့ ရောက်ရှိမည်ဖြစ်ပါသည်။ အပိုဒ် ၂၄။ ကလေးများအနေဖြင့် အရည်အသွေးပြည့်ဝသည့် ကျန်းမာရေးစောင့်ရှောက်မှုခံယူခွင့်ရှိပြီး ရေကောင်းရေသန့်နှင့် အဟာရရှိသော အစားအစာများစားသောက်ခွင့်နှင့် သန့်ရှင်းသောပတ်ဝန်းကျင်တွင် နေထိုင်ခွင့်ရှိပါသည်။ အပိုဒ် ၂၅။ မိဘပြုစုစောင့်ရှောက်မှုမဟုတ်ပဲ ဒေသတာဝန်ခံများ၏ ကြည့်ရှုစောင့်ရှောက်မှုခံနေရသော ကလေးများအား နေရာချထားမှုအခြေအနေကို ပုံမှန်သုံးသပ်မှု ရှိရပါမည်။ အပိုဒ် ၂၆။ ကလေးများသည် လူမှုဖူလုံရေးအာမခံချက်အပါအဝင် လူမှုဖူလုံရေးစောင့်ရှောက်မှု […]


erosApril 19, 20111min1952
သမိုင်းကြောင်း CRC (Child Rights Convention) ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂညီလာခံသဘောတူစာချုပ်သည် အစပထမ၌ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေး ကြေငြာစာတမ်း အဖြစ်စတင်ခဲ့ပါသည်။ ထိုကြေငြာစာတမ်းကို စတင်ပြုစုခဲ့သည်မှာ မစ္စ အန်ကလန်တိုင်းဂျက် (Eglantyne Jebb 1876-1928) ဖြစ်ပြီး သူမသည် Save the Children အဖွဲ့ကို စတင် တည်ထောင်ခဲ့သူဖြစ်ပါသည်။ ပထမကမ္ဘာစစ်အပြီးတွင် သူမသည် စစ်ရှုံးနိုင်ငံများမှ ကလေးသူငယ်များ ကျန်းမာရေးနှင့် မညီညွတ်သော၊ အန္တရာယ်များသော အလုပ်ကြမ်းများကို လုပ်ကိုင်နေရသည်ကို မြင်နေရသဖြင့် အခြေခံကလေးသူငယ်ဆိုင်ရာ အခွင့်အရေးအတွက် စတင်လုပ်ဆောင်ခဲ့သည်။ အစပထမ တွင် လူအတော်များများ က လက်မခံပဲ တိုက်ခိုက်ခဲ့လေသည်။ သူသည် အစပထမ အခြေခံ အချက် ၅ ချက်ပါသော ကလေးသူငယ်ဆိုင်ရာ အခွင့်အရေး […]