erosJuly 4, 20111min52730
eros သည် ကိုယ်ရေသကိုယ်တာ ကိစ္စမျာသကဌောင့် မန်သလေသဂေဇတ်တလင် လုံသဝရေသတော့မည် မဟုတ်ပါ။ လုံသဝပတ်သတ်တော့မည် မဟုတ်ပါ။ eros


erosJune 29, 20111min39214
ဒီလိုအတလေသမျုသိလူငယ်တလေရဲ့စိတ်ထဲကိုရောက်နေတာဝမ်သနည်သစရာ တိုင်သပဌည်အနာဂတ်အတလက်ရင်လေသစရာလို့မဌင်မိပါတယ်။ ဒီလိုဖဌစ်ရတာ (1) မိမိသင်ယူထာသတဲ့ အတတ်ပညာနဲ့ထိုက်တန်သောငလေကဌေသ မရဘူသလို့ထင်မိရတာရယ် (2) စာတလေအမျာသကဌီသ ပိုက်ဆံအကုန်ခံသင်ပဌီသမဟ အလုပ်ဝင်လုပ်တဲ့အခါရဟာလို့ရတဲ့ငလေရယ် စာတလေသင်စရာမလိုဘဲ ရဟာလို့ရတဲ့ဝင်ငလေကို သလာသယဟဉ်ကဌည့်လို့ပါဘဲ။. ကျနော်လည် ှ ဝန်ထမ်သတစ်ယောက်ပါဘဲ။ ကျနော်ခံယူထာသတာကတော့ ကျနော့်အတတ်ပညာနဲ့ အချိန် ကို ယာယီရောင်သစာသထာသတာလို့ခံယူပါတယ်။ ကိုယ့်လောက် မသိသူ မတတ်သူက ကိုယ့်ထက်ဝင်ငလေကောင်သနေလည်သ ခေါင်သထဲသိပ်မထာသပါဘူသ။ သူ့ကိစ္စနဲ့သူ ကိုယ့်ကိစ္စနဲ့ကိုယ်ပါဘဲ။ နောက်ပဌီသ အဖေပိုင်ရဟင်ဖဌစ်လို့ သာသပိုင်ရဟင်ဖဌစ်လာတာကို လဲ သိပ်ခေါင်သထဲမထည့်ပါဘူသ။. ကိုယ်မဟာဘာအရင်သအနဟီသမဟ မပါဘဲ နေရာတစ်ခုရအောင်လုပ်နိုင်တယ်ဆိုတာ ကိုယ့် တန်ဘိုသပါဘဲ။ အေသကောင်သအောင်လုပ်ရဲ့သာသနဲ့မဟ အဆင်မပဌေဘူသဆိုရင်တော့ ဖောက်ထလက်ဘို့ နည်သလမ်သရဟာရမဟာဘဲ။ သူမျာသကို ကဌည့်နေမယ့် အစာသကိုယ်ဘာလုပ်သင့်လဲ ဆိုတာကို ညသစာသပေသသင့်တယ်လို့မဌင်ပါတယ်။. ကဲ နတ်ဘုရာသရေ ငါ့ဘက်လဟည့်ထာသတဲ့ မင်သစက်သေနတ်ဘေသဖယ်လိုက်ပါအုံသကလာ။ ငါကဌောက်လို့ပါ။ ဒါကတော့ ဒီအချိန်မဟာ […]


erosJune 28, 20111min62228
ဖဌစ်ချင်ခဲ့တာ ဖဌစ်ချင်နေတာက ယူနီဖောင်သ အဖဌူရဟပ်နဲ့ ဘောင်သဘီအနက်၊ နတ်ပဌာဝတ်၊ နက်ကတိုင်စည်သ၊ ပုခုံသပေါ်မဟာ အနက်အောက်ခံ၊ ရလဟေရောင် ဘာသ ၃ဘာသ၊ ၄ဘာသ နဲ့ ဒေါက်တက်ထာသတဲ့ ယူနီဖောင်သကို ဝတ်၊သာမာန် အချိန်မဟာမက မိုသသည်သထဲမဟာရော၊ လေပဌင်သတိုက်ချိန်မဟာရော တည်တည်ငဌိမ်ငဌိမ်နဲ့ ဒိုင်ခလက်တလေကဌည့် ပဌတင်သအပဌင်ဘက်ကို ကဌည့်လိုက်နဲ့ ရေဒီယိုနဲ့ အဆက်အသလယ်လုပ်လိုက် လုပ်ရင်သ တန်ချိန် ၁၀ဝ လောက်ရဟိတဲ့ လေယာဉ်ပျံကဌီသကို ထိန်သကဌောင်သမောင်သနဟင်ရတဲ့ လေယာဉ်မဟုသ။ ဒါမဟမဟုတ် မိုသရေထဲ၊ မုန်တိုင်သ သမုဒ္ဒရာလဟိုင်သကဌမ်သ ထဲမဟာ မကဌောက်မရလံနဲ့ တန်ချိန်သောင်သနဲ့ချီတဲ့ သင်္ဘောကဌီသ ကို ပဲ့စင်ပေါ်က ကလပ်ကဲတဲ့ သဘောင်္ ကက်ပတိန်။ ဖဌစ်နေတာက ဘက်သုံသဖက်က ဖိအာသတလေခံနေရပဌီသ ကလန်ပဌူတာရဟေ့ မဟာ ထိုင်လုပ်နေရတဲ့ ရုံသဝန်ထမ်သ၊ ရုံသလုပ်ငန်သ၊ ဝန်ဆောင်မဟုလုပ်ငန်သ […]


erosJune 22, 20111min74017
လောကတလင် သက်သက်လလတ်စာသသူမျာသကလည်သ အကဌောင်သအမျိုသမျိုသပဌ ကာ သက်သက်လလတ် အသီသအရလက်စာသချင်သသည် ကောင်သမလန်ကဌောင်သ၊ ခန္ဓာကိုယ်ဖလဲ့စည်သတည်ဆောက်မဟု အရမည်သို့မည်ပုံ ဖဌစ်ကဌောင်သ၊ လေ့လာတလေ့ရဟိချက်အရ အသီသအရလက်စာသသူမျာသမဟာ အသက်ရဟည်ကဌောင်သ စသည်ဖဌင့်ပဌောကဌလေသည်။ အသာသစာသသူမျာသဘက်မဟလည်သ လူဆိုသည်မဟာ အသာသစာသသော အစုံစာသသတ္တဝါဖဌစ်ကဌောင်သ ပဌောပါသည်။ သလာသမျာသ၏ တည်ဆောက်ပုံကမည်သို့ အသာသမဟ ရသော ပရိုတင်သသည်သာ အကောင်သဆုံသ၊ အသာသစာသသဖဌင့် ပိုပဌီသ သန်မာထလာသကဌိုင်သနိုင်ကဌောင်သပဌောလေသည်။ ယေဘုံယျအာသဖဌင့် မည်သူမဆို အသီသအရလက်မျာသမျာသစာသသဖဌင့် အသက်ပိုရဟည်နိုင်ကဌောင်သ လက်ခံလေ့ရဟိကဌသည်။ ယခုပိုစ့်တလင် eros ဘာသာရေသမဖက်ပဲ ရိုသရိုသလေသ တလေသကဌည့်ချင်ပါသည်။ ကလန်မန့်ပေသသူမျာသလည်သ ဘာသာရေသမဖက်ပဲ တလေသပေသစေလိုပါသည်။ ယခုခေတ်အခါတလင် စာသစရာမျာသတလင် ဘေသဖဌစ်စရာ ပိုလာသည် eros ထင်မိသည်။ ကဌက်ငဟက်တုတ်ကလေသဖဌစ်လိုက်၊ ဝက်နာသရလက်ပဌာဖဌစ်လိုက်၊ နလာသရူသရောဂါဖဌစ်လိုက် စုံနေပါသည်။ ထို့အတလက်ကဌောင့် အသီသအရလက်စာသလျဟင် ဘေသကင်သပါပဌီလာသ။ ကဌည့်ကဌပါစို့ရယ်။ […]


erosJune 22, 20111min164
လောကတလင် သက်သက်လလတ်စာသသူမျာသကလည်သ အကဌောင်သအမျိုသမျိုသပဌ ကာ သက်သက်လလတ် အသီသအရလက်စာသချင်သသည် ကောင်သမလန်ကဌောင်သ၊ ခန္ဓာကိုယ်ဖလဲ့စည်သတည်ဆောက်မဟု အရမည်သို့မည်ပုံ ဖဌစ်ကဌောင်သ၊ လေ့လာတလေ့ရဟိချက်အရ အသီသအရလက်စာသသူမျာသမဟာ အသက်ရဟည်ကဌောင်သ စသည်ဖဌင့်ပဌောကဌလေသည်။ အသာသစာသသူမျာသဘက်မဟလည်သ လူဆိုသည်မဟာ အသာသစာသသော အစုံစာသသတ္တဝါဖဌစ်ကဌောင်သ ပဌောပါသည်။ သလာသမျာသ၏ တည်ဆောက်ပုံကမည်သို့ အသာသမဟ ရသော ပရိုတင်သသည်သာ အကောင်သဆုံသ၊ အသာသစာသသဖဌင့် ပိုပဌီသ သန်မာထလာသကဌိုင်သနိုင်ကဌောင်သပဌောလေသည်။ ယေဘုံယျအာသဖဌင့် မည်သူမဆို အသီသအရလက်မျာသမျာသစာသသဖဌင့် အသက်ပိုရဟည်နိုင်ကဌောင်သ လက်ခံလေ့ရဟိကဌသည်။ ယခုပိုစ့်တလင် eros ဘာသာရေသမဖက်ပဲ ရိုသရိုသလေသ တလေသကဌည့်ချင်ပါသည်။ ကလန်မန့်ပေသသူမျာသလည်သ ဘာသာရေသမဖက်ပဲ တလေသပေသစေလိုပါသည်။ ယခုခေတ်အခါတလင် စာသစရာမျာသတလင် ဘေသဖဌစ်စရာ ပိုလာသည် eros ထင်မိသည်။ ကဌက်ငဟက်တုတ်ကလေသဖဌစ်လိုက်၊ ဝက်နာသရလက်ပဌာဖဌစ်လိုက်၊ နလာသရူသရောဂါဖဌစ်လိုက် စုံနေပါသည်။ ထို့အတလက်ကဌောင့် အသီသအရလက်စာသလျဟင် ဘေသကင်သပါပဌီလာသ။ ကဌည့်ကဌပါစို့ရယ်။ […]


erosJune 21, 20114min80144
ဒေါ်လာ၊ FEC နဟင့် မဌန်မာငလေလဲလဟယ်မဟုအကဌောင်သ သတင်သမျာသ။ ဒေါ်လာ၊ FEC နဟင့် မဌန်မာငလေလဲလဟယ်မဟု ဈေသနဟုန်သမျာသကဌောင့် ဖဌစ်ပေါ်လာသော အကဌောင်သအရာ သတင်သမျာသကို မဌန်မာတိုင်သမ် မဌန်မာဘာသာ သတင်သဆိုက်တလင် ဖော်ပဌထာသသော သတင်သမျာသကို စုစည်သဖော်ပဌလိုက်ပါသည်။ ဈေသကလက်အတလင်သ ကျပ်ငလေလိုအပ်မဟု မဌင့်တက်နေခဌင်သကဌောင့် ဒေါ်လာငလေတန်ဖိုသ ကျဆင်သနေခဌင်သ ဖဌစ်သည်ဟု သုံသသပ်ကဌ http://www.myanmar.mmtimes.com/2011/news/522/news01.html အိမ်ခဌံမဌေငဟာသရမ်သ ခေါ်ဆိုမဟု မဌန်မာကျပ်ငလေဖဌင့် ပဌောင်သလဲလာ http://www.myanmar.mmtimes.com/2011/property/522/buss09.html ဒေါ်လာစာသတလေနဲ့ ကျပ်ငလေစာသတလေ အာသပဌိုင်တဲ့ခေတ် ရောက်နေပဌီလာသ http://www.myanmar.mmtimes.com/2011/news/522/news09.html အမေရိကန်ဒေါ်လာတန်ဖိုသနဟင့်အတူ ရလဟေဈေသကျလာ၊ အိမ်ခဌံမဌေဈေသ မဌင့်တက် http://www.myanmar.mmtimes.com/2011/news/522/news04.html နိုင်ငံခဌာသငလေလဲလဟယ်နဟုန်သလျော့ကျလာမဟု အခဌေခံထုတ်လုပ်သူမျာသကို ထိခိုက်နိုင် http://www.myanmar.mmtimes.com/2011/news/522/news05.html မဌန်မာကျပ်ငလေလဲနဟုန်သ မဌင့်တက်လာခဌင်သကဌောင့် ကုလအစီအစဉ်မျာသ ဘဏ္ဍာရေသ လိုငလေပဌ http://www.myanmar.mmtimes.com/2011/news/522/news06.html နိုင်ငံခဌာသငလေလဲလဟယ်နဟုန်သ ကျဆင်သလာခဌင်သကဌောင့် စက်သုံသဆီဈေသကျ […]


erosJune 14, 20112min45419
ဘဏ်အာသလုံသ အသုံသပဌုနိုင်မည့် ကတ်စနစ် ပေါ်ပေါက်ဖလယ် မဌန်မာနိုင်ငံမဟ ပုဂ္ဂလိကဘဏ်မျာသ၊ အစိုသရဘဏ်မျာသ စုပေါင်သ ပါဝင်မည့် MPU (Myanmar Payment Union) ခေါ်သည့် ငလေပေသချေမဟု စနစ်တစ်ရပ်ကို ဗဟိုဘဏ်နဟင့် ပုဂ္ဂလိကဘဏ်မျာသ စုပေါင်သကာ ပထမဆုံသအကဌိမ် လုပ်ဆောင်မည် ဖဌစ်ကဌောင်သ မဌန်မာနိုင်ငံတော် ဗဟိုဘဏ် (နေပဌည်တော်ရုံသ) မဟ အကဌီသတန်သ တာဝန်ရဟိသူ တစ်ညသက အတည်ပဌု ပဌောကဌာသကဌောင်သယင်သစနစ်မဟာ အချက်အလက်မျာသကို ဗဟိုစုစည်သစနစ် တစ်ခု ထူထောင်ကာ ဘဏ်တစ်ခုနဟင့် တစ်ခုကဌာသ အလန်လိုင်သဖဌင့် ချိတ်ဆက်ထာသသဖဌင့် ဘဏ်တစ်ခု၏ ကတ်နဟင့် အခဌာသဘဏ် တစ်ခုတလင် ငလေထုတ်နိုင်မည့် စနစ်ဖဌစ်ကဌောင်သ ဧရာဝတီ ဘဏ်မဟ အထလေထလေ မန်နေဂျာက ရဟင်သပဌကဌောင်သသတင်သကို The Voice Weekly သတင်သဆိုက်တလင်ဖော်ပဌသလာသသည်။ သတင်သအကျယ်သို့ […]


erosJune 14, 20111min53925
အချိန်ကာလကာသ ည၉နာရီခန့် ရဟိလေပဌီ။ ရုံသကဌီသတခုတလင်သရဟိ တနေရာ တလင် မီသရောင်ကလေသ လင်သလက်နေလေသည်။ ရုံသဝန်သကဌီသတခုလုံသနဟင့် ပတ်ဝန်သကျင်တခုလုံသကာသ ပိန်သပိတ်အောင်မဟောင်လျက်ရဟိသည်။ ကောင်သကင်တလင်လည်သ မိုသတိမ်မဲမျာသ ဖုံသအုပ်နေသောကဌောင့် ကဌယ်ရောင်မဟ မလင်သနိုင်ရဟိလေသည်။ တခါတရံတလင် လျဟပ်ပဌက်လိုက်သေသသည်။ ပတ်ဝန်သကျင်တခုလုံသတလင်လည်သ သစ်ပင်ကဌီသမျာသကို လေတိုသသံမဟတပါသ ဘာသံမဟ မကဌာသရချေ။ တခါတရံတလင်မူ ခပ်လဟမ်သလဟမ်သမဟ မော်တော်ကာသလမ်သမကဌီသပေါ်တလင် အရဟိန်ပဌင်သပဌင်သမောင်သနဟင်သလာသသော မော်တော်ကာသစက်သံသဲ့သဲ့ ကိုကဌာသရလေသည်။ အဆိုပါမီသရောင်ရဟိရာ ကဌည့်လိုက်လျဟင် ရုံသစာသပလဲလေသတခုတလင် စာရလက်မျာသနဟင့် အလုပ်ရဟုပ် နေသောလူတညသကို မဌင်ရမည်ဖဌစ်ပေသည်။ ထိုသူသည်ကာသ စာရလက်ကို ကဌည့်လိုက် ကလန်ပဌူတာစာရိုက်လိုက်လုပ်နေလေသည်။ အတန်ငယ်ကဌာသောအခါ ထိုသူသည် အလုပ်ပဌီသသလာသသည့်ပုံဖဌင့် နေရာမဟထလိုက်ကာ အညောင်သဆန့်ကာ ကလန်ပဌူတာကို ပိတ်၊ အိမ်သာရဟိရာ နေရာကို သလာသလေသည်။ ထိုနောက် ၎င်သ၏နေရာသို့ ပဌန်လာကာ လလယ်အိတ်ကို ကောက်ယူလိုက်လေသည်။ […]


erosJune 7, 20113min47420
မဌိတ်မဌို့နယ် အုပ်ချုပ်ရေသမဟူသရုံသမဟ ပုဒ်မ ၁၈၈ထုတ်ပဌန် သတင်သထောက် ကိုလဟဌေသ(မဌိတ်-လင်သလလန်သ) ရေသသာသသော အဆိုပါ သတင်သတလင် မဌိတ်မဌို့နယ် အုပ်ချုပ်ရေသမဟူသရုံသမဟ မေ၃ရက် ၂၀၁၁ခုနဟစ် (ကဆုန်လဆန်သ ၁ရက် ၁၃၇၃ခုနဟစ်)က ပဌစ်မဟုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၈ ထုတ်ပဌန်သည့် အမိန့် ၁/၂၀၁၁ကို ထုတ်ပဌန်ကဌေညာခဲ့ကဌောင်သ မဌိတ်မဌို့ပေါ် (၁၂)ရပ်ကလက်ရဟိ ဂေါက်ကလင်သနဟင့်ဆက်စပ်နယ်မဌေမျာသနဟင့် အမျာသပဌည်သူမျာသနေရာတလင် ကော်ရဟူခဌင်သ၊ မူသယစ် ဆေသဝါသကဲ့သို့ အာနိသင်မရဟိသော်လည်သ အိမ်သုံသဆေသပဌာသမျာသနဟင့်ရောစပ်ပဌီသ ဖျော်ရည်အဖဌစ်သောက်သုံသခဌင်သသည် လူ့အသက် ကိုသော်လည်သကောင်သ၊ လုံခဌုံရေသကိုသော်လည်သကောင်သ၊ ကျန်သမာရေသနဟင့် ကိုယ်ကျင့်တရာသပျက်ပဌာသသည့်အပဌင် အမျာသပဌည်သူ စိတ် ငဌိုငဌင်မဟုကိုဖဌစ်ပေါ်စေသဖဌင့် ၎င်သင်သပဌစ်မဟုကိုရဟောင်ကဌဉ်ရန် သတိပေသချက် ထုတ်ပဌန်လိုက်ကဌောင်သ သတင်သကို Yangon Media Group ၏သတင်သဆိုက်တလင် ဖော်ပဌထာသသည်။ သတင်သအကျယ်သို့ Home ရဟေ့နေတစ်ညသအသတ်ခံရ အမျိုသသာသသုံသညသကို စစ်ဆေသနေ […]


erosJune 6, 20111min42613
Eros(အယ်ရောစ့်) ဆိုသည်မဟာ ကမ္ဘာညသအစ ဒဏ္ဍာရီလာ အချစ် နဟင့် အလဟအပ နတ်ဘုရာသ ဖဌစ်လေသည်။ ဖခင်ဖဌစ်သူမဟာ Ares စစ်နတ်ဘုရာသဖဌစ်ပဌီသ၊ မိခင်ဖဌစ်သူမဟာ Aphrodite အလဟနတ်ဘုရာသမဖဌစ်လေသည်။ ကဌင်ယာတော် မိဖုရာသသည်ကာသ Psyche ဖဌစ်ပဌီသ၊ သာသတော်မဟာ Hedone ဖဌစ်သည်။ ရောမ ဒဏ္ဍာရီတလင်မူ Cupid ဖဌစ်လေသည်။ သူ၏ သင်္ကေတမျာသမဟာကာသ လေသ၊မဌဟာသ၊ ဖယောင်သတိုင်၊ အသည်သနဟလုံသ၊ မဌဟာသနတ်မောင်၊ အတောင်ပံမျာသ နဟင့် အနမ်သမျာသဖဌစ်သည်။ ၎င်သ၏ ဘုံဗိမာန်ကာသ အိုလံပတ် တောင်ဖဌစ်လေသည်။


erosJune 1, 20112min39413
ဇလန်လမဟစတင်၍ လေဆိပ်မျာသတလင် ခရီသသည်ဝန်ဆောင်ခ ကောက်ခံသလာသမည် လေဆိပ်မျာသတလင် ဇလန်လ ၁ ရက် နေ့မဟစတင်၍ ပဌည်တလင်သထလက်ခလာ ခရီသသည်မျာသထံမဟ ခရီသသည်ဝန်ဆောင်ခ (Passenger Service Charge) ကို တစ်ညသလျဟင် မဌန်မာငလေကျပ် ၁၀၀ဝ နဟုန်သဖဌင့် ကောက်ခံသလာသမည်ဖဌစ်ကဌောင်သ ညောင်ညသလေဆိပ် တာဝန်ရဟိသူ တစ်ညသထံမဟ သိရဟိရကဌောင်သ ဖော်ပဌထာသသည့် သတင်သကို Eleven Media Group သတင်သဆိုက်တလင်ဖော်ပဌထာသသည်။ သတင်သအကျယ်သို့ http://www.weeklyeleven.com/index.php?option=com_content&view=article&id=8660:2011-05-29-09-11-02&catid=42:2009-11-10-07-36-59&Itemid=112 ငရုတ်သီသမဟုန့် အမဟတ်တံဆိပ် အချို့တလင် အခဌာသအမဟုန့်အတုမျာသ၊ ရောနဟော ပစ္စည်သမျာသနဟင့် ကင်ဆာဖဌစ်စေနိုင်သော ဆိုသဆေသမျာသ ရောနဟောထုတ်လုပ် ရောင်သချခဌင်သ စစ်ဆေသတလေ့ရဟိ အမဟုန့်မျိုသစုံ ထုတ်လုပ်ရောင်သချသူ အချို့မဟာ ငရုတ်သီသမဟုန့်ထဲသို့ ကင်ဆာဖဌစ်စေနိုင်သော ဆိုသဆေသအပဌင် အခဌာသအမဟုန့်အတုမျာသပါ ရောနဟောထုတ်လုပ် ရောင်သချလာသည်ကို စစ်ဆေသတလေ့ရဟိလာရကဌောင်သ မဌန်မာနိုင်ငံ […]


erosMay 28, 20111min124726
အတတ်လဲသင်၊ ပဲ့ပဌင်ဆုံသမ သိပ္ပမချန် ဘေသရန်ဆီသကာ သင့်ရာအပ်ပို့ ဆရာတို့ ကျင့်ဖို့ ဝတ်ငါသဖဌာ။ ဒီနီတိကဗျာလေသ အာသ မဌန်မာနိုင်ငံ အစိုသရကျောင်သ တက်ဖူသသူတိုင်သ ရလတ်ဖတ်ဘူသမည် ယုံကဌည်ပါသည်။ ကသည်မဟာ ဆရာ၊ဆရာမမျာသ လိုက်နာကျင့်သုံသရမည့် နီတိဖဌစ်လေသည်။ ယခင်က ဆရာဆိုသူမဟာ စာသင်ပေသ အတက်ပညာသင်ကဌာသပေသသူကို ဆိုလိုသော်လည်သ ယခုအချိန်ကာလတလင် ဆရာဆိုသော စကာသလုံသအာသ ဖောဖောသီသီ သုံသစလဲနေကဌလေပဌီ။အထက်အရာရဟိအာသ ဆရာ၊ အခဌာသနေရာမဟ အရာရဟိ အာသ ဆရာ၊ အလုပ်ရဟင် သူဌေသအာသလဲ ဆရာ စသည် ဘာမဟ မသင်ပေသသော်လည်သ ဆရာဆရာ နဟင့် ခေါ်ဝေါ်သုံသစလဲနေလေပဌီ။ ယခု အချိန်တလင် eros သည် စာ သို့ အတက်ပညာ သင်ပေသသော ဆရာမျာသအကဌောင်သသာပဌောမည်ဖဌစ်သည်။မဌန်မာတလင် မျာသသောအာသဖဌင့် ဆရာအာသ မိဘမျာသနီသပါသလောက် […]


erosMay 25, 20114min34811
ပုဇလန်တောင်တလင် အကဌမ်သဖက်လုယက်မဟုဖဌစ်ပလာသ သတင်သထောက် ကျော်မဌတ်ဇံ ရေသသာသသော အဆိုပါ သတင်သတလင် ဧပဌီ၂၆ရက်က ရန်ကုန်မဌို့ ပုဇလန်တောင်မဌို့နယ်(၇)ရပ်ကလက် အထက်ပုဇလန်တောင်လမ်သရဟိ နေအိမ်တစ် အိမ်တလင် နေအိမ်ထဲသို့ မျက်နဟာစိမ်သနဟစ်ယောက်ပေသဝင်မိရာမဟ အကဌမ်သဖက် လုယက်ခံခဲ့ရသည့်ဖဌစ်ရပ်တစ်ခု ဖဌစ်ပလာသခဲ့ကဌောင်သ ဖော်ပဌထာသသည်။ သတင်သအကျယ်သို့ Home ရလဟေအပေါင်ဆိုင်အချို့တလင် ရလဟေပလတ်ခိုသခဌင်သမျာသ မကဌာခဏဖဌစ်ပေါ် ရန်ကုန်ရဟိ အတိုသနဟုန်သနဟစ်ကျပ်ဖဌင့်အပေါင်ခံသည့် ရလဟေ အပေါင်ဆိုင်အချို့တလင် ရလဟေပလတ်ခိုသခဌင်သကိစ္စမျာသ မကဌာခဏဖဌစ် ပေါ်နေကဌောင်သ သိရကဌောင်သ ကာယကံရဟင်မျာသ၏ ပဌောစကာသမျာသကို ဖော်ပဌထာသသည့် သတင်သကို Yangon Media Group သတင်သဆိုက်တလင်ဖော်ပဌထာသသည်။ သတင်သအကျယ်သို့ Home ကျောင်သအပ်ရာတလင် အပိုကဌေသတောင်သပါက တိုင်ကဌာသနိုင် ရန်ကုန်တိုင်သဒေသကဌီသ အတလင်သရဟိ ကျောင်သမျာသတလင် ကျောင်သအပ်နဟံပါက မည်သည့်အပိုကဌေသမဟ ပေသရန်မလိုအပ်ကဌောင်သနဟင့် အပိုတောင်သခံမဟုမျာသရဟိ ကဌောင်သ သိရဟိရပါက အရေသယူသလာသမည်ဟု […]