ဒီအချိန်မှာ eros ဘာလုပ်ချင်သလဲဆိုတော့…
ဖြစ်ချင်ခဲ့တာ ဖြစ်ချင်နေတာက ယူနီဖောင်း အဖြူရှပ်နဲ့ ဘောင်းဘီအနက်၊ နတ်ပြာဝတ်၊ နက်ကတိုင်စည်း၊ ပုခုံးပေါ်မှာ အနက်အောက်ခံ၊ ရွှေရောင် ဘား ၃ဘား၊ ၄ဘား နဲ့ ဒေါက်တက်ထားတဲ့ ယူနီဖောင်းကို ဝတ်၊သာမာန် အချိန်မှာမက မိုးသည်းထဲမှာရော၊ လေပြင်းတိုက်ချိန်မှာရော တည်တည်ငြိမ်ငြိမ်နဲ့ ဒိုင်ခွက်တွေကြည့် ပြတင်းအပြင်ဘက်ကို ကြည့်လိုက်နဲ့ ရေဒီယိုနဲ့ အဆက်အသွယ်လုပ်လိုက် လုပ်ရင်း တန်ချိန် ၁၀ဝ လောက်ရှိတဲ့ လေယာဉ်ပျံကြီးကို ထိန်းကြောင်းမောင်းနှင်ရတဲ့ လေယာဉ်မှုး။
ဒါမှမဟုတ် မိုးရေထဲ၊ မုန်တိုင်း သမုဒ္ဒရာလှိုင်းကြမ်း ထဲမှာ မကြောက်မရွံနဲ့ တန်ချိန်သောင်းနဲ့ချီတဲ့ သင်္ဘောကြီး ကို ပဲ့စင်ပေါ်က ကွပ်ကဲတဲ့ သဘောင်္ ကက်ပတိန်။
ဖြစ်နေတာက ဘက်သုံးဖက်က ဖိအားတွေခံနေရပြီး ကွန်ပြူတာရှေ့ မှာ ထိုင်လုပ်နေရတဲ့ ရုံးဝန်ထမ်း၊ ရုံးလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်း အတွေ့ အကြုံတွေ ရှိတယ်။ ဘာသာစကား ၂မျိုးတက်တယ်။ ဘွဲ့ရထားတယ်။ လိုအပ်တဲ့ သင်တန်းဒီပလိုမာရှိတယ်။ ရတန်လော်လီကား လောက်အထိ ကုန်အပြည့်နဲ့ မောင်းနိုင်တယ်။ လိုင်စင်အနီလက်ဝယ်ရှိတယ်။ ဒါတောင်မှ ဘဝက မတည်ငြိမ်သေး။ အခြေမကျသေး။ စားရယုံလောက်ပဲ ရတယ်။ မိသားစု၊ ချစ်သူ လိုအပ်သမျှဖြည့်ဆည်းနိုင်ဖို့ အခက်အခဲရှိနေသေးတယ်။
တခါတရံကျတွေးမိပါရဲ့။ စတီယာရင်ကိုင်ပြီး ကားမောင်းတဲ့ ယာဉ်မောင်းတွေ။ အထူးသဖြင့် လိုင်းကား ယာဉ်မောင်းတွေ တနေ့ဝင်ငွေ ၁၀,၀၀ဝ လောက်ရတယ်။ ယာဉ်မောင်းတယောက် အနိမ့်ဆုံး ၅၀၀ဝ လောက်ရတာချည်းပဲ။ တလကို ပျမ်းမျှခြင်း ၂၅၀,၀၀ဝ လောက်ရမှာပဲ။ ကိုယ်တွေက သူတို့လစာ ၅ပုံ ပုံရင် ၃ ပုံလောက်ပဲရတယ်။ သူတို့က ဘာနိုင်ငံခြား ဘာသာစကားမှ ရေးတက်၊ ဖတ်တက်၊ ပြောတက်စရာမလိုဘူး။ ဘွဲ့ရစရာမလိုဘူး။ ကွန်ပြူတာ သုံးတက်စရာမလိုဘူး။ အခြားဒီပလိုမာ၊ သင်တန်းတက်စရာ မလိုဘူး။ ငွေအများအပြားကုန်၊ အချိန်ကုန် ပညာသင်စရာ မလိုဘူး။
ပြောနေကြပါတယ်။ အထူးသဖြင့် လစာပေါပေါပဲပေးချင်တဲ့ အလုပ်ပိုင်ရှင်တွေ(နည်းနည်းတဖက်သက် စွတ်စွဲသလို ဖြစ်သွားရင်ဆောရီး၊ မြင်သမျှ၊ ကြုံရသမျှပြောတာ။) ပညာနဲ့ လုပ်ရတာကောင်းတာပေါ့တဲ့။ ဒီအလုပ်မှာ ပညာရတာချည်းပဲတဲ့။ဂုဏ်ရှိတာပေါ့တဲ့။ အဲဒီတော့ ဘုကလန့်တွေးလိုက်မိတယ်။ ဒီပညာရတာတွေ ဘယ်မှာ သွားအသုံးချရမှာလည်း။ လစာကျတော့ မဝရေစာ ပေးပြီးတော့။ နင်တို့ပေးတဲ့ လစာနဲ့ ကိုယ်ပိုင်အလုပ် လုပ်ဖို့ ပိုက်ဆံစုဖို့နေနေသာသာ စားဖို့နေဖို့ အနိုင်နိုင်ရယ်။ ဒီတော့ အဲဒီအလုပ်ကရတဲ့ ပညာဘယ်မှာ သွားလုပ်ရမှာလဲ။ အလုပ်တခုလုပ်ရင် ဒီအလုပ်နဲ့ ပတ်သက်တဲ့ ပညာ၊ အတွေ့အကြုံရတာ မဆန်းပါဘူး။ ဒီရတဲ့ အတွေ့အကြုံတွေနဲ့ ဒီအလုပ်တွေ ဒီလခတွေပဲနဲ့ကတော့ ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင် ပညာတွေပဲ။ သူတို့ကိုသာ အလုပ်အကြွေးပြုဖို့ ပညာတွေပဲ။ သူတို့သာ တနေ့တခြားသုံးလာ၊ ဖြုန်းလာနိုင်တာပဲ။ ကားတစီးပြီးတစီး မော်ဒယ်မြင့်တာ ထည်လဲစီးနိုင်တာပဲ။ မိန်းမကလည်း ထည်လဲယူနေတာ။ ကိုယ်တွေကတော့ တက်လာတဲ့ ကုန်ဈေးနှုန်းကို ပိုပို ခါးစည်းခံနေရတာပဲ။ လစာက ထူးမခြားနား။ ရာထူးကတော့ ဖောဖောသီသီ ပေးမယ် လစာကတော့ ထိုနည်းလည်းကောင်း။ ဒါတောင် ကုမ္ပဏီ ဥက္ကဋ္ဌ ဖြစ်ဖို့၊ MD ဖြစ်ဖို့ မစဉ်းစားနဲ့ ကိုရီးယားကားထဲမှာပဲရှိတယ်။ ဒီမှာက အကုန် အရှင်မွေး နေ့ချင်းကြီးတာပဲ။ မိသားစုဝင် ဆွေစဉ်မျိုးဆက်က ရာထူးကြီးတွေ တန်းစီယူထားတာပဲ။ သူတို့ပြောတဲ့ ဂုဏ်ဆိုတာ ထမင်းစားလို့ရလား။ ပညာတွေ သင်ထားတက်ထားတာ ဘာလုပ်ဖို့လဲ။ ယာဉ်မောင်းတွေကတောင် ကိုယ်တွေထက်အများကြီး အဆင်ပြေ၊ သုံးနိုင်စွဲနိုင်သေးတယ်။ ဒါကြောင့် တနေ့တခြား ဈေးသည်တွေများလာတာ ဖြစ်မယ်။ အခြေခံအလုပ်သမားအခွင့်အရေးဆိုတာ ဝေးလေစွ။ ရွာထဲက တယောက်ပြောသလိုပဲ။ နင်မလုပ်ရင် တခြားသူလုပ်လိမ့်မယ်တဲ့။
ဆိုတော့ကာ အခုအချိန် eros ကို တယောက်ယောက် က စက်သေနတ် တလက် လာပေးရင်တော့ ….. ကျည်ကပ် တကပ်ပြီး တကပ် လဲပြီး တဒက်ဒက်နဲ့ ခြေကုန်လက်ပန်းကျတဲ့ အထိ မိုးပေါ်ထောင်ပစ်ချင်တော့တာပဲ။
eros
၂၈ မေ ၂၀၁၁ (၁၄ း ၂၃)
28 comments
surf
June 28, 2011 at 8:54 am
ha ha hote pa
pan pan
June 28, 2011 at 9:28 am
“ ဒီရတဲ့ အတွေ့အကြုံတွေနဲ့ ဒီအလုပ်တွေ ဒီလခတွေပဲနဲ့ကတော့ ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင် ပညာတွေပဲ။ သူတို့ကိုသာ အလုပ်အကြွေးပြုဖို့ ပညာတွေပဲ။ ” တဲ့။ တဖက်ကကြည့်တော့လည်း ဟုတ်ပါတယ်။
အဲဒါတွေကနေ ဖောက်ထွက်နိုင်ဖို့တော့ လိုအပ်တယ်။ အဲ့အတွက် အသိပညာလိုတယ်။
ဒီခေတ်ကြီးထဲမှာဆိုရင်တော့ တန်သလောက်အရင်းအနှီးလည်း လိုတာပေ့ါ။
လူတွေက တိရိစာ္ဆန်တွေထက် ဉာဏ်ပိုရှိတော့ ခိုင်းစားတယ်၊ အသားစားတယ်ပေ့ါ။
လူလူချင်းကျတော့ ဉာဏ်ရောငွေရောရှိမှ။
ကျမလည်း ကိုယ်ပိုင်ဆိုင်လေးတစ်ဆိုင်လောက် ဖွင့်ချင်နေတယ်။
ခုရတဲ့လစာနဲ့ စုဆောင်းပြီးဖွင့်နိုင်ဖို့တော့ မလွယ်ဘူး။ (ဒါတောင် တနေ့တနေ့ ကွန်ပျူတာရှေ့မှာ ခါးတောင့်လို့)
သစ်ရွက်သီဝတ်၊ ကျောက်ခဲမြိုပြီး နေလို့ရရင်တော့ နီးစပ်ရုံမြင်တာပဲ…။
eros
June 28, 2011 at 10:05 am
“ ဒီရတဲ့ အတွေ့အကြုံတွေနဲ့ ဒီအလုပ်တွေ ဒီလခတွေပဲနဲ့ကတော့ ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင် ပညာတွေပဲ။ သူတို့ကိုသာ အလုပ်အကြွေးပြုဖို့ ပညာတွေပဲ။ ” တဲ့။ တဖက်ကကြည့်တော့လည်း ဟုတ်ပါတယ်။
အဲဒါတွေကနေ ဖောက်ထွက်နိုင်ဖို့တော့ လိုအပ်တယ်။ အဲ့အတွက် အသိပညာလိုတယ်။
ဒီခေတ်ကြီးထဲမှာဆိုရင်တော့ တန်သလောက်အရင်းအနှီးလည်း လိုတာပေ့ါ။
အဲဒီအရင်းအနှီးလေ။ နဂိုကတည်းက မထောင်နိုင်အောင် မဝရေစာပေးထားတာလေ။ ပြီးတော့ ခိုင်းကောင်းအောင် ဒီအလုပ်မှာ ပညာရတာချည်းပဲတဲ့။ မျက်လှည့်ပြစကားလုံးတွေနဲ့ ခိုင်းတယ်လေ။ ခိုင်းတာက ပြဿနာ မဟုတ်ဘူး။ ပညာတွေအလကားနေရင်း ပေးနေရတဲ့ ပုံစံနဲ့ နှစ်ပေါင်းများစွာ နှစ်ပဲတပြားလစာ မဝရေစာ ပဲပေးချင်တာကို မီးမောင်းထိုးပြတာ။ တကယ်တော့ သူတို့မှာ ဘာမှထိခိုက်တာမဟုတ်ဘူး။ ပညာသင်ဖို့ ပိုက်ဆံပေးနေတာမဟုတ်ဘူး။ ဒါကြောင့် ဒါကို အဟုတ်မထင်ဖို့လိုတယ်လေ။ ဒါကြောင့် အလုပ်တခုလုပ်ရင် ဒီအလုပ်နဲ့ ပတ်သက်တဲ့ ပညာ၊ အတွေ့အကြုံရတာ မဆန်းပါဘူး လို့ပြောတာ။ အဲ အလုပ်အတွေ့အကြုံတွေ ရလာတော့လဲ ရာထူး အကြီးရတာမဟုတ်ဘူး၊ လစာကိစ္စ မစဉ်းစားပေးဘူး။ ဒါကို ထပ်ပြတာ။
အရင်းအနှီးမရှိလို့ကတော့ ဘယ်လောက်ပဲ သိသိ သူတို့ပြောနေတဲ့ ရနေပါတယ်တဲ့ ပညာတွေ ဘယ်မှာ သွားသုံးမလဲ။ အရင်းအနှီးမရှိရင် ဘယ်မလဲ ကိုယ်ပိုင်အလုပ်။ ဒီတော့ လုပ်ခ၊လစာပဲ မျှော်ရတယ်။ လုပ်ခ၊လစာ နှစ်ပဲတပြားလစာ မဝရေစာ ပဲပေးတော့ အဲဒီ ပညာရပါတယ်ဆိုတဲ့ ပညာတွေက ဘာလုပ်ရမှာတုံး။ ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင် ပညာတွေပဲ။ သူတို့သာ တနေ့တခြားသုံးလာ၊ ဖြုန်းလာနိုင်တာပဲ။ ကားတစီးပြီးတစီး မော်ဒယ်မြင့်တာ ထည်လဲစီးနိုင်တာပဲ။ မိန်းမကလည်း ထည်လဲယူနေတာ။ ကိုယ်တွေကတော့ တက်လာတဲ့ ကုန်ဈေးနှုန်းကို ပိုပို ခါးစည်းခံနေရတာပဲ။ ဒါကြောင့် သူတို့ကိုသာ အလုပ်အကြွေးပြုဖို့ ပညာတွေပဲ။ လို့ပြောတာ။
နောက်တခုက ပညာတွေ သင်ပြီး သာမာန် ယာဉ်မောင်းလောက်တောင် စားဝတ်နေရေး အဆင်မပြေ တာကိုလဲ ပြောတာ။ အဲဒီတော့ ရပ်ကွက်ထဲမှာ ပညာ သင်လဲ အလကားပါဆိုတဲ့ စကားက လူရာဝင်လာတယ်။ ပညာတွေ သင်နေရင် ငကြောင်ပုံစံမျိုး။ ဘာလုပ်လို့ရမှာလဲ ပုံစံမျိုးတွေ မြင်လာရတယ်။ ပညာမဲ့ ဥစ္စာရှိတွေရဲ့ ရိုင်းစိုင်းမှုခံရတယ်။ ပညာက တန်ဖိုးမဲ့သွားတယ်။ ပညာတတ်တာ အလကားဖြစ်လာတယ်။ ဆိုလိုတာက ပညာမဲ့ သူဌေးက သူ့ဖာသာ ပိုက်ဆံရှိတာရှိတာပဲ။ ပညာမဲ့ရင် ဓန မရှိရဘူး မဆိုလိုဘူး။ ပညာရှင်က သူ့ဆီမှာ အလုပ်လုပ်ရင် ပညာရှင်၊ ပညာတတ်လို လေးလေးစားစား ဆက်ဆံခံရသင့်တယ်။ ဒါကို ပြောတာ။
pan pan
June 29, 2011 at 3:52 am
90-10rulesဆိုတာရှိတယ်
၉၀%အုပ်စုနဲ့၁၀%အုပ်စုလူတွေအကြောင်းပေ့ါ
အဲမှာ ၉၀%လူတွေက ၁၀%ပဲချမ်းသာတယ်
၁၀%လူတွေက ၉၀%ချမ်းသာပါသတဲ့
အဲဒီနှစ်အုပ်စုကွာခြားချက် ၈ချက်ရှိတယ်
အဲဒီထဲက တစ်ချက်ကတော့ ၉၀%လူတွေက ငွေအတွက် ပင်ပင်ပန်းပန်းအလုပ်လုပ်ကြတယ်
၁၀%လူတွေကတော့ ငွေကိုခိုင်းစားတယ်၊ သူတို့အတွက် ငွေကိုအလုပ်လုပ်ခိုင်းပါတယ်တဲ့
(အဲအတွက်ငွေရှိမှ ဖြစ်မှာပေ့ါနော် အဟဲ 😀 )
နွယ်ပင်
June 28, 2011 at 9:33 am
eros ရေ ဘာတွေများ မကျေမနပ်ဖြစ်နေရတာလဲ
ခံစားချက်တွေကလဲ တော်တော်လေး ပြင်းထန်နေပုံရတယ်
ဒါနဲ့ erosများ စက်သေနတ်တလက်လောက်များ ရလာရင် နွယ်ပင့်ကိုလဲ (2) ရက်လောက်ငှားစမ်းပါ
အရင် ကြိုပြောထားတယ်နော် …. 😀
eros
June 28, 2011 at 10:06 am
ဟဲ့ဟဲ့ ဘာလုပ်ဖို့တုန်း။
ရွှေဘိုသား
June 28, 2011 at 10:13 am
အဲလိုတွေ ကြားရဖတ်ရလေ ရန်ကုန်မြို.ကြီးကို စိတ်ကုန်လေပဲဗျာ
ရွှေဘိုမှာနေတာကမှ ဘာမှ ပူပင်စရာမရှိပဲနေနိုင်တာကို
မြို.တက်ချင်ပညာသင်ချင် ကွန်ပျူတာကိုတတ်ချင်နဲ.
မိဘဆီကိုပိုက်ဆံ ပို.စရာမလို လို.သာတော်သေးတယ်
ဒီမှာ လခနဲ.ကိုယ်ကျောင်းတက်ဖို.တောင်မနည်းစုနေရတာ
ဒါတောင် ဘုန်းကြီးကျောင်းမှာနေလို. နေစရိတ်သက်သာနေတာ
pooch
June 28, 2011 at 10:30 am
ရော်အေ … အဲ့ဒီလောက်ကြီးလဲ စိတ်ညစ်မနေပါနဲ့ တခါတခါ ဒီလိုခံစားချက်မျိုးတွေဖြစ်တတ်ပါတယ်…
ဘုရားဟောတွေ ကြည့်မယ်ဆိုရင် အရင်ဘဝက သီလစောင့်တည်ခဲ့ ဖူးတဲ့ သူဆိုရင် မချမ်းသာတောင်မှ အခုဘဝမှာ အရိပ်ထဲနေပြီး ပန်ကာအောက် လေအေးစက်အောက်မှာ သက်တောင့်သက်သာ အလုပ်လုပ်ရတယ်..
ကားသမားဆိုတာ မျိုးက နေပူမရှောင် မိုးရွာမရှောင် ဖင်ပူအောင်မောင်းရတာ . . အန္တရာယ်ဆိုတာကလည်း
လက်တကမ်းမှာ ….ဒီလိုပေးဆပ်လုပ်ကိုင်ရမှတော့ ဒီလောက်တော့ ရရမှာပေါ့…
အဲဒီလို ပြောလို့လည်း အနော်က အရမ်းကို စိတ်လက်ချမ်းသာနေတယ်လို့ထင်ရင် မှားသွားမယ် ….လွန်ခဲ့တဲ့ ၂ ရက်လောက်ကမှ အလွန်အင်မတန်ကို စိတ်မချမ်းသာစရာ ကောင်းတဲ့ အကြောင်းတခုကိုရင်ဆိုင်ဖြတ်ကျော်ခဲ့ ရတာပါ.. eros ဖြစ်နေတဲ့ ဆိုတဲ့ စိတ်ခံစားမှုက အနော်နဲ့ ယှဉ်ရင် သေးသေးလေး… လူတိုင်းဟာ ဘဝဆိုတာကြီးကို ရင်ဆိုင်ဖို့အတွက် အခက်အခဲ ပြသာနာမျိုးစုံကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရုန်းကန်နေကြတာ.. ကြံ့ကြံ့ခံနိုင်အောင်သာ တောင့်ထား…
အခုနေများအနော်လည်း စက်သေနတ်ရလာရင် အပေါ်တော့ ထောင်မပစ်ဘူး .. ကိုယ့်နားထင်ကိုယ်ပဲတေ့လိုက်မယ်… ရှင်သန်ရတာ ပင်ပန်းလွန်းလို့….
king
June 28, 2011 at 10:37 am
အမှန်တွေကို သိပ်ပြောတတ်တာပဲဗျာ
😛
forever
June 28, 2011 at 12:24 pm
လှံထမ်း လာတာဘဲတွေ.ရတာ
ကံထမ်း လာတာမတွေ.ရပါဘူး
စိတ်မပျက်ပါနဲ. eros ရယ်..
မနက်ဖန် ဆိုတာ အမြဲတန်း မျှော်လင်.ချက် အပြည်.နဲ.ပါ
..
hmee
June 28, 2011 at 12:32 pm
ငါ့တယောက်ပဲ တန်ရာတန်ဖိုး မရပါလား။ ရတာနဲ့ တတ်ထားတဲ့ ပညာမတန်လိုက်လေလို့ ရွှေစိတ်တော်ညို အလိုမကျမဖြစ်ပါနဲ့။ စိတ်ကို လျှော့ထားနော်။ နွယ်ပင်ကို ငှါးပြီးရင် မမှီကိုငှါးနော်။ မိုးပေါ်တော့ ထောင်မပြစ်ချင်ဘူး။ ဒဲ့ဆွဲချင်နေတယ်။
padonmar
June 28, 2011 at 12:55 pm
ကာယလုပ်သားနဲ့ ဉာဏလုပ်သားမှာ ရေတိုကြည့်ရင် ကာယကပိုရသလိုပါဘဲ။
ဒါပေမယ့် ရေရှည်မှာ အသက်ကြီးသည်ထိ လုပ်လို့ရမယ့်အလုပ်၊အသက် နဲ့ ကျန်းမာရေး မထိခိုက်မယ့်အလုပ်
ဟာ Dirty,Dangerous,Difficult jobလောက် ဝင်ငွေမရနိုင်တာ ဓမ္မတာ မို့
eros စိတ်ကိုလျှော့ပါလို့ဘဲပြောပါရစေ။
forever
June 28, 2011 at 12:58 pm
တည်.တည်.ပစ်လိုက်မယ်ပေါ. ဟုတ်လား
weiwei
June 28, 2011 at 1:21 pm
အယ်ရော့စ်လိုပဲ ပေါက်ကွဲလို့ရရင် ပေါက်ကွဲချင်ပါသေးတယ် …
သူများကိုတော့ မပစ်ရဲဘူး … ကိုယ့်ကိုကိုယ်ပဲ ပြန်ပစ်ပစ်လိုက်မယ် … 😛
parlayar46
June 28, 2011 at 2:02 pm
အင်း … ဝင်ပြောချင်ပြန်ပြီ ။ ဒါကြောင့်လဲ ဒီနာမည်ကိုယူထားတာ..။
eros ကတကယ်ပြောနေတာဟုတ်လို့လား …။ သူက ရွှေဘိုသားလိုလဲ နောက်တတ်ပုံမရပြန်ဘူး။
တကယ်ဆိုရင်တော့ ဒီမှာရေးနေတာတွေလောက်ကိုပဲ ကြည့်ပြီးခန့်မှန်းရရင် eros ရဲ့ လက်ရှိ earning ဟာ အရည်အချင်းနဲ့စာရင် အလွန်နဲပါတယ်။ အဲရောစ့် ကို ထောက်ခံပါတယ်။
ဒါပေမယ့် အရည်အချင်းအတွက်ခံစားခွင့် ဆိုတာက များသောအားဖြင့် လက်ငင်းရလေ့မရှိဘူး။ အရည်အချင်းတွေ အတွေ့အကြုံတွေ ဗဟုသုတတွေ တဖြည်းဖြည်းစုမိလာတဲ့တချိန်မှာ အခွင့်အရေးတခုပေါ်လာမှာဖြစ်ပြီး အဲသည်တော့မှပဲ ကိုယ်စုမိထားတာတွေကိုသုံးရင်း လှပပြောင်မြောက်တဲ့ အောင်မြင်မှု့မျိုး ရလာတတ်ပါတယ်။
တကယ့်အဖြစ်မှန်တခုကိုလဲထည့်ပြောချင်ပါတယ်။
ကျုပ်နဲ့ပတ်သက်နေတဲ့ လုပ်ငန်းတချို့ထဲမှာ သစ်လုံးတွေ ကုန်စည်တွေပို့ဆောင်တဲ့ transport လုပ်ငန်းလဲ ပါဝင်ပါတယ်။ အဲဒီလုပ်ငန်းက သစ်ကားမောင်းသူတချို့ဟာ နေ့စဉ်စားသောက်စားရိတ်က ပိုလျှံတာတွေ စာရင်းပိုတင်တာတွေ ခေါက်ကြေးတွေနဲ့ ဒီမှာထည့်မပြောချင်တဲ့ အကြောင်းတွေက ရတာတွေပေါင်းရင် ၂၀၀၉-၂၀၁ဝ လုပ်ငန်းရာသီမှာ တစ်နှစ်လုံးအတွက်စားပြီးသောက်ပြီး သိန်းငါးဆယ်နဲ့ ခုနှစ်ဆယ်ကြား ရပါတယ်။ ၂၀၁၀-၂၀၁၁ လုပ်ငန်းရာသီ(အခုပြီးကာစ) မှာ စားပြီးသောက်ပြီး သိန်းရှစ်ဆယ်နဲ့ သိန်းတရာကြား ရကြပါတယ်။
အဲဒီငွေတွေ ဘယ်ရောက်သွားသလဲ သိလား …။ eros လိုတော့ အကျိုးရှိအောင် ဘာမှမသုံးစွဲဖြစ်ကြဘူး။ သူတို့အတွက်ငွေရတယ်ဆိုတာ ပျက်စီးခွင့်ရတာပါပဲ။ ငွေဆိုတာ သူရောက်နေတဲ့ လက်အမျိုးအစားပေါ် မူတည်ပြီးသာ တန်ဘိုးအမျိုးမျိုးဖြစ်ပေါ်ပါတယ်။ ငါသာဒီကားသမားဆိုရင် ဒီနှစ်ရတဲ့ငွေ သိန်းတရာလောက်ကို ဘယ်လိုသုံးလိုက်မယ် လို့တော့ မတွေးမိပါနဲ့ဗျာ။ ဒီကားသမားသာဆိုရင် ဒီလိုပဲဖြုန်းလိုက်မိမှာပါ။
ကျွန်တော်ကတော့ eros ကိုအားကျတယ်။ ကျွန်တော့သားကို eros လိုဖြစ်စေချင်သလား ကျွန်တော်ပြောခဲ့တဲ့ ကားသမားလို ဖြစ်စေချင်သလားလို့ မေးလာရင် ကျွန်တော်ဖြေမယ့်အဖြေကို သိလောက်ပါပြီ။
eros
June 28, 2011 at 2:30 pm
လေးလေး ပါလေရာ ရေ။ တကယ် အတည်ပြောနေတာပါ။ မကောင်းတဲ့ stress တွေလဲဖိစီးနေပါတယ်။ ဒါတွေကို ဖြေလျှော့ဖို့ရယ်။ ဒီကလူတွေကိုလည်း အဖြစ်အပျက်တွေကို ဝေငှချင်လို့ ရေးလိုက်တာပါ။ ဒါပေမယ့်တက်နိုင်သလောက် ပျော်ပျော်နေနေပါတယ်။ stress အကြောင်း ဘယ်လိုဖြေလျှော့သင့်တယ်ဆိုတာ ရေးပါဦးမယ်။
eros
June 28, 2011 at 3:26 pm
အောင်မလေး စက်သေနတ်ငှားမယ့် လူတွေပါပဲလား။ အခုတော့ စက်သေနတ်တော့မရှိသေးဘူး။ လေးနဲ့ မြှားကတော့ ပုံမှာပါတဲ့ အတိုင်းရှိတယ်။ ငှားကြမလား။ ခါးမှာပတ်ထားတဲ့ ပိတ်စလေးတော့ မငှားနိုင်ဘူးနော်။ ဒါလေးပဲရှိတာ။ တော်ကြာ သူကြီးက ဆင်ဆာဖြတ်လို့ ရွာထဲမဝင်ရပဲနေဦးမယ်။ 😛
နွယ်ပင်၊ ငါ့ဆီက စက်သေနတ်ကငှားပြီးဘာလုပ် မလို့လဲဟ။
မမှီရေ ဘယ်ကို ဒဲ့ဆွဲမလို့လဲဗျ။
(ဘုရား ဘုရား သူ့ထက်သူ လူ့စွမ်းကောင်းတွေပါလား။ ဒဲ့ဆွဲမယ့်သူတွေနဲ့ ၂ရက်တောင် ငှားမယ့်သူတွေနဲ့ပါလား။ ကိုယ်တောင် ဘယ်သူ့မှ မထိခိုက်စေချင်လို့ မိုးပေါ်ထောင်ပစ်မယ် စိတ်ကူးလေးပဲရှိပါတယ်။ 🙂 )
Pooch ကလည်း ပြောတော့ ကြံ့ကြံ့ခံတဲ့။ ပြီးတော့ သူကျတော့ ကိုယ့်နားထင်ကိုယ်တေ့မယ်တဲ့။ ငှားဝူး။
မဝေရေ ပေါက်ကွဲစရာရှိ ဒီစာမျက်နှာပေါ်မှာ ပေါက်ကွဲလိုက်။ မျိုသိပ်မထားနဲ့။ ဒါမှ stress လျော့မှာ။ ကိုယ့်ကို ကိုယ်တော့ မပစ်ပါနဲ့ဗျာ။
ဒီတော့ ငှားရမယ့်လူစာရင်းက
၁. နွယ်ပင်
၂. မမှီ
နောက်ဘယ်သူငှားဦးမလဲ။
ကျွန်တော်ကတော့ အခုအထိလည်းကြံ့ကြံ့ခံနေတာပါပဲ။ နောင်လည်းပဲ ဒီလိုပဲလုပ်မှာပါ။ နည်းနည်းတော့ အခြေအနေပြောင်းရတာပေါ့ဗျာ။ ဥပမာ တခြားအဆင်ပြေနိုင်မည့်နေရာ အလုပ်ပြောင်းလျှောက်တာတို့ဘာတို့ပေါ့။ stress ပြေအောင် စာရေးတာ။ သီချင်းနားထောင်တာတွေလုပ်ပါတယ်။ တက်နိုင်သလောက်ပျော်ပျော်နေတယ်။ သီချင်းကတော့ အစုံ နားထောင်တယ်။ ဦးလှိုင်ဝင်းမောင် စောင်းလက်သံ၊ ဦးဘသန်းရဲ့ စောင်းလက်ရာ၊ ဦးမြကြီး၊ တွံတေးသိန်းတန်၊ စန္ဒရားဦးလှထွဋ် သီချင်း၊ ဦးစိုးပိုင်၊ ပလေးဘွိုင်းသန်းနိုင်၊ မင်းမင်းလတ်၊ စိုင်းဆိုင်မောဝ်၊ ဘိုဖြူ၊ ထူးအိမ်သင်၊ ခင်မောင်တိုး၊ ဇော်ဝင်းထွဋ်၊ လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ဇော်ပိုင်၊ Hip Hop၊ R&B၊ Remix အစုံပဲ။ ဒါပေမယ့် လေ့လာစရာရှိတဲ့၊ သင်ယူစရာရှိတာတော့ သင်ယူနေရတာပေါ့။
naywoonni
June 28, 2011 at 3:34 pm
eros-ရေ
စိတ်လျော့ စိတ်လျော့…။ စိတ်ပဲလျော့နော် ကျန်တာတွေမပါဘူး………။
unclegyi1974
June 28, 2011 at 3:39 pm
eros ကမိုးပေါ်ထောင်ပစ်မယ်ဆိုလို့
တော်သေးတာပေါ့
တည့်တည့်ပစ်ရင်ကြိုပြောနော်
nature
June 28, 2011 at 4:05 pm
မိုးပေါ်ထောင်ပစ်မယ်တဲ့၊ နတ်သမီးနဲ့ ဘာအငြိုးရှိလို့လဲ။နတ်သမီးရေ လွတ်အောင်ရှောင်နော်။
bigcat
June 28, 2011 at 11:43 pm
သူဌေး vacation သွားဖို့ လေယာဉ်ပျံစီးတော့မှ စက်သေနတ်ကို မကောင်းသူထိပ်ကောင်းသူထိပ် မိုးပေါ်ထောင်ပစ်ဗျို့…ကံကောင်းထောက်မပြီး ထိချင်ထိသွားအောင်လို့….
MaMa
June 29, 2011 at 12:56 am
အင်းးးးးးးးးးးးခုလောလောဆယ် ဈေးကွက်ဝင် စီးပွားရေးလုပ်ဖို့ ဆိုရင် ဘာရောင်းရမလဲ စဉ်းစားစရာ မလိုတော့ဘူး။ အရမ်း Hot ဖြစ်ပြီး အဝယ်လိုက်တဲ့ ကုန်ပစ္စည်းကို သိပြီ။ ဒါပေမယ့် ဘယ်က ဝယ်ရမှန်း မသိဘူး။ 🙁
eros
June 29, 2011 at 4:13 am
ယိုးဒယား နယ်စပ်သွားပါ။
MaMa
June 30, 2011 at 1:00 am
ဘယ်မှာရနိုင်မလဲဆိုတာ သိနေတာပဲ။ 🙂
ကိုပေါက်(မန္တလေး)
June 29, 2011 at 1:13 am
ဒီလိုအတွေးမျုးိလူငယ်တွေရဲ့စိတ်ထဲကိုရောက်နေတာဝမ်းနည်းစရာ တိုင်းပြည်အနာဂတ်အတွက်ရင်လေးစရာလို့မြင်မိပါတယ်။
ဒီလိုဖြစ်ရတာ
(1) မိမိသင်ယူထားတဲ့ အတတ်ပညာနဲ့ထိုက်တန်သောငွေကြေး မရဘူးလို့ထင်မိရတာရယ်
(2) စာတွေအများကြီး ပိုက်ဆံအကုန်ခံသင်ပြီးမှ အလုပ်ဝင်လုပ်တဲ့အခါရှာလို့ရတဲ့ငွေရယ် စာတွေသင်စရာမလိုဘဲ ရှာလို့ရတဲ့ဝင်ငွေကို သွားယှဉ်ကြည့်လို့ပါဘဲ။.
ကျနော်လည် း ဝန်ထမ်းတစ်ယောက်ပါဘဲ။
ကျနော်ခံယူထားတာကတော့ ကျနော့်အတတ်ပညာနဲ့ အချိန် ကို ယာယီရောင်းစားထားတာလို့ခံယူပါတယ်။
ကိုယ့်လောက် မသိသူ မတတ်သူက ကိုယ့်ထက်ဝင်ငွေကောင်းနေလည်း ခေါင်းထဲသိပ်မထားပါဘူး။
သူ့ကိစ္စနဲ့သူ ကိုယ့်ကိစ္စနဲ့ကိုယ်ပါဘဲ။
နောက်ပြီး အဖေပိုင်ရှင်ဖြစ်လို့ သားပိုင်ရှင်ဖြစ်လာတာကို လဲ သိပ်ခေါင်းထဲမထည့်ပါဘူး။.
ကိုယ်မှာဘာအရင်းအနှီးမှ မပါဘဲ နေရာတစ်ခုရအောင်လုပ်နိုင်တယ်ဆိုတာ ကိုယ့် တန်ဘိုးပါဘဲ။
အေးကောင်းအောင်လုပ်ရဲ့သားနဲ့မှ အဆင်မပြေဘူးဆိုရင်တော့ ဖောက်ထွက်ဘို့ နည်းလမ်းရှာရမှာဘဲ။
သူများကို ကြည့်နေမယ့် အစားကိုယ်ဘာလုပ်သင့်လဲ ဆိုတာကို ဦးစားပေးသင့်တယ်လို့မြင်ပါတယ်။.
ကဲ နတ်ဘုရားရေ ငါ့ဘက်လှည့်ထားတဲ့ မင်းစက်သေနတ်ဘေးဖယ်လိုက်ပါအုံးကွာ။
ငါကြောက်လို့ပါ။
eros
June 29, 2011 at 3:57 am
လေးပေါက်ကိစ္စက ပိုစ့်တခု တင်ရမလိုဖြစ်သွာတယ်။ ပိုစ့်တင်မယ်နော် လေးပေါက်။ လေးပေါက်ရဲ့ ကွန်မန်းကိုပါ ကူးခွင့်ပေးပါ။ လေးပေါက်ကွန်မန်း ပါမှ ဖြစ်မှာ။
ဆူး
June 29, 2011 at 7:24 am
မိဘ ချမ်းသာတိုင်း သားသမီးမချမ်းသာပါဘူးကွယ်..
မိဘ ဆင်းရဲတိုင်း သားသမီး မဆင်းရဲတတ်ပါဘူး။
ပညာတတ် အနေနဲ့ လုပ်ခ လစာ သိပ်မရလို့ စိတ်ညစ်နေရပေမဲ့
ပညာရွွှေအိုး လူမခိုး.. သေတဲ့ အထိ အသုံးကျပါတယ်။
ကာယ လုပ်သားများ အသက်ကြီးရင့်တဲ့ အခါ ကာယ မစိုက်ထုတ်နိုင်တဲ့ အခါ..
ပညာဆိုတာ ရေရှည် အတွက် ကောင်းပါတယ်။
ပညာမဲ့ကတော့ ကောင်းတယ် ဆိုရင်တောင် ရေတိုပဲ လို့ ယုံကြည်ပါတယ်။
intro
June 29, 2011 at 3:24 pm
သိတ်ကောင်းတဲ့ ပိုစ့်ပဲ… ဖြစ်နေတဲ့ ဘဝနဲ့ ရေလည် ကွက်တိ…