သိမ်ကြီးဈေးရှိ Club တစ်ခုတည်းတွင်ပင် အဆိုပါ အလုပ်နှင့် အသက်မွေးဝမ်းကျောင်းသော မိန်းကလေးများ အယောက် ၂၀ဝ ကျော်ရှိသည်။ ရန်ကုန်မြို ့ရှိ တိတ်တိတ်ပုန်း Club များ အားလုံးပေါင်းနှင့် အနှိပ်ခန်းများ၊ KTV များ၊ စင်တင် ဘီယာဆိုင်များ၊ အထင်ကရ ကားဂိတ်နေရာများ၊ အားလုံးပေါင်းလိုက်လျင် ငွေကြေးဖြင့် အလုပ်ဖြစ်သော မိန်းကလေးများ လွန်စွာများပြားနေသည်။ ယခုတစ်လော ဝယ်သူတစ်ယောက် ရောင်းသူ တစ်ရာ ဖြစ်နေသောကြောင့် ဈေးအလွန်သက်သာပြီး တပ်ပျက်နေသည်။ ဘာကြောင့်လဲ ??? မြန်မာ့ယဉ်ကျေးမှု၊ မြန်မာဆန်မှု၊ မြန်မာမိန်းကလေးပီသမှု၊ မြန်မာမြန်မာချင်းထပ်အောင် အသားကုန် အော်နေကျတဲ့ အထဲကကို ဘာလို ့ဒီလောက်များပြားလာတာလဲ။ အဓိက အဖြေကတော့ ငတ်လို ့ဖြစ်သည်။ ငတ်လျင် မြန်မာမိန်းကလေး၊ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာမိန်းကလေးပီသမှုဆိုတာတွေလဲ မကယ်နိုင်ပါ။ […]