တနေ့တော့ ဆိုင်တွင် စိုးရာယာနှင့် ကျွန်တော် နှစ်ဦးတည်း ထိုင်စကား ပြောနေကြသည်။ ဖရီးမောင့်၊ အိုလုန်းကောလိပ်တွင် ကျောင်းတက်ပုံကို စိုးရာယာက ပြောပြနေသည်။ ”ဘာမေဂျာယူလဲ” ”ကျွန်မက ဆရာမဖြစ်ချင်တာ” ဟု စိုးရာယာဆိုသည်။ ”တကယ်၊ ဘာကြောင့် ဆရာမဖြစ်ချင်တာလဲ” ________________________________ ‘တကယ်၊ ဘာကြောင့် ဆရာမဖြစ်ချင်တာလဲ” ”အမြဲတမ်း ဖြစ်ချင်ခဲ့တာ။ ဗာဂျီးနီးယားမှာနေတုန်းက ကျွန်မ ESL အောင်လက်မှတ်ရတယ်လေ။ အခုဆို စာကြည့်တိုက်မှာ တစ်ပတ်ကိုတစ်ည ကျွန်မ စာပြတယ်။ အမေကလည်း ဆရာမပဲဟာ။ ကဘူးမှာနေတုန်းက မိန်းကလေးအထက် တန်းကျောင်းမှာ ဖာစီစာနဲ့ သမိုင်းသင်တယ်” သမင်လိုက်ဦးထုပ်ဆောင်းထားသော ဗိုက်ရွှဲရွှဲလူဝကြီးတစ်ဦး ငါးဒေါ်လာ တန် ဖယောင်းတိုင်စိုက်ညှာတံကို သုံးဒေါ်လာပေးသည်။ စိုးရာယာ ရောင်းလိုက်သည်။ ခြေရင်းမှ ဘူးကလေးထဲ ပိုက်ဆံထည့်ပြီး ကျွန်တော့်အား ရှက်ရွံ့စွာကြည့်သည်။ […]