nigimi77May 28, 20111min1629
” ဟယ်လို….အေး…ဟဲ့…ငါတို ့ ရုပ်ရှင်လာကြည့်နေတာ…နင်ဘယ်ရောက်နေလဲ…..အေး….အေး…ဟုတ်တယ် ငါလဲပြောပါတယ်…..အေးလေ…သူ ့သဘောနဲ ့သူဆိုတော့လဲ ငါတို ့က ဘာပြောလို ့ရမှာလဲ…ဟား..ဟားးးးးးးးးး………” နေကြာစေ့  ခွာသည့် အသံ ၊ ပေါက်ပေါက်ဆုပ် စားသည့် အသံ ၊  အတွဲများ တပြွတ်ပြွတ် နှင့် မုန်ယို နေသည့် အသံများ ကြားမှ  အဆိုပါ အမျိုးသမီး၏  လွန်စွာ အောက်ကလိအာ ဆန်သော  စူးရှပြစ်ချွဲသည့်  အသံသည် စဉ်ဆက်မပြတ်  ထွက်ပေါ်နေသည်။  တခြား အသံများအားတတ်နိုင်သမျှ  သီးခံခဲ့သော်လည်း   မိမိ၏  ပုဂ္ဂိုလ်ရေး အကြောင်းအရာများကို အများသူငါ အပန်းဖြေသော ရုပ်ရှင်ရုံထဲတွင် ဟောင်ဖွာဟောင်ဖွာ ကျယ်လောင်စွာ တယ်လီဖုန်း ပြောနေသော အမျိုးသမီးအား  သမင်လည်ပြန် လှည့်ပြီး အမူအရာနှင့် ကြိမ်ဖန်များ စွာ သတိပေးသော်လည်း  […]