အမေ့ခြေရာ ကိုးကွယ်စရာ အဖြစ် ဆရာချစ်စံဝင်းရေးတဲ့ အမေ့ခြေရာ စာအုပ်ဖတ်ပြီးကတည်းက တို့တွေလည်း အမေ့ခြေရာ ယူထားကြရအောင်လို့ အစ်ကိုကြီးနဲ့တိုင်ပင်ခဲ့တယ်။ ဒါပေမဲ့မောင်နှစ်မတွေ တစ်ယောက်တစ်နေရာစီ ဆိုတော့ ဆုံဆည်းဖို့ ခက်နေကြတာ။ (၂၀၀၃) မှာ အမှတ်မထင် မောင်နှစ်မ (၇)ယောက်အနက်(၄) ယောက် အမေ့အိမ်မှာ ဆုံဖြစ်သွားတယ်။ အမေ့ခြေရာယူပွဲကို ဆရာချစ်စံဝင်း စာအုပ်ထဲက အတိုင်း စီစဉ်တယ်။ မောင်နှစ်မ အား လုံးအတွက် အမေ့ခြေရာနင်းဖို့ ပိတ်ဖြူစလေးတွေ အနားကွပ်ဖို့ ညီမလေးကတာဝန်ယူ တယ်။ ကျမက အမေ့ ခြေရာထင်အောင်နင်းချဖို့ သနပ်ခါး နံ့သာဖြူသွေးပြီးနနွင်းပျစ်ပျစ် ဖျော်ရတယ်။ အစ်ကိုကြီးနဲ့ မောင်အကြီးက အမေ့ ခြေကိုဆေးကြောပြီး နံသာနဲ့ နနွင်း ဖျော်ထားတာ သုတ်လိမ်းပေးကြတယ်။ “ ကျွန်တော် […]