Kaung Kin PyarMay 30, 20141min30633
တွေ့ဖူးသမျှ အိုင်တီတွေ တစ်ယောက်မှကို မကောင်းဘူး….။ အကုန် ဂျစ်ကန်ကန်၊ မှုန်တေတေ၊ ထုံပေပေတွေချည်းပဲ….။ ဘယ်အချိန်ကြည့်ကြည့် အလုပ်တွေမနိုင်မနင်းများနေတဲ့ မျက်နှာသေတွေနဲ့ ..။ ကွန်ပြူတာစခွင်ကို စူးစိုက်ကြည့်နေတာများ.. ပေါက်ထွက်တော့မယ့်အတိုင်း။ အကြောင်းမသိသူတော့ ဒီလူအတော်ကြိုးစားတာပဲ ထင်မှာ..။ မသိရင်ပဲ ကုမ္ပဏဲရဲ့အနာဂတ်က သူတို့လက်ထဲပဲရောက်နေသလိုလို…။ သရုပ်ဆောင်က တော်ချက်…၊ ဒါရိုက်တာဝိုင်းကိုတောင် ပြန်သင်လို့ရတယ်…။ Fixed Assest လေးစစ်ချင်လို့ ပစ္စည်းအဟောင်းအမြင်းလေးတွေ စတိုထဲပို့ပေးပါ ပြောတာကို တစ်ပတ်။ ထမင်းစားဖို့တော့ မမေ့၊ ဒါတော့ နေ့တိုင်းမေ့တဲ ့အိုင်တီနဲ့လဲ ကြုံဖူးတယ်..။ ကွန်ပြူတာလေး ဘာဖြစ်သွားမှန်းမသိ၊ လာကြည့်ပေးပါပြောရင် ဈေးက ကိုင်ချင်သေးတယ်..။ လာပြီခဏ က တကမ္ဘာလောက်ကြာတယ်..။ ဟိုဘက်ခန်းဒီဘက်ခန်း Network ချိတ်ပြီး ဒိုတာခုတ်လားခုတ်ရဲ့….။ ရာသီဥတုလေးများပူလာရင် ဆာဗာကြီးပဲ မီးထတောက်တော့မလိုလိုနဲ့ ဆာဗာခန်းဝင်ပြီး ဟောက်သံတောင်ထွက်နေတဲ့ […]