weiweiJanuary 8, 20135min49232
ငယ်ငယ်တုန်းက ကျိုက်ထီးရိုးသွားရမယ်ဆိုရင် အရမ်းပျော်ခဲ့တယ်။ သူငယ်ချင်းတွေ မိသားစုတွေနဲ့ အတူတူ တောင်တက် တောင်ဆင်းလုပ်ရတဲ့ အရသာက ကျိုက်ထီးရိုးဘုရားဖူးရဲ့ ထူးခြားတဲ့ အစီအစဉ်တစ်ခုဖြစ်ပါတယ်။ ခက်ခက်ခဲခဲ ဖူးမျှော်ရတာကိုက တန်ဖိုးရှိပြီး ထူးခြားလှပါတယ်။ တောင်တက်ကားလမ်းဖောက်ပြီးနောက်ပိုင်း အလွယ်တကူ ကားနဲ့သာ အတက်အဆင်းလုပ်ခဲ့တာကြောင့် အရင်က အရသာတွေ မေ့တေ့တေ့တောင်ဖြစ်နေခဲ့ပါပြီ။ ဒီတစ်ခေါက်တော့ အတက်ပဲဖြစ်ဖြစ် အဆင်းပဲဖြစ်ဖြစ် ခြေလျှင်တက် ဆင်းချင်တဲ့ဆန္ဒပြင်းပြနေမိတယ်။ လူကြီးတွေနဲ့သွားရင် ဘယ်တော့မှ အဖော်စပ်လို့မရတဲ့ တောင်တက်တောင်ဆင်းကို အခုတစ်ခါတော့ အလုပ်ထဲကလူငယ်တွေကို အဖော်စပ်ပြီး ၈ ယောက်တစ်ဖွဲ့ သွားကြပါတယ်။ နေ့ခြင်းပြန်သာ အချိန်ရတာမို့လို့ အချိန်ကိုငဲ့ညှာပြီး တောင်တက်ကို ကားနဲ့တက်ပြီး တောင်ဆင်းကိုမှ ခြေထောက်နဲ့ဆင်းကြမယ်လို့ ဆုံးဖြတ်ပြီး ခရီးစဉ်တစ်ခု ဆွဲခဲ့လိုက်တယ်။ ည ၂ နာရီခွဲ ရန်ကုန်ကနေထွက်လိုက်တာ မနက် ၆ နာရီ […]