natureJune 5, 20121min51113
N+050612 ဒါနဆိုတာသံသရာရှည်တယ်ဆိုတဲ့လူမိုက်များအတွက် ကြံကြံဖန်ဖန်တရားနာရင်း ကြားခဲ့ရတာကတော့ ဒါနကသံသရာရှည်သတဲ့။ဒီလိုတရားမျိုးဟောပြီး ဒီလိုပုံစံမျိုးနဲ့ အမဲရိုးနှယ်ဟင်းအိုးမှအားမနာဆိုသလို တရားဟောချင်သေးတယ်။ ကိုယ်ဉာဏ်လေးတထွာတမိုက်နဲ့ ကိုယ်ထင်တာကိုလျှောက်ချဲ့ပြောတော့ ဗုဒ္ဓဘာသာအခြေခံ အားနည်းသူတွေ အတွက်ထင်ယောင်ထင်မှားဖြစ်ကုန်တာပေါ့။ မှားမယ်ဆိုလည်းမှားလောက်ပါတယ်။ တော်တော်လေးဖြေရှင်းရခက်တဲ့ အချက်တချက်ပါပဲ။ ဒါနနဲ့သံသရာက မလွတ်မြောက်နိုင်ဘူးဆိုတာကတော့ မှန်ပါတယ်။ဒီတော့လွယ်လွယ်ပဲဆုံးဖြတ်ချက်ချလိုက်တာကတော့ ဒါနကသံသရာရှည်တယ်ပေါ့။ ကောင်းပြီ။ ဒါနကသံသရာရှည်တယ်ဆိုရင် သံသရာပြတ်အောင်ဒါန မလုပ်ပဲနေပါ။ ဒါနမလုပ်ရင်သံသရာပြတ်သွားမှ ဒါနကသံသရာရှည်တယ်ဆိုတဲ့စကားကမှန်မှာဖြစ်ပါတယ်။ မြတ်စွာဘုရားဟော ကြားထားတာကတော့ သံသရာရှည်ရခြင်းဟာ တဏှာနဲ့အဝိဇ္ဇာကြောင့်လို့ ဟောထားပါတယ်။ ဒါနက တိုတိုပြောရရင်ချမ်းသာတယ်ဆိုပေမဲ့ လိုက်နာကျင့်သုံးရမဲ့ အင်္ဂ ါရပ် တွေအများကြီးလေ့လာစရာလိုပါသေးတယ်။ သံသရာဆိုတာကတော့ ဒါနနဲ့ မဖြတ်နိုင်ပေမဲ့ ဒါနကြောင့်သံသရာရှည်တယ်ဆိုတာကတော့ မိုက်မဲတဲ့အယူအဆတခုလို့သာထင်မြင်မိပါကြောင်း။ ပြောရရင်တော့ ကြားဖူးတဲ့ ကျူံးသွင်းမေးတဲ့ လော့ဂျစ်ကလေးတခုလို ကျီးကန်းသည်မဲသည်။ ကျီးကန်းသည်ငှက်ဖြစ်သည်။ ထို့ကြောင့်ငှက်တိုင်းသည်မဲသည်ဆိုတဲ့တလမ်းသွားမှားယွင်းတဲ့ လော့ဂျစ်တခုလိုပါပဲ။ ဒါမျိုးခပ်ဆင်ဆင် ကျူံးသွင်းမေးမြန်းထားတဲ့ နောက်တခုရှိပါသေးတယ်။ ဗုဒ္ဓဘာသာဟာသမ္မာဒိဌိ ဝါဒဖြစ်တယ်။ […]