weiweiNovember 28, 20104min20520
ဘုရားကျောင်းအရှေ့ဘက်ထွက်ပေါက်ကနေ ၁၅ မိနစ်လောက်ဆက်လျှောက်သွားရပါတယ်။ အဲဒီကိုရောက်တော့ ခြေထောက်တွေ မသယ်ချင်လောက်အောင်ညောင်းနေပါပြီ။ အထဲမှာ ဘယ်လောက်လျှောက်ကြည့်ရမလဲလို့ စုံစမ်းကြည့်လိုက်တော့ ဧကပေါင်း ၅၀ဝ နီးပါးကျယ်တယ်။ အုတ်ဂူတွေက စည်းခတ်ထားတဲ့ အုတ်တံတိုင်းက ၄.၃၅ မိုင်ရှည်ပြီး ဂူပေါင်း ၁၀၀၀ဝ ကျော် ရှိပါတယ်။ ကွန်ဖြူးရှပ်ရဲ့ သားစဉ်မျိုးဆက်ပေါင်း ၁၇ဝ ကျော် တိုင်အောင်အထိ အဲဒီထဲမှာ သဂြိုလ်ထားပါတယ်။ သူ့ရဲ့ထင်ရှားတဲ့ တပည့်ရင်းတွေရဲ့ အုတ်ဂူတွေလဲရှိပါတယ်။ မှတ်တမ်းအရ လွန်ခဲ့သော နှစ်ပေါင်း ၂၃၄ဝ ကျော်ကထဲကရှိခဲ့တယ်လို့ သိရတယ်။ ရှားပါးတဲ့ သစ်ပင်ကြီးတွေနဲ့ အေးပြီး တိတ်ဆိတ်နေပါတယ်။ ကျွန်မတို့လဲ လမ်းလျှောက်ဖို့ မဖြစ်နိုင်တော့တာနဲ့ ကားအသေးလေးငှားပြီး အတွင်းကို ကားနဲ့ပဲ ပတ်ကြည့်ခဲ့ပါတယ်။ ဓါတ်ပုံတွေက ကားပေါ်ကရိုက်ထားလို့ သိပ်မကြည်ဘူးဖြစ်နေပါတယ်။ ဓါတ်ပုံထဲမှာ ဆင်တူတွေလို့ထင်ရပေမယ့် တကယ်တော့ အတော်ကိုကြီးတဲ့ […]