ကွမ်းနဲ့ကွမ်းယာဝါးတဲ့ဓလေ့ဟာ၊မြန်မာအပါအဝင်အရှေ့တောင်အာရှနဲ့တောင်ပစိဖိတ်ကျွန်းဒေသနိုင်ငံတွေမှာတွေ့ရတဲ့ဓလေ့ဖြစ်ပါတယ်။ဒါ့အပြင်ကမာ္ဘအနှံ့အပြားကအိန္ဒိယနွယ်ဖွားတွေမှာလည်းတွေ့ရပါတယ်။ တကယ်တော့ ဒီဓလေ့ဟာလွန်ခဲ့တဲ့ နှစ်၂၀၀ဝလောက်ကတည်းက အိန္ဒိယက နေပြန့်ပွားလာခဲ့တာလို့ မှတ်တမ်းတွေကဆိုပါတယ်။(မြန်မာ့ရိုးရာဓလေ့လို့ဆိုချင်သူများစဉ်းစားစရာပါ)ကွမ်းယာမှာ ကွမ်းရွက်၊ ကွမ်းသီး၊ ထုံး၊ဆေးရွက်ကြီး(ဗမာဆေး) တို့အဓိကပါဝင်ပြီး နောက်ပိုင်းမှာ အိန္ဒိယကဝင်တဲ့ အာမွှေး၊နိုင်တီနိုင်း စတဲ့အမွှေးအကြိုင်မျိုးစုံ ထည့်သွင်းလာကြပါတယ်။ ကွမ်းယာကို အပြင်းပြေဝါးတဲ့သူက ဝါးတယ်။ ဆေးရွက်ကြီး အာနိသင်နဲ့ လန်းဆန်းပြီး မအိပ်ချင်အောင် ဆိုပြီးစားတဲ့သူက စားတယ်။ ဆေးလိပ်ဖြတ်ချင်လို့ ဆိုပြီး ကွမ်းယာ ပြောင်းဝါးတဲ့ သူတွေလည်း တွေ့ဖူးပါတယ်။ နယ်မှာတုန်းကဆိုရင် မနက်မိုးလင်းတာနဲ့ ကွမ်းယာနဲ့ စလိုက်တာ ညအိပ်ယာ ဝင်မှ ပါးစပ်ထဲက ကွမ်းယာကို ထွေးဖြစ်တယ်ဆိုတဲ့ လူတွေအများကြီး တွေ့ခဲ့ရပါတယ်။ လူတွေ ကြိုက်ပြီး ဝါးနေကြတဲ့ ကွမ်းယာဟာ၊ သွားနဲ့ခံတွင်း ပြဿနာကစလို့ အသက်အန္တရာယ် အထိဒုက္ခပေးနိုင်တယ် ဆိုတာကျွန်တော်တို့တွေ ရောက်လေရာ နေရာတိုင်းမှာ ကျန်းမာရေးပညာပေး ပြောပြလေ့ရှိပါတယ်။ […]