TheWinner GetprizeNovember 25, 20121min51111
Mandalay Gazette ချစ်သူများရှင့်၊ ကျွန်မရဲ့ ဒီ POST လေးမှာတော့ သားကိုပြန်ပြောပြဖြစ်တာလေးတွေကို ပြန်လည် မျှဝေပါရစေ။ သားကို ပြန်လည်ပြောပြဖြစ်တဲ့ အကြောင်းများမှ (ကျွန်မနှင့် အင်တာဗျူးများ) ယခုနောက်ပိုင်းတွင် company တွေ အတော်များများရင်ဆိုင်နေရသည့် လူရှာရခက်ခဲသည့် ပြသာနာအတိုင်း ကျွန်မတို့ company လည်း မကြာခဏ လူခေါ်ရပါသည်။ ကျွန်မ အင်တာဗျူး လုပ်ရတာကို အတော်လေး စိတ်ညစ်မိခဲ့ပါသည်။ အဓိကကတော့ ကျွန်မရဲ့ ပုံမှန်အလုပ်တွေကို ဘေးဖယ်ထားပြီး ထိုအင်တာဗျူး အတွက် အချိန်ပေးနေရလို့ပါ။ အဲဒီတော့ အင်တာဗျူးရင်လည်း ကျွန်မစိတ်သိပ်မရှည်မိပါ။ ကိုယ်မေးချင်တာ၊ ကိုယ်သိချင်တာ၊ ကိုယ်လိုချင်တဲ့ အရည်အချင်းနဲ့ အနီးစပ်ဆုံး ဖြစ်နိုင်၊ မနိုင်ကိုသာ ကျွန်မအဓိကထားပြီး ကျန်တာတွေကို သိပ်ပြီး အချိန်မပေးမိပါ။ ပြီးတော့ အတော်ဆိုးခဲ့တဲ့ ကျွန်မပါပဲနော်။ […]