ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် ဇူလိုင်လ (၁၁) ရက်နေ့က “တယ်ညံ့သကိုး” ဆိုတဲ့ ပို့စ်လေးနဲ့ ကျွန်တော် ဂေဇက်မှာ စတင် ခြေချခဲ့ပါတယ်။ အဲဒီလို ခြေချဖြစ်ခဲ့တဲ့ အကြောင်းကလည်း ကျွန်တော့်ရဲ့ ညီငယ်လည်းဖြစ်၊ သူငယ်ချင်းလည်းဖြစ်တဲ့၊ ဂေဇက်ရဲ့ မန်ဘာတစ်ယောက် ဖြစ်တဲ့ BigDefender ရဲ့ ဆွဲခေါ်မှုကြောင့် ဖြစ်ပါတယ်။ အစ ပထမတော့ ကျွန်တော်ဟာ ဂေဇက်မှာ စာတွေ ရေးပြီး တင်ခဲ့ပေမယ့် ရေးပြီး တင်တယ် ဆိုရုံလောက် အနေအထားပဲ ဖြစ်ခဲ့ပါတယ်။ အန်တီဆူး ပြောသလို ဂေဇက်မှာ ပို့စ်တင်လိုက်တာနဲ့ ကိုယ်ပိုင်မြေကွက်တစ်ကွက်ရပြီ ဆိုနိုင်ပေမယ့် အဲဒီမြေကွက်မှာ ကျွန်တော် ခဏတဖြုတ် ဝင်နားသွားတယ် ဆိုရုံလောက်ပါပဲ။ အဲဒီထက် မပိုခဲ့ပါဘူး။ တကယ့် ရွာသားစစ်စစ် တစ်ယောက် ဖြစ်လာခဲ့တာဟာ […]