လောလောဆယ် နတ်နေကိုင်းထဲမှာ ကျွန်တော်နေပါတယ်။ ကျွန်တော်က သူ့အတွက်တော့ ပြက်လုံးတစ်ခုပဲဆိုပါတော့။ ကျွန်တော်ဟာ ကံဆိုးသူလား။ အားငယ်သူလားဆိုတာ ကိုယ့်ကိုကိုယ် ဝေခွဲလို့မရဘူးဖြစ်နေတဲ့အချိန်။ ကျွန်တော် အလှောင်ခံလိုက်ရပါတယ်။ မျက်စိရှေ့မှာ စကားလုံးတွေ အိုးနင်းခွက်နင်းနဲ့ပေါ့။ မျက်နှာထားတွေ အပျက်ပျက် အယွင်းယွင်းနဲ့ ဘယ်သူက မိတ်ဆွေ စစ်သလဲဆိုတာ ကျွန်တော် မသိတော့ဘူး။ ဒါပေမယ့် ဒီမျက်နှာက ကျွန်တော် သူငယ်ချင်း အရင်းခေါက်ခေါက်ကြီးဆိုတာတော့ သိလိုက်တယ်။ ဒါနဲ့ ကျွန်တော် နုတ်ဆိတ်ငြိမ်သက်လိုက်တယ်။ သူ ခုတ်နေတဲ့ ကိုင်းတစ်ကိုင်းဟာ ကျွန်တော်ဖြစ်နေမှန်း သူမှမသိဘဲကိုး။ (၁) (အစ) “ဒါကတော့ ဖားကန့်ကနေ ခွေးပြေး ဝက်ပြေး ပြေးလာတဲ့ ငါ့ရဲ့ သူငယ်ချင်းကြီး သော်ဇင်ပေါ့ကွာ။ မှတ်ထား ဟေ့ကောင် ။“ လက်ဖက်ရည်ဆိုင်ရဲ့ လူစည်ကားပြီး […]