-မနေ့က ကျွန်တော့်ခယ်မကို သူ့အဖေ ကျွန်တော့် ယောက္ခထီးက မေးတယ်… ” နင်တို့ ဖေ့ဘွတ်သုံးတာ ဘာကောင်းလဲတဲ့…???” -ကျွန်တော် ဖြေလိုက်ချင်ပါတယ်… သို့ပေမဲ့ ကိုယ်ပြောလို့ ဖောင်းသွားရင် မကောင်းဘူးလေ… -ဖေ့ဘွတ်အကြောင်းမပြောခင်.. ထုံးစံအတိုင်း လေနည်းနည်းလေး ရှည်ပါရစေဗျာ… -အင်တာနက် နဲ့ ကျွန်တော် စတွေ့ပုံလေးကိုပါ… -၂၀၀၂ ဧပရယ်လောက်မှာ အင်တာနက်ကို စတွေ့ဖူးခဲ့တယ်ဗျ… အဲတုန်းက မြန်မာပြည်က ရပြီလား မရသေးလားတော့ မသိဘူး… -တွေ့ပုံက ကျွန်တော် Forever Group ကို ကွန်ပျူ တာ သင်ဖို့ အလုပ်သင်သဘောပေါ့ နဲ့ အဲလမှာ စရောက်တာကိုး… -ရလဲ သေချာတယ် မတွင်ကျယ်သေးဘူး… IBM ခေါ် PC တကိုယ်ရည်သုံးကွန်ပျူ […]