koyin sithuDecember 31, 20111min3858
တစ်ခုသော ဒီဇင်ဘာလ၏ ကျွန်ုပ်မွေးနေ့ ညနက်ပိုင်းတွင် အခန်းထဲတွင် တစ်ယောက်တည်းထိုင်၍ ကျွန်ုပ်ကိုယ်တိုင်နှင့် ကျွန်ုပ် လုပ်ရမည့် အလုပ်များကို ထိုင်စဉ်းစားနေမိသည်။ ကျွန်ုပ်ဘဝတွင် အလုပ်ကိစ္စများ ဆောင်ရွက်လုပ်ကိုင်ရာတွင် မည်သည့်အခါမှ တစ်ခါတည်းနှင့် ပြီးမြောက်မအောင်မြင်ခဲ့ပါ။ တပတ်စဉ်ထဲ ထွက်လာကြသော ကျွန်ုပ်၏ သူငယ်ချင်းများသည် သင်္ဘောတက်ရန် ရုံးကိစ္စများ၊ ကုမ္ပဏီများဖြင့် လုပ်ကိုင်ဆောင်ရွက်ရာတွင် တခါတည်းဖြင့် ပြီးမြောက်အောင်မြင်ပြီး Sea Time ပြည့်ကြကုန်၍ အရာရှိစာမေးပွဲဖြေရန်အထိ အဆင်ပြေနေကြသလောက် ကျွန်ုပ်တွင်မှု Sea Time မပြည့်သေးရုံမက၊ အခက်အခဲများစွာဖြင့် ရင်ဆိုင်ကြုံတွေ့ပြီး ကြန့်ကြာပြီး နှစ်ခါ၊ သုံးခါ ထက်မက အပြန်ပြန်လှန်လှန် လုပ်ကိုင်ရလေသည်။ ထိုကဲ့သို့ ကျွန်ုပ်သည် အစစအရာရာတွင် သူများထက် နောက်ကျနေပြီး၊ စီးပွားရေး အဆင်မပြေသော ကိစ္စများကို မည့်သို့မည့်ပုံ ဆောင်ရွက်လုပ်ကိုင်၍ လတ်စသတ်ရမည်နည်းဟု […]