လမ်းဆုံးရင်တော့ `လမ်းဆုံး´ပေါ့။   သိမှု့ ရှိမှု့ ကို သိလျှက် ရှိလျှက်နှင့် ထားပေးပါ။ ဖွင့်မကြည့်ပါနှင့်။   ထီပေါက်စဉ်ရယ် သင့်အတွက်မနက်ဖြန်ရယ်… စုဗူးထဲက တစ်ဆယ်တန်တွေရယ်… သိလျှက်ရှိလျှက်နဲ့ တစ်နေရာရာမှာ ကြည်နူးခိုဝှက်လို့…။   အာဒမ်ရယ် ဧဝရယ်… စကားမပြောတတ်တဲ့ ပိုးဟပ်နှစ်ကောင်ရယ်… ရှေးရှေးတုန်းက ဗြဟ္မာကြီးတွေရယ်… ပျော်လို့ ရွင်လို့ သိဝေး ရှိဝေး။   တကယ်တော့ ဘာမှမဟုတ်ပေမဲ့ တကယ်ရှိနေတာ တော့`သိမှု့´လေးတစ်ခုပါပဲ။   ငယ်ငယ်တုန်းကလိုပဲလေ `ထမင်းရည်ပူစည်း´ဆိုရင် `သိပ်´ ဂရုစိုက်တတ်တယ်…။


  ကြယ်ကြွေအကုန်ကောက်တောင် ကောင်းကင်ရောင်မပျောက်ဘူး အိမ်မက်တွေ ပြောင်းပြန်စီးလို့ နံနက်ခင်းတွေ အိပ်ရာမထနှိင်။   ငါ့မနက်ဖြန်အတွက် အတ္တနဲ့မျက်နှာသစ် မရိုးသားမှု့နဲ့ နံနက်စာရယ် မကောင်းမှု့လတ်လတ်ဆတ်ဆတ်များ ပတ်ဝန်းကျင်များယောင်အော်သည်။   နာရီမဲ့လက်တစ်ဖက်၏ အထားအသိုမတတ်မှု့အကြောင်းကို ကြက်ဖတစ်ကောင်မှ ဝေဖန်ခြင်း။   ကာရန်သည် ကျွန်တော်၏မွေးစားမိခင်ဖြစ်ပြီး တခါတခါတွင် ဥပက္ခာမဲ့မှု့များ မနာလိုမှု့များ ပေါက်ကွဲမှု့များ မွန်းကြပ်မှု့များ စိတ်ရူးပေါက်မှု့များသည် ကျွန်တော်ဖြစ်၏။   ကျွန်တော့်အတွက် ဖိနပ်တစ်ရံသည် ရသမဲ့ခြင်း မမဲ့ခြင်းနှင့်မဆိုင် သင့်အတွက် အိပ်ရာခင်းရန် သိုးရေ တစ်ချပ်ကကြိုဆိုလျှက်ရှိပြန်သည်။ ထို့အပြင် ကျွန်ုပ်လည်းလူပီသရန်ကြိုးစားလျှက်ရှိကြောင်း…..။