ထမင်းရည်ပူစည်း
လမ်းဆုံးရင်တော့
`လမ်းဆုံး´ပေါ့။
သိမှု့ ရှိမှု့ ကို
သိလျှက် ရှိလျှက်နှင့် ထားပေးပါ။
ဖွင့်မကြည့်ပါနှင့်။
ထီပေါက်စဉ်ရယ် သင့်အတွက်မနက်ဖြန်ရယ်…
စုဗူးထဲက တစ်ဆယ်တန်တွေရယ်…
သိလျှက်ရှိလျှက်နဲ့
တစ်နေရာရာမှာ ကြည်နူးခိုဝှက်လို့…။
အာဒမ်ရယ် ဧဝရယ်…
စကားမပြောတတ်တဲ့ ပိုးဟပ်နှစ်ကောင်ရယ်…
ရှေးရှေးတုန်းက ဗြဟ္မာကြီးတွေရယ်…
ပျော်လို့ ရွင်လို့
သိဝေး ရှိဝေး။
တကယ်တော့ ဘာမှမဟုတ်ပေမဲ့
တကယ်ရှိနေတာ တော့`သိမှု့´လေးတစ်ခုပါပဲ။
ငယ်ငယ်တုန်းကလိုပဲလေ
`ထမင်းရည်ပူစည်း´ဆိုရင်
`သိပ်´ ဂရုစိုက်တတ်တယ်…။
5 comments
kai
November 1, 2011 at 1:40 pm
Congratulation!
ဒီကဗျာကို .. ကဗျာအယ်ဒီတာက ဒီလသတင်းစာမှာ ပုံနှိပ်ဖို့ ရွေးပါတယ်တဲ့..။
အဲဒါ.. ပွိုင့်၅၀၀ဝ နဲ့ ဝယ်လိုပါကြောင်းနဲ့.. ကိုယ်တိုင်ရေးဖြစ်ကြောင်း.. တခြားဘယ်မှာမှ မသုံးထားပါကြောင်း သိလိုတဲ့အတွက်.. အကြောင်းပြန်ပေးစေလိုပါတယ်ခင်ဗျာ..။ 😆
ကြောင်ကြီး
November 2, 2011 at 9:43 am
ငါ့ကြတော့
တခါမှရွေးဘူး
ဖွဲ့မိတဲ့ကဗျာ
ရေးထားတဲ့စာ
သူတို့တွေက
ပေါက်ကရတွေလား
တေနာကဗျာ
အယ်ဒီတာရဲ့ 😡
အသည်းနှလုံး
စတေးခဲ့
အသွေးအသား
ပေးဆပ်ရ
သွေးချွေးမျက်ရည်
ရင်းနှီးမှ
ကဗျာတကြောင်း
စာတလုံးထွက်တယ်
အယ်ဒူတာရဲ့ 😥
မရွေးလည်း
ကိစ္စမရှိ
ငါ့ရင်ထဲမှာ
အကြင်နာ၊ ပညာ
ပရိတ်သတ်ရှိတယ်
ဆင်ဆာမလိုဘူး
အယ်ဒီတာမလိုဘူး
တကယ်ဆို
အချစ်ပဲလိုတယ် 😳
inz@ghi
November 2, 2011 at 9:47 am
တကယ်ဆိုရင် ..ရှစ် ပဲ လိုတယ်…
ဘာကြောင့် ကိုး တက်လာသလဲကွယ်….
…………………………………………
အကုန်လုံး လျော်တယ်….
ခစ်ခစ်..
ခင်တဲ့…
Guy Inz@ghi
hokg
November 4, 2011 at 1:12 pm
ဟုတ်ကဲ့ပါ
ကြားရတာဝမ်းသာပါတယ်ခင်ဗျာ
ကိုယ်တိုင်ရေးဖြစ်ကြောင်းအာမခံပါတယ်
ကျွန်တော်ရဲ့ googlepages နဲ့ friendster မှာတော့ တင်ထားပါတယ်ခင်ဗျာ
ကျေးဇူးတင်ပါတယ်
naywoonni
November 4, 2011 at 3:21 pm
ငယ်ငယ်တုန်းကတော့ကွယ်
ထမင်းရည်ပူစည်းဆိုတာ
“သိပ်” ဂရုစိုက်တတ်ပေမဲ့
ခုချိန်မှာတော့
တွေ့တဲ့သူနှစ်ကျပ်ပေးလို့
လာဘ်ထိုးလို့ ရှောင်ဖို့ပြင်
ငါတို့ဖြစ်အင်
ဒီစဉ်လာ ဆက်ကာထိန်းနေရင်တော့
လွတ်လမ်းငယ်မမြင်……။