လမ်းဆုံးရင်တော့ `လမ်းဆုံး´ပေါ့။ သိမှု့ ရှိမှု့ ကို သိလျှက် ရှိလျှက်နှင့် ထားပေးပါ။ ဖွင့်မကြည့်ပါနှင့်။ ထီပေါက်စဉ်ရယ် သင့်အတွက်မနက်ဖြန်ရယ်… စုဗူးထဲက တစ်ဆယ်တန်တွေရယ်… သိလျှက်ရှိလျှက်နဲ့ တစ်နေရာရာမှာ ကြည်နူးခိုဝှက်လို့…။ အာဒမ်ရယ် ဧဝရယ်… စကားမပြောတတ်တဲ့ ပိုးဟပ်နှစ်ကောင်ရယ်… ရှေးရှေးတုန်းက ဗြဟ္မာကြီးတွေရယ်… ပျော်လို့ ရွင်လို့ သိဝေး ရှိဝေး။ တကယ်တော့ ဘာမှမဟုတ်ပေမဲ့ တကယ်ရှိနေတာ တော့`သိမှု့´လေးတစ်ခုပါပဲ။ ငယ်ငယ်တုန်းကလိုပဲလေ `ထမင်းရည်ပူစည်း´ဆိုရင် `သိပ်´ ဂရုစိုက်တတ်တယ်…။