စိန်ကြက်ဆင်September 14, 20141min51920
 တော်သလင်းနေ ပုစွန်သေဆိုသည့် စကားအတိုင်း နေကား တောက်တောက် ပူနေသည်။ ရမ်းဂွဇွတ်ရွာ ရွာလည်လမ်းကား တံလျှပ်တို့ဖြင့် တညီးညီး ရွာလည်လမ်းဘေး တလျှောက် အစီအရီ ပေါက်နေသော ကြက်ဆူပင်တန်းကား နေမင်း၏ ဒဏ်ကို ကြံ့ကြံ့ခံခံရန် မစွမ်းသာချေ။ အစဉ်သဖြင့် ကူးလူးစုန်ချီ အစည်စည် ဖြစ်နေတတ်သော ရမ်းဂွဇွတ်ရွာကား ယနေ့အဖို့ လွန်စွာ တိတ်ဆိတ် ခြောက်ကပ်လို့ နေသည်။ အကြောင်းမူကား ယနေ့ရွာတွင် အသုရှိလို့ နေပေသည်။ သေခြင်းတရား ဟူသည်ကား ပုထုဇဉ် လူသားတို့အတွက် မဆန်းပင်သော်ငြား ယခုအဖြစ်အပျက်ကါး ရမ်းဂွဇွတ်ရွာအတွက်မူ အတန်ငယ် ဆန်းပြားလို့ နေပေသည်။ ပြောရမည် ဆိုပါလျှင် ယနေ့သည် တရွာလုံးအတွက် ပထမဆုံးသော အသုဘပွဲ ဖြစ်ခြင်းကြောင့် ဆန်းပြားခြင်းလော သို့မဟုတ် သေမင်း၏ ပထမဆုံး တပ်လှန့်မှု […]